Connect with us

China

ကျင်းကျူတောင်ထိပ်သို့ တက်ရောက်ကာ အရုဏ်ဦးနှင့် တိမ်ပင်လယ် အလှအား ရှုစားခြင်း

တရုတ်နိုင်ငံ ရီးချွမ်းမြို့ ကျင်းကျူတောင်ထိပ် ရှုခင်းသာနေရာတွင် မြင်တွေ့ရသော သစ်တောတိမ်ပင်လယ်မြင်ကွင်းအား မေ ၂၁ ရက် နေထွက်ချိန်က တွေ့ရစဉ် (ဆင်ဟွာ)

ရီးချွမ်း (ဟေးလုံကျန်း)၊ မေ ၂၁ ရက် (ဆင်ဟွာ)
နွေရာသီ အစောပိုင်းကာလတွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရီးချွမ်းရှိ ကျင်းကျူတောင်ထိပ် ရှုခင်းသာနေရာသည် ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များအား လာရောက်ရန် ဆွဲဆောင်ခဲ့သည်။ တချို့သော ခရီးသွားဧည့်သည်များသည် နေထွက်ချိန်မတိုင်မီ တောင်ထိပ်သို့ ရောက်အောင်တက်ကြပြီး အရုဏ်ဦးနှင့် တိမ်ပင်လယ်အား အလှမြင်ကွင်းများကို ရှုစားကြသည်။

ကျင်းကျူတောင်ထိပ်ရှုခင်းသာနေရာသည် ရှောင်ရှင်းအန်းလျင်တောင်ဘက်စွန်းတွင် တည်ရှိသော ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့ ကျင်းလျင်ဒေသတွင် တည်ရှိသည်။ ထန်းဝမ့်မြစ်သည် တောင်ကိုဝန်းရံ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ရှုခင်းသာနေရာအနီးတစ်ဝိုက်တွင် မြူများ၊ တိမ်များသည် တောင်တန်းများကြား မကြာခဏ ဖုံးလွှမ်းနေတတ်သည်။ ရီးချွမ်းမြို့၏ အရုဏ်ဦးနေထွက်ချိန်နှင့် တိမ်ပင်လယ် အလှတရားကို ရှုစားရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ထိုဒေသ၏ “အွန်လိုင်းတွင် လူကြိုက်များသော ရှုခင်းသာနေရာ” တစ်ခုလည်းဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရီးချွမ်းမြို့ ကျင်းကျူတောင်ထိပ် ရှုခင်းသာနေရာ တောင်ထိပ်ရှိ အရုဏ်ဦးနေထွက်ခြင်းနှင့် တိမ်ပင်လယ်အား ခရီးသွားဧည့်သည်များ ကြည့်ရှုနေသည်ကို မေ ၂၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

 

……………………..
(Chinese Version)
攀登金祖峰 赏日出云海
新华社照片,伊春(黑龙江),2025年5月21日
初夏时节,黑龙江伊春金祖峰景区吸引了各地的游客。一些游客赶在日出之前登顶,欣赏日出云海美景。
金祖峰景区位于小兴安岭南麓的黑龙江省伊春市金林区,汤旺河绕山而过,景区附近常有云雾弥漫在山间,是伊春观赏日出云海的绝佳之地,也成为当地的“网红景点”。
图说1、2:这是5月21日日出时分在伊春市金祖峰景区拍摄的森林云海景观。 新华社记者 谢剑飞 摄
图说3:5月21日清晨,游客在伊春市金祖峰景区山顶观赏日出云海景观(无人机照片)。新华社记者 谢剑飞 摄