Africa & Middle East
ဂါဇာဒေသ နေရာအများအပြားတွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၂ ဦး ထက်မနည်းသေဆုံး

ဂါဇာ၊ မေ ၁၆ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် မေ ၁၅ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် လူ ၈၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ထိုနေ့တွင်သတင်းဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်၏ ထိုနေ့လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်များသည် အဓိကအားဖြင့် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်ဒေသတွင် စုစည်းလျက်ရှိပြီး တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်စေကာ အခြေခံအဆောက်အဦနှင့် ပြည်သူပိုင်ဆိုင်မှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုဖြစ်စေကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အစ္စရေးစစ်တပ်က တုံ့ပြန်ဖြေကြားမှုမရှိသေးပေ။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆွေးနွေးညှိနှိုင်းမှု မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကြားဝင်စေ့စပ်သူဘက်က တွန်းအားပေးနေချိန်တွင် အစ္စရေးက အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ပြီး စစ်မီးလျှံများအောက်တွင် ၎င်း၏တောင်းဆိုချက်အား အတင်းအဓမ္မ ထည့်သွင်းရန် လုပ်ဆောင်နေကြောင်း၊ ၎င်းက အပစ်အခတ်ရပ်စဲရေးကို အချိန်ပိုရယူရန်နှင့် စစ်ပွဲပြန်လည်ဖော်ဆောင်ရန် အတွက်သာ အသုံးပြုနေခြင်းဖြစ်သည်ကို ထိုလုပ်ရပ်က ဖော်ပြနေကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က မေ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၄ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်အရ မတ် ၁၈ ရက်မှစ၍ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားသို့ တိုက်ခိုက်မှုကြောင့် လူ ၂,၇၉၉ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ ၇,၈၀၅ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်းတွင် ပါလက်စတိုင်းသားများက အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် အဆောက်အဦအပျက်အစီးအား ကြည့်ရှုနေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်းတွင် ပါလက်စတိုင်းသားများက အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
以军轰炸加沙多地造成至少82人死亡
新华社加沙5月15日电(记者黄泽民)据巴勒斯坦通讯社15日报道,以色列军队当天轰炸加沙地带多地,造成包括儿童和妇女在内的至少82人死亡。
报道说,以军当天的空袭目标主要集中在加沙地带南部汗尤尼斯地区,袭击导致大量人员伤亡,对基础设施和民众财产造成广泛破坏。
以军暂未对上述袭击发表回应。
巴勒斯坦伊斯兰抵抗运动(哈马斯)15日发表声明说,在斡旋方推动加沙地带停火协议谈判重回正轨之际,以色列进行大规模轰炸,企图在炮火下强加其条件。这种做法表明以方只是把停火视为争取时间和恢复战争的手段。
根据巴勒斯坦加沙地带卫生部门14日发布的数据,3月18日以来,以方对加沙地带多地的袭击已造成至少2799人死亡、7805人受伤。(完)
图说1、2:5月15日,在加沙地带北部杰巴利耶难民营,巴勒斯坦人查看以军轰炸后的建筑废墟。新华社发(阿卜杜勒·拉赫曼·萨拉马摄)
图说3:5月15日,在加沙地带北部杰巴利耶难民营,人们在以军轰炸后开展救援。新华社发(阿卜杜勒·拉赫曼·萨拉马摄)