China
ရှီကျင့်ဖိန်က “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲမှုလုပ်ငန်းအတွက် အရေးကြီး လမ်းညွှန်မှုပေး

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာသေးမီက “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲမှုလုပ်ငန်းအတွက် အရေးကြီးလမ်းညွှန်မှုပေးခဲ့သည်။ ၎င်းက ၅ နှစ်စီမံကိန်းကို သိပ္ပံနည်းကျသတ်မှတ်၍ ဆက်လက် အကောင်အထည်ဖော်ခြင်းသည် မိမိတို့ပါတီ၏ နိုင်ငံရေးရာစီမံခန့်ခွဲမှုတွင် အရေးကြီးသော အတွေ့အကြုံ တစ်ခုဖြစ်သလို တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ၏ အရေးပါသည့် နိုင်ငံရေး အားသာချက် တစ်ခုလည်းဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
“၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ခြင်းသည် ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၏ မဟာဗျူဟာမြောက် ဖြန့်ကြက်နေရာချထားမှုအား ဘက်စုံ အကောင်အထည်ဖော်ခြင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုအား တွန်းအားပေးခြင်းအတွက် ကြီးမားသော အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သိပ္ပံနည်းကျဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီဖြင့် ဆုံးဖြတ်ခြင်း၊ တရားဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်းအား လက်ကိုင်ထားကာ ထိပ်တန်းအလွှာ ဒီဇိုင်းရေးဆွဲမှုနှင့် ပြည်သူများ သဘောထားမှတ်ချက်တောင်းခံမှုအား တစ်ပြေးညီပေါင်းစပ်၍ သုတေသနအထောက်အထားပြုမှုကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ သဘောတူညီချက်များကို ကျယ်ကျယ်ပြန့်ပြန်စုစည်းရမည် ဖြစ်ကြောင်း၊ နည်းလမ်းမျိုးစုံဖြင့် ပြည်သူလူထုနှင့် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ သဘောထား အကြံပြုချက်များကို နားဆင်ကာ အမာခံကေဒါနှင့် ပြည်သူလူထုက လက်တွေ့ဖော်ဆောင်ရာတွင် ဖန်တီးထားသော အတွေ့အကြုံအသစ်များအား အပြည့်အဝ ပေါင်းစပ်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်နှင့် မူဝါဒအစီအမံအား စနစ်တကျ အခြေအနေတစ်ရပ်လုံး ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မှုကို အလေးထား၍ စီမံကိန်းရေးဆွဲမှုလုပ်ငန်းအား အရည်အသွေးမြင့်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကို စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပါတီဗဟိုကော်မတီက “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” အကြံပြုချက်များအား မူကြမ်းရေးဆွဲရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ရှီကျင့်ဖိန်၏ အရေးကြီးလမ်းညွှန်ချက်စိတ်ဓာတ်နှင့် စီမံကိန်းအကြံပြုချက်များ မူကြမ်းရေးဆွဲရေးလုပ်ငန်း အစီအစဉ်အရ သက်ဆိုင်ရာဌာနများက မကြာမီ နည်းလမ်းမျိုးစုံဖြင့် အမာခံကေဒါ ပြည်သူလူထု၊ ပညာရှင်များထံမှ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲမှုအတွက် မှတ်ချက်နှင့် အကြံပြုချက်များ တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
习近平对“十五五”规划编制工作作出重要指示强调 坚持科学决策民主决策依法决策 高质量完成“十五五”规划编制工作
新华社北京5月19日电 中共中央总书记、国家主席、中央军委主席习近平近日对“十五五”规划编制工作作出重要指示强调,科学制定和接续实施五年规划,是我们党治国理政一条重要经验,也是中国特色社会主义一个重要政治优势。编制和实施“十五五”规划,对于全面落实党的二十大战略部署、推进中国式现代化意义重大。要坚持科学决策、民主决策、依法决策,把顶层设计和问计于民统一起来,加强调研论证,广泛凝聚共识,以多种方式听取人民群众和社会各界的意见建议,充分吸收干部群众在实践中创造的新鲜经验,注重目标任务和政策举措的系统性整体性协同性,高质量完成规划编制工作。
我国将于2026年开始实施“十五五”规划,目前党中央正在组织起草“十五五”规划建议。根据习近平重要指示精神和规划建议起草工作安排,有关方面近期将通过多种形式征求干部群众、专家学者等对编制“十五五”规划的意见建议。(完)