Connect with us

Politics, Law & Military

ရှီကျင့်ဖိန်က တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း တာဝန်ရှိပုဂ္ဂိုလ်ထံ ပြန်စာပေးပို့

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

မကြာသေးမီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း တာဝန်ရှိပုဂ္ဂိုလ်ထံ ပြန်စာပေးပို့၍ တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်းနှင့် အဖွဲ့ဝင်ကုမ္ပဏီများက တရုတ်-ဒိန်းမတ်၊ တရုတ်-ဥရောပ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အကျိုးသစ်များ ဆောင်ကြဉ်းပေးရန် တိုက်တွန်းအားပေးခဲ့သည်။အဆိုပါပြန်စာတွင် ရှီကျင့်ဖိန်က ပေးပို့လာသောစာတွင် အဆွေတော်က တရုတ်နိုင်ငံအပေါ် နက်ရှိုင်းသော သံယောဇဉ်နှင့် တရုတ်နိုင်ငံရှိ ဒိန်းမတ်ကုမ္ပဏီများက တရုတ်နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ကို ခံစားရကြောင်း၊ ယင်းအပေါ် မိမိအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ယခင်၊ ယခုနှင့် အနာဂတ်တွင် နိုင်ငံခြားကုမ္ပဏီများအတွက် ကောင်းမွန်သော၊ ဘေးကင်းလုံခြုံသော၊ စွမ်းဆောင်နိုင်သော ရင်းနှီးမြှုပ်နှံရာနေရာ ဖြစ်မည်မှာ သေချာကြောင်း၊ တရုတ်နိုင်ငံကို ယုံကြည်ခြင်းသည် အနာဂတ်ကို ယုံကြည်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြန်စာတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်းနှင့် အဖွဲ့ဝင်ကုမ္ပဏီများက တရုတ်-ဒိန်းမတ်၊ တရုတ်-ဥရောပအကြား ပေါင်းကူးတံတား အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ်-ဒိန်းမတ်၊ တရုတ်-ဥရောပ အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အကျိုးဆောင်အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း တာဝန်ရှိပုဂ္ဂိုလ်သည် တစ်သီးပုဂ္ဂလအမည်နှင့် ကုန်သည်ကြီးများအသင်းအနေဖြင့် သမ္မတ ရှီကျင့်ဖိန်ထံ စာလွှာပေးပို့ပြီး တရုတ်-ဒိန်းမတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်ကို ဂုဏ်ပြုကာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်နက်ရှိုင်းစွာ လုပ်ဆောင်သွားလိုသည့် ဆန္ဒကို ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
习近平复信中国丹麦商会负责人
新华社北京5月15日电 近日,国家主席习近平复信中国丹麦商会负责人,勉励中国丹麦商会及会员企业为增进中丹、中欧友好和深化互利合作作出新贡献。
习近平指出,从来信中,感受到你对中国的深厚感情和丹麦在华企业对中国未来发展的信心,我对此表示赞赏。中国过去是、现在是、将来也必然是外商理想、安全、有为的投资目的地,相信中国就是相信明天,投资中国就是投资未来。希望中国丹麦商会及会员企业继续在中丹、中欧之间发挥桥梁作用,为增进中丹、中欧相互了解和友好,深化双方互利合作贡献力量。
日前,中国丹麦商会负责人以个人和商会名义致信习近平主席,祝贺中丹建交75周年,表达继续深化对华合作的愿望。(完)