Connect with us

North America

အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး သဘောတူညီချက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုး

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ဆော်ဒီအိမ်ရှေ့မင်းသာ Mohammed bin Salman (ယာဘက်၊ ပထမ) နှင့် အမေရိကန် သမ္မတ ထရမ့် (ဝဲဘက်၊ ပထမ) လက်မှတ်ရေးထိုးနေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ဖိုးရှိသော လက်နက်ရောင်းချရေး သဘောတူညီချက်ကို မေ ၁၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမေရိကန် အိမ်ဖြူတော်က အဆိုပါနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုးသော အဆိုပါသဘောတူညီချက်မှာ “သမိုင်းတစ်လျှောက် အကြီးမားဆုံး လက်နက်ရောင်းချမှု သဘောတူညီချက်” ဖြစ်ပြီး ဤသဘောတူညီချက်မှာ ဆော်ဒီအာရေဗျက အမေရိကန်တွင် ရင်နှီးမြှုပ်နှံရန် သဘောတူထားသော ဒေါ်လာ ၆၀၀ ဘီလီယံ သဘောတူညီချက်များစွာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သဘောတူညီချက်အရ အမေရိကန်၏ ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီလုပ်ငန်း ၁၀ ခုကျော်က ဆော်ဒီအာရေဗျထံ အဆင့်မြင့်လက်နက်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ပြီး လေတပ်အဆင့်မြှင့်တင်ရေးနှင့် အာကာသစွမ်းရည်တည်ဆောက်ရေး၊ လေကြောင်းကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်၊ ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်း လုံခြုံရေးစနစ်၊ နယ်စပ်လုံခြုံရေးနှင့် ကြည်းတပ် ခေတ်မီအသွင်ပြောင်းရေးနှင့် ပြုပြင်မွမ်းမံရေး၊ အချက်အလက်နှင့် ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေး စသည့် ကဏ္ဍ ၅ ခု ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဘက်က ဆော်ဒီအာရေဗျလက်နက်ကိုင်တပ်ဖွဲ့အတွက် သင်တန်းနှင့် ထောက်ပံ့မှုများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ စစ်တက္ကသိုလ်ပညာရေးနှင့် စစ်ဘက်ဆိုင်ရာ ဆေးကုသရေးဝန်ဆောင်မှု စသည်တို့ကို အားဖြည့်ဆောင်ရွက်မှုတို့ပါဝင်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျသည် အမေရိကန် လက်နက်ဝယ်ယူမှု အများဆုံးနိုင်ငံဖြစ်သည်။ အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့သည် ဆော်ဒီအာရေဗျက F-35 တိုက်လေယာဉ်များ ဝယ်ယူခွင့်ပြု/မပြုကို ဆွေးနွေးခဲ့ကြသော်လည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဤကိစ္စအား ဖော်ပြထားခြင်းမရှိကြောင်း မီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ဆော်ဒီအိမ်ရှေ့မင်းသာ Mohammed bin Salman (ယာဘက်) နှင့် အမေရိကန် သမ္မတ ထရမ့် (ဝဲဘက်) တို့ တွေ့ဆုံဆွေးနွေးနေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
美国与沙特签署1420亿美元军售协议
新华社华盛顿5月13日电 美国白宫13日发布声明说,美国和沙特阿拉伯当天签署价值近1420亿美元的军售协议。
声明说,美国与沙特签署的这项协议为“史上最大军售协议”,该协议是沙特同意向美投资6000亿美元一揽子协议的一部分。
根据协议,十余家美国防务企业将向沙特提供先进武器和服务,涵盖五个领域:空军升级与太空能力建设、防空及导弹防御系统、海上与海岸安全体系、边境安全及陆军现代化改造、信息与通信系统升级。此外,美方还将为沙特武装部队提供培训和支持,包括加强沙特军事院校教育和军事医疗服务等。
沙特是美国军火最大买主之一。有媒体报道,美国与沙特已讨论了是否允许沙特购买F-35战机一事,但是白宫在声明中未提及此事。(完)
图说1:5月13日,在沙特阿拉伯利雅得,沙特王储穆罕默德·本·萨勒曼(右一)与美国总统特朗普(左一)签署协议。新华社发(沙特通讯社供图)
图说2:5月13日,在沙特阿拉伯利雅得,沙特王储穆罕默德·本·萨勒曼(右)会见美国总统特朗普。新华社发(沙特通讯社供图)