China
သမ္မတ ရှီကျင့်ဖိန်နှင့် ကိုလံဘီယာနိုင်ငံ သမ္မတ ပက်ထရိုတို့ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် ရောက်ရှိနေသော ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရိုနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မေ ၁၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က ကိုလံဘီယာနိုင်ငံသည် လက်တင်အမေရိက၏ အရေးကြီးနိုင်ငံဖြစ်ရာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြင့်မားသော မဟာဗျူဟာ နှင့် ရေရှည်ရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်-ကိုလံဘီယာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
သမိုင်းဝင် စမှတ်အသစ်တွင် တရုတ်နိုင်ငံက ကိုလံဘီယာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် အတူတကွ ကြိုးပမ်းသွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် နိုင်ငံရေးအရ ယုံကြည်မှု ခိုင်မြဲစေကာ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်၍ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေး မိသားစုကြီးတွင် ကိုလံဘီယာနိုင်ငံ ပါဝင်လာခြင်းကို အခွင့်အလမ်းအဖြစ်သတ်မှတ်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်ခြင်းကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာမှ အရည်အသွေးမြင့်ထုတ်ကုန်များ ပိုမိုတင်သွင်းရန်၊ တရုတ်ကုမ္ပဏီလုပ်ငန်းများအား ကိုလံဘီယာသို့သွားရောက်၍ ထွန်းသစ်စလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရေး ထောက်ခံအားပေးရန်၊ အခြေခံအဆောက်အအုံတည်ဆောက်မှုတွင် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဖက်သည် လေအားစွမ်းအင်၊ စွမ်းအင်သစ် မော်တော်ယာဉ်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးချဲ့ပြီး အစိမ်းရောင် ကာဗွန်လျော့နည်းအသွင်ကူးပြောင်းရေးကို အတူတကွဖော်ဆောင်မည်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားများ အောင်မြင်စွာ ကျင်းပကာ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအင်အား ဖြည့်တင်းပြီး လူမှုယဉ်ကျေးမှု နီးကပ်စွာ ဖလှယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီက ထောက်ပြခဲ့သည်။
တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အဓိက အစိတ်အပိုင်းဖြစ်ရာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေ၊ သမိုင်းရေစီးကြောင်းနှင့်သင့်လျော်သလို တရုတ်-လက်တင်အမေရိက၊ ကာရေဘီယံနိုင်ငံများ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ပူးပေါင်းကြိုးပမ်းသည့် အပြုသဘောဆောင်သောအချက်ပြမှုတစ်ခုကို ကမ္ဘာကြီးဆီသို့ ပေးပို့ခဲ့ကြောင်း၊ ကိုလံဘီယာနိုင်ငံသည် CELAC ၏ ယခုအကြိမ် တာဝန်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရေးပါသော ပံ့ပိုးကူညီမှုများ ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကိုလံဘီယာနိုင်ငံအပါအဝင် လက်တင်အမေရိကနိုင်ငံများနှင့်အတူ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အဆက်မပြတ် နက်ရှိုင်းမှု၊ လက်တွေ့ကျမှု ရှိအောင် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။
ပက်ထရိုက ကိုလံဘီယာနှင့် တရုတ်တို့၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး သမိုင်းမှာ ရှည်လျားရာ ကိုလံဘီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေပြီး အပြန်အလှန် ထောက်ခံအားပေးမှုကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှု၊ ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ စွမ်းအင်သစ်၊ ဉာဏ်ရည်တု (AI) စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ပြည်သူ့လူနေမှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာ အခင်းအကျင်း ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ အချို့နိုင်ငံများ၏ အကျိုးအမြတ်ကိုသာ ဦးတည်သည့် ကြိုးပမ်းမှု လုပ်ရပ်များသည် ကမ္ဘာကြီးအတွက် ကောင်းကျိုးမပြုသောကြောင့် နိုင်ငံအသီးသီးအနေဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း၊ ကိုလံဘီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကိုလံဘီယာ သမ္မတနိုင်ငံ အစိုးရတို့အကြား ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ တည်ဆောက်မှုတို့အား အတူတကွ တွန်းအားပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” လက်မှတ်ရေးထိုးမှုအား အတူသက်သေပြုခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို ဝမ်ရိလည်း တက်ရောက်ခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
习近平会见哥伦比亚总统佩特罗
新华社北京5月14日电(记者冯歆然)5月14日上午,国家主席习近平在北京人民大会堂会见来华出席中拉论坛第四届部长级会议的哥伦比亚总统佩特罗。
习近平指出,哥伦比亚是拉美重要国家,中方一向从战略高度和长远角度看待发展两国关系。今年是中哥建交45周年。站在新的历史起点上,中方愿同哥方共同努力,推动两国战略伙伴关系取得更大发展,更好造福两国人民。双方要巩固政治互信,加强战略沟通,把牢双边关系发展方向。要以哥伦比亚正式加入高质量共建“一带一路”大家庭为契机,推动两国合作提质升级。中方愿进口更多哥伦比亚优质产品,支持中国企业赴哥投资兴业,参与基础设施建设。双方可进一步拓展风能、新能源汽车、数字经济、人工智能等新兴领域合作,共同实现绿色低碳转型。要办好建交45周年庆祝活动,加强教育、文化、旅游等领域合作,密切人文交流,夯实两国友好民意基础。
习近平强调,中拉合作是南南合作的重要组成部分,顺应世界发展大势和历史潮流,符合中国和拉美国家共同利益。中拉论坛第四届部长级会议成功举行,向世界释放了共谋发展振兴的积极信号。哥伦比亚作为拉共体轮值主席国,为会议成功举办作出重要贡献。中方愿同包括哥伦比亚在内的拉美国家一道,推动中拉命运共同体建设不断走深走实,更好造福中拉人民。
佩特罗表示,哥伦比亚与中国的友好关系源远流长,哥方期待深入发展对华关系。双方要深化政治互信,加强相互支持。共建“一带一路”,拓展贸易、基础设施、新能源、人工智能等领域合作,改善人民生活。当前,国际局势复杂多变,个别国家唯利是图的做法不利于世界,各国应团结应对。哥方愿同中方密切配合,捍卫国际公平正义,维护发展中国家共同利益。
会见后,两国元首共同见证签署《中华人民共和国政府与哥伦比亚共和国政府关于共同推进丝绸之路经济带和21世纪海上丝绸之路建设的合作规划》。
王毅参加上述活动。(完)
图说:5月14日上午,国家主席习近平在北京人民大会堂会见来华出席中拉论坛第四届部长级会议的哥伦比亚总统佩特罗。 新华社记者 黄敬文 摄