Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့ ဒိုဟာသို့ သွားရောက်မည်

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ရင်ပြင်တစ်နေရာတွင် ဖမ်းဆီးခံထားရသူ Edan Alexander အား ပြန်လွှတ်ပေးသည့် တိုက်ရိုက်ထုတ်လွှင့်မှုအား လူများက ကြည့်ရှုနေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဂျေရုဆလမ်၊ မေ ၁၃ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် စပ်လျဉ်း၍ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အဖွဲ့နှင့်အတူ ကြားခံ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့က မေ ၁၃ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ သွားရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက မေ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ထိုနေ့တွင် အစ္စရေးသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steven Witkoff ၊ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mike Huckabee တို့နှင့် တွေ့ဆုံဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းမှုများကို “စစ်မီးလျှံများအောက်၌သာ” လုပ်ဆောင်သွားမည်ဟု အလေးထားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟားမက်စ်က ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်မြို့တွင် အမေရိကန်နှင့် အစ္စရေး နိုင်ငံသားလက်မှတ်နှစ်ခု ကိုင်ဆောင်ထားသော ဖမ်းဆီးခံထားရသူ Edan Alexander ကို ပြန်လွှတ်ပေးခဲ့ကြောင်း အခြား အစ္စရေး မီဒီယာတစ်ခု၏ မေ ၁၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။

Alexander အား ပြန်လွှတ်ပေးမှုသည် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအား မြှင့်တင်ပေးဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ကျန်ရှိသော ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးနှင့် စပ်လျဉ်း၍လည်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးခန်းက ယင်းမတိုင်မီ ပြောကြားခဲ့သည်။

စစ်ပွဲ ရပ်တန့်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လဲလှယ်ရန်၊ သီးခြားရပ်တည်မှုရှိသော၊ ကျွမ်းကျင်သော ကော်မတီတစ်ခုမှ ဂါဇာကမ်းမြောင်ဒေသကို စီမံခန့်ခွဲရန်၊ လာမည့်နှစ်များစွာတွင် အဆိုပါဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံရန်၊ တစ်ချိန်တည်းမှာပင် ပြန်လည်ထူထောင်ရေးနှင့် ပိတ်ဆို့မှုကို ရပ်တန့်ရေး ပြုလုပ်ရန်အတွက် ခပ်စိတ်စိတ် ညှိနှိုင်းဆွေးနွေးမှုများကို ချက်ချင်းစတင်ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး နောက်ဆုံးသဘောတူညီမှုရရှိရန် အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဖြစ်ကြောင်း ဟားမက်စ်က မေ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သော အစ္စရေး တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က ထုတ်ပြန်သော ဓာတ်ပုံမှ တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့)

…………………
(Chinese Version)
以色列代表团将前往多哈进行停火谈判
新华社耶路撒冷5月12日电(记者陈君清 冯国芮)以色列总理办公室12日发表声明说,以代表团将于13日前往卡塔尔首都多哈,同巴勒斯坦伊斯兰抵抗运动(哈马斯)就加沙地带停火协议进行间接谈判。
声明说,以总理内塔尼亚胡当天同到访的美国中东问题特使史蒂文·威特科夫和美国驻以大使迈克·赫卡比举行会谈,强调谈判将“只会在炮火下”进行。
另据以色列媒体12日报道,哈马斯当天在加沙地带南部的汗尤尼斯释放了具有美国和以色列双重国籍的被扣押人员艾丹·亚历山大。
以总理办公室此前表示,释放亚历山大预计将促成双方停火,并就释放剩余被扣押人员展开谈判。
哈马斯11日发表声明说,已准备好立即开始密集谈判,尽最大努力达成最终协议,以停止战争、交换被扣押人员,并由一个独立、专业的委员会管理加沙地带,确保该地区在未来多年保持平静和稳定,同时进行重建和结束封锁。(完)
图说1:5月12日,在以色列特拉维夫一处广场,人们等待通过直播收看被扣押人员艾丹·亚历山大的获释过程。新华社发(托默·诺伊贝格摄/基尼图片社)
图说2:这张4月21日发布的照片显示,以军部队在加沙地带南部展开军事行动。新华社发(以色列国防军供图)