Connect with us

China

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်|ဝူရီဆန်းတောင်တွင် ဒဏ္ဍာရီတစ်ခု ဖန်တီးခဲ့သော အရွက်လေးများ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်းမြို့ ရှင်းချွမ်မြို့နယ် ထုန်မုကျေးရွာအနီး ရှုခင်းအလှမြင်းကွင်းကို မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ မေ ၂၁ ရက် (ဆင်ဟွာ)
နွေဦးအစတွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်းတောင်သည် တိမ်နှင့် မြူများ ဝန်းရံလျက်ရှိပြီး စမ်းချောင်းရေများ တသွင်သွင် စီးဆင်းလျက်ရှိသည်။ အနီရောင် တောင်တန်းများနှင့် စိမ်းပြာရောင် ရေများကြားရှိ စိမ်းလန်းစိုပြည်သော လက်ဖက်ခြံများတွင် လက်ဖက်တောင်သူများသည် ဝါးခြင်းတောင်းများလွယ်ကာ လတ်ဆတ်သော လက်ဖက်အညွန့်လေးများကို ညင်သာစွာခူးဆွတ်နေကြသည်။ တောင်ပေါ် လမ်းတွင် လက်ဖက်ထမ်းသမားများ သွားလာလှုပ်ရှားနေကြပြီး လတ်ဆတ်သော လက်ဖက်ရွက်များကို အချိန်မီ စက်ရုံသို့ ပို့ဆောင်နေကြသည်။

တောတောင်ရေမြေကောင်းက လက်ဖက်ကောင်းထွက်ပေသည်။ ဝူရီဆန်းတောင်သည် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် ၂ မျိုးလုံးရှိရာ အမွေအနှစ်နေရာပြီး တရုတ်နိုင်ငံ၏ အမျိုးသားဥယျာဉ် စနစ်လက်တွေ့ဖော်ဆောင်ရာနေရာဖြစ်သလို ကမ္ဘာ့ လက်ဖက်အချိုခြောက်၊ ဝူးလုံ လက်ဖက်ခြောက်၏ ဇာစ်မြစ်နေရာလည်းဖြစ်သည်။ နှစ်ပေါင်း ရာထောင်ချီကတည်းက ဤနေရာတွင် လက်ဖက်ရွက်တစ်ရွက်သည် “ကျောက်ဆောင်များနှင့် ပန်း အမွှေးရနံ့” ၏ သဘာဝ သန့်စင်မှုကို ခံယူပြီး လက်ဖက်ခြောက်ပညာရှင်များ၏ ရိုးရာနှင့်တစ်မူထူးခြားသော လက်မှုပညာဖြင့် ဖန်ခွက်ထဲတွင် ပယင်းရောင်သင်းရနံ့ရှိသော အရည်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ရာ ယင်းသည် မိုင်ပေါင်းများစွာအထိ မွှေးရနံ့သင်းပျံ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၏ ဒေသအထူးစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။

ဝူရီဆန်းတောင်၏ လက်ဖက်ခြောက် ပြုလုပ်နည်းမှာ ရှည်လျားသော သမိုင်းကြောင်း ရှိပေသည်။ ယခုခေတ်စက်ယန္တရားများက လက်မှု လုပ်ငန်းစဉ်တချို့ကို ဖြည်းဖြည်းချင်း အစားထိုးလာခဲ့သော်ငြားလည်း ဝူရီဆန်းတောင်၏ ရိုးရာလက်မှု လက်ဖက်ခြောက် ပြုလုပ်နည်းမှာ ယခုထိတိုင် ယင်းဒေသတွင် ဆက်လက် အမွေဆက်ခံလျက်ရှိသည်။ လက်ဖက်ရွက်များ ညှိုးနွမ်းအောင် လုပ်ဆောင်ရာတွင် နေရောင်ခြည်နှင့် အချိန်ကို တိကျစွာ လုပ်ဆောင်မှုမှသည် လက်ဖက်ရွက်များကို ခါစဉ် လက်ဖက်နှင့် လက်ဖက်ဆန်ကာ၏ထိတွေ့မှု၊ ထိုမှတစ်ဆင့် လက်ဖက်လှော်ရာတွင် မီးလျှံနှင့် လက်ဖက်ရွက်များ အပူဓာတ်ပြင်းပြင်းထိတွေ့မှုအထိ… လှန်လှောနယ်လှိမ့်သည့်အဆင့်တိုင်းတွင် ဝူရီဆန်းတောင်သားများ၏ လက်ဖက်အပေါ် နက်ရှိုင်းသောနားလည်မှုနှင့် အတိုင်းမဲ့ ပညာဉာဏ်များ ပေါင်းစပ်ပါဝင်နေသည်။ သို့ဖြစ်ရာ ဝူရီဆန်းတောင်၏ လက်ဖက်များသည် အချိန်နှင့် အတတ်ပညာ ပုံသွင်းမှုအောက်တွင် အချိန်ကြာမြင့်လေ ပိုမိုထူးကဲသော အရသာနှင့် မွှေးရနံ့များကို သင်းပျံ့စေလေပင်ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ဝူရီကျောက်ဆောင် လက်ဖက်ခြောက် (တာ့ဟုန်ဖောင်) ပြုလုပ်နည်းသည် ပထမအသုတ် နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် နာမည်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် “တရုတ်နိုင်ငံ ရိုးရာ လက်ဖက်ပြုလုပ်နည်းအနုပညာနှင့်အတူ ယင်းနှင့် ဆက်စပ်သော ဓလေ့ထုံးတမ်း” ၏ အရေးကြီးသော အစိတ်အပိုင်းများအဖြစ် ယူနက်စကို လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြု နာမည်စာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။

မကြာသေးမီနှစ်များတွင် ဝူရီဆန်းတောင်သည် အမျိုးသားဥယျာဉ်၏ ဂေဟပတ်ဝန်းကျင်နှင့် ထာဝရဂေဟစနစ် ကာကွယ်မှုကို အားထား၍ ဂေဟစနစ် လက်ဖက်စိုက်ခင်းများ အသွင်ကူးပြောင်းမှုကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ထိပ်တန်းကုမ္ပဏီလုပ်ငန်းအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ လက်ဖက် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းအစီအစဉ်များကို တည်ဆောက်လျက်ရှိသည်။ လက်ဖက်ယဉ်ကျေးမှု၊ လက်ဖက်ထုတ်လုပ်မှုလုပ်ငန်း၊ လက်ဖက်သိပ္ပံနည်းပညာ “လက်ဖက်ကဏ္ဍ ၃ မျိုး” ကို ပေါင်းစည်းဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီညီ တွန်းအားပေးဆောင်ရွက်ခဲ့ရာ ဤရိုးရာထုတ်လုပ်မှုလုပ်ငန်းအား ခေတ်သစ်တွင် ရှင်သန်စွမ်းအားသစ်များ စဉ်ဆက်မပြတ်တောက်ပစေခဲ့သည်။

ဝူရီဆန်း တောတောင်ရေမြေမှ လက်ဖက်ရည်တစ်အိုးသည် သဘာဝနှင့် လူသားများ၏ ပေါင်းစည်းမှု ဖြစ်ပြီး “အချိန်အခါ၊ နေရာ ၊ လူ့စိတ်မနော ပနံသင့်သည်” ဟူသော တရုတ်တို့၏ ဉာဏ်ပညာဖြစ်သလို ဝူရီဆန်းတောင်သားများ၏ သာယာလှပသော လူနေမှုဘဝအပေါ် မျှော်မှန်းခြင်းနှင့် အမွေဆက်ခံခြင်းလည်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်းတောင် ယွင်ဖုန်းရှုခင်းသာနေရာရှိ တောတောင်ရေမြေ လက်ဖက်စိုက်ခင်း မြင်ကွင်းကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်းရှိ မာထုန်ကျောက်ဆောင် လက်ဖက်ထုတ်လုပ်ရေးဇုန်တွင် လက်ဖက်ခူးဆွတ်ရန် လက်ဖက်စိုက်ခင်းသို့ သွားနေသော လက်ဖက်ခူးသမားများအား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
镜观·非遗|在武夷山,这片叶子创造了传奇
新华社照片,福州,2025年5月20日
初夏的武夷山,云雾缭绕,溪水潺潺。丹霞碧水间一块块葱郁的茶园内,茶农们背着竹篓,指尖轻轻掐下鲜嫩的叶芽。山道上,挑茶的工人穿梭往来,将新鲜茶叶及时送往加工坊。
好山好水出好茶。武夷山是世界文化与自然双遗产地,中国首批国家公园体制实践地,也是世界红茶与乌龙茶的发源地。千百年来,一片叶子在这里历经“岩骨花香”自然的淬炼,经过制茶技师传统而独特的制作工艺,化作杯中琥珀色的清香,成为香飘万里的乡村振兴特色产业。
武夷山茶的制作工艺历史悠久。尽管现代机械逐步替代手工制作的部分工序,但武夷山传统手工制茶技艺仍在当地延续传承。从萎凋时对阳光与时间的精准把握,到摇青时茶叶与茶筛间的跳跃接触,再经过杀青时火焰与茶叶的热烈碰撞,翻动揉捻间处处蕴藏着武夷山人对茶的深刻理解和无尽智慧,让武夷山的茶在时间和技艺的雕琢下,散发出日久弥新的醇厚与悠香。
2006年,武夷岩茶(大红袍)制作技艺被列入第一批国家级非物质文化遗产名录,2022年更是作为“中国传统制茶技艺及其相关习俗”重要组成部分入选联合国教科文组织人类非物质文化遗产代表作名录。近年来,武夷山依托国家公园优越的生态环境和持之以恒的生态保护,加大生态茶园改造力度,发挥龙头企业带动作用,打造茶文化旅游项目,协同推进茶文化、茶产业、茶科技“三茶”融合发展,让这一传统产业在新时代不断焕发出新活力。
武夷山水一壶茶是自然与人的交融,是“天时地利人和”的中国智慧,更是武夷山人对美好生活的向往与传承。
图说1:这是武夷山市星村镇桐木村附近的景色(5月9日摄,无人机全景照片)。新华社记者 姜克红 摄
图说2:这是武夷山齐云峰景区一处山水茶园景观(5月8日摄,无人机照片)。新华社记者 姜克红 摄
图说3:5月6日,在武夷山马头岩茶产区,采茶工人前往茶园采茶青。新华社记者 姜克红 摄