Asia
မြောက်ကိုရီးယားစစ်တပ် စစ်သည်အမျိုးမျိုး၏ စစ်ရေးနည်းဗျူဟာ ဘက်စုံလေ့ကျင့်မှုအား ကင်ဂျုံအန်း ကြည့်ရှု
.jpeg)
ပြုံယမ်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မေ ၁၃ ရက်က မြောက်ကိုရီးယား ပြည်သူ့တပ်မတော် မြို့တော်ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၆၀ လေ့ကျင့်ရေးစခန်းတွင် အထူးတပ်ဖွဲ့၏ စစ်ရေးနည်းဗျူဟာ ဘက်စုံလေ့ကျင့်မှုများ၊ တင့်ကားတပ်ဖွဲ့၏ ခုခံယှဉ်ပြိုင်မှုနှင့် ပစ်ခတ်ရေး ဟန်ချက်ညီစွာ စစ်ဆင်ရေးနမူနာလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာန၏ မေ ၁၄ ရက် သတင်းများအရ သိရသည်။
မြောက်ကိုရီးယားစစ်တပ်အတွင်း သိပ္ပံနည်းကျ တိုက်ခိုက်ရေး လေ့ကျင့်မှုစနစ် တည်ဆောက်ပြီး လေ့ကျင့်ရေးဌာနများ၏ လက်တွေ့ပြောင်းလဲမှုနှင့် တပ်ဖွဲ့အဆင့်ဆင့်၏ တိုက်ရည်ခိုက်ရည် အားဖြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယနေ့ခေတ်စစ်ပွဲသည် စစ်ရေးလူရည်ချွန်များ၏ အားပြိုင်မှုဖြစ်ပြီး ကွပ်ကဲရေးမှူးများ၏ ဉာဏ်ပညာတိုက်ပွဲဖြစ်ကြောင်း၊ ကွပ်ကဲရေးမှူးများ၏ အဓိကဦးဆောင်မှု၊ ကိုယ်ပိုင်ရပ်တည်မှုနှင့် ဆန်းသစ်ဖန်တီးမှုကို မြှင့်တင်သည့်အခြေခံမူကို အခြေပြု၍ တိုက်ပွဲဝင်လေ့ကျင့်ရေးများ စီစဉ်ဆောင်ရွက်ရန် ကင်ဂျုံအန်းက အလေးထားပြောကြားခဲ့သည်။
အလွှာအသီးသီး တပ်ဖွဲ့များအနေဖြင့် ယနေ့ခေတ်စစ်ပွဲအတွက် အဆင်ပြေစွာ အသင့်ပြင်ထားရန်အတွက် စစ်တပ်လေ့ကျင့်ရေးပစ္စည်းများနှင့် လေ့ကျင့်ရေးစခန်းနေရာများကို ဘက်စုံ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရန်၊ လေ့ကျင့်ရေးတွင် သတင်းအချက်အလက်အသွင်စနစ်နှင့် သိပ္ပံနည်းကျ အကဲဖြတ်မှုစနစ်ကို အသုံးပြုရန်၊ ရာစုနှစ်သစ်တွင် တိုးတက်လာသည့်အခြေအနေအရ လေ့ကျင့်ရေးစနစ်သစ် တည်ဆောက်ရန်လည်း ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)
.jpeg)
KCNA သတင်းဌာနမှ ထုတ်ပြန်သည့် မြောက်ကိုရီးယား ပြည်သူ့တပ်မတော် အထူးတပ်ဖွဲ့၏ စစ်ရေးနည်းဗျူဟာ ဘက်စုံလေ့ကျင့်မှုများအား တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/KCNA)
———————–
(Chinese Version)
金正恩观摩朝鲜军队各兵种战术综合训练
新华社平壤5月14日电(记者冯亚松 王超)据朝中社14日报道,朝鲜劳动党总书记、国务委员长金正恩13日观摩了在朝鲜人民军首都防御军第60训练所进行的特战部队战术综合训练、坦克兵部队对抗比赛和火力协同作战示范训练。
报道说,金正恩指出,在朝鲜军队内建立科学战斗训练体系,将积极推动训练部门的实质性变化和各级部队战斗力的加强和发展。
金正恩强调,现代战争是军事人才的较量,是指挥员间的智力战,提出要本着提高指挥员的主导性、自立性和创造性的原则组织战斗训练。
金正恩还要求全面完善军队训练器材和训练场所,以便各级部队做好现代战争准备,在训练中采用信息化体系和科学评估体系,根据新世纪发展趋势建立新的训练制度。(完)
1. 这是朝中社发布的朝鲜人民军坦克兵部队进行对抗比赛画面。新华社/朝中社
2. 这是朝中社发布的朝鲜人民军特战部队进行战术综合训练画面。新华社/朝中社