China
တရုတ်-ဥရောပ ရထား ပေကျင်းမြို့မှ မင့်စ်ခ်မြို့သို့ တရားဝင် စတင်ပြေးဆွဲ

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
မော်တော်ကားအပိုပစ္စည်းများ တင်ဆောင်လာသော တရုတ်-ဥရောပ ကုန်တင်ရထားသည် တရုတ်နိုင်ငံ ပေကျင်းမီးရထားဗျူရို၏ ပေကျင်း မီးရထားလမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစင်တာ လျိုလီဟဲ ဘူတာကြီးမှ ဘီလာရုစ်နိုင်ငံ မြို့တော် မင့်ခ်စ်သို့ မေ ၁၅ ရက်က စတင်ထွက်ခွာခဲ့သည်။ ယင်းမှာ ပေကျင်းမြို့မှ မင့်စ်ခ်မြို့ တရုတ်-ဥရောပ ရထား တရားဝင် ပထမအကြိမ် စတင်ပြေးဆွဲခြင်း အမှတ်သင်္ကေတဖြစ်ရာ ပေကျင်းမြို့နှင့် အနီးအနားဒေသများနှင့် ဥရောပအကြား ကုန်သွယ်ရေး ကူးလူးမှုအတွက် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း အသစ်တစ်ကြောင်း ထပ်မံ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ယခုအကြိမ် တရုတ်-ဥရောပ ရထားသည် ပေ ၄၀ ရှိသော ကွန်တိန်နာပေါင်း ၅၅ လုံးကို တင်ဆောင်ထားပြီး ပေကျင်း- ထျန်းကျင်း- ဟဲပေ ဒေသများမှ ကုန်စည် ၂၉၃ တန်ခန့် ပါဝင်ကြောင်း၊ ပေကျင်းမြို့မှ ထွက်ခွာကာ Erenhot နယ်စပ်ဂိတ်ကို ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ ၁၅ ရက်ခန့်အကြာတွင် ဘီလာရုစ်နိုင်ငံ မြို့တော် မင့်ခ်စ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း မိတ်ဆက်ပြောကြားမှုအရ သိရသည်။
ကုန်တင်ရထား၏ သယ်ယူပို့ဆောင်ရေး လုံခြုံ၍ ထိရောက်မှုမြင့်မားစေရန် မီးရထားဌာနများက ဦးစားပေး အစီအစဉ်ဆွဲခြင်း၊ ဦးစားပေး နေရာခွဲဝေခြင်း၊ ဦးစားပေး ပစ္စည်းတင်ခြင်း၊ ဦးစားပေး ပို့ဆောင်ခြင်း၊ ဦးစားပေး ထုတ်ပေးခြင်း ဟူသော “ဦးစားပေးမှု ၅ ရပ်” မူဝါဒကို လက်တွေ့ဖော်ဆောင်ခဲ့ပြီး ရထားအတွက် “အစိမ်းရောင်လမ်းကြောင်း” ဖွင့်လှစ်ပေးခဲ့သည်။
ကုန်တင်ရထား၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ဝန်ဆောင်မှုအစီအစဉ်ကို ရေးဆွဲရန်၊ ကုမ္ပဏီလုပ်ငန်းများအတွက် တစ်ဦးချင်းသီးသန့်ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် ပေကျင်းမီးရထားလမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစင်တာက စျေးကွက်မြှင့်တင်ရေး၊ အစီအစဉ်ချရေး၊ လုံခြုံရေးစသည့် ဌာနများရှိ အဓိကကျသော ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ဝန်ဆောင်မှု အထူးအဖွဲ့ကို ထူထောင်ခဲ့သည်။
မော်တော်ယာဉ်အပိုပစ္စည်းများ၏ ထုထည်ကြီးမားမှုကို ဦးတည်၍ ကုန်စည်တင်ဆောင်ရာတွင် ပိုမိုခိုင်ခံ့ရေးအစီအစဉ်များ ရေးဆွဲကာ ကုမ္ပဏီလုပ်ငန်းများအား ကုန်ပစ္စည်းများကို ညီမျှသောအရွယ်အစားဖြင့် တင်ဆောင်ရန် လမ်းညွှန်ပေးသလို ကုန်တင်ရထားလည်ပတ်မှု အချက်အလက်ကို လုပ်ငန်းစဉ်တစ်ခုလုံး၌ စောင့်ကြည့်ပေးရာ ဖောက်သည်များထံသို့ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များတုံ့ပြန်ချက်ပေးကာ သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်သည်။
ရထား စတင်ပြေးဆွဲခြင်းသည် ပေကျင်းနှင့် ယူရေးရှားနိုင်ငံအသီးသီး ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချိတ်ဆက်မှုကို တစ်ဆင့်တိုး တိုးချဲ့လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် တရုတ်ထုတ်ကုန်များ သက်ရောက်မှုကို မြှင့်တင်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်သောနိုင်ငံများ၏ ကုန်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)
……………………………………………
(Chinese Version)
北京至明斯克中欧班列正式首发
新华社北京5月15日电(记者王修楠)5月15日,一辆装载有汽车配件的中欧班列从国铁北京局北京铁路物流中心琉璃河营业网点发车,目的地是白俄罗斯首都明斯克。这标志着北京至明斯克中欧班列正式首发,为北京及周边地区与欧洲之间的贸易往来又开辟了一条新的物流通道。
据介绍,此趟中欧班列共搭载55个40英尺集装箱,装载约293吨来自京津冀地区的货物,从北京出发,经二连浩特口岸出境,预计运行15天左右到达白俄罗斯首都明斯克。
为保证班列运输安全高效,铁路部门实行优先计划、优先配空、优先装车、优先挂运、优先放行的“五优先”政策,为班列开行开辟了“绿色通道”。北京铁路物流中心成立由营销、调度、安全等部门骨干人员组成的服务专班,针对班列运输全流程制定服务方案,为企业提供一对一专属服务。针对特制汽车配件体积大的特点,制定装载加固方案,指导企业装载货件均匀码放,对班列运行信息进行全程追踪,及时向客户反馈信息,协调解决相关运输需求。
班列开行进一步拓宽了北京联通亚欧各国的国际物流大通道,提升了中国产品在国际市场的影响力。同时,也将为共建“一带一路”国家的贸易畅通、经济繁荣作出积极贡献。(完)
图说:首趟北京至明斯克的中欧班列装载着汽车配件于今日发车。(中国铁路北京局供图)