Connect with us

China

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 အား အောင်မြင်စွာ လွှတ်တင်

ထိုက်ယွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ပြုပြင်ပြောင်းလဲထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တုအုပ်စု Yaogan-40 02 ကို ဒေသစံတော်ချိန် မေ ၁၂ ရက် ည ၉ နာရီ ၂၇ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပြီး လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။
Yaogan-40 02 ဂြိုဟ်တုအုပ်စုကို အဓိကအားဖြင့် လျှပ်စစ်သံလိုက်ဝန်းကျင် စူးစမ်းရှာဖွေရေးလုပ်ငန်းများနှင့် သက်ဆိုင်သော နည်းပညာစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၅၇၄ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………..
(Chinese Version)
我国成功发射遥感四十号02组卫星
新华社太原5月11日电(李国利、李宸)5月11日21时27分,我国在太原卫星发射中心使用长征六号改运载火箭,成功将遥感四十号02组卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
遥感四十号02组卫星主要用于开展电磁环境探测及相关技术试验。
这次任务是长征系列运载火箭的第574次飞行。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.