Connect with us

Asia

ပါကစ္စတန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးကြောင်း ပါကစ္စတန် သမ္မတ ထပ်လောင်းပြောကြား

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲ၌ ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးကာ တရုတ်နိုင်ငံနှင့်အတူ အခိုင်အမာ ဆက်လက်ရပ်တည်သွားပြီး တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်ပေးမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီ (Asif Ali Zardari) က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၄ ပြည့်မြောက်ခြင်းနှင့် စပ်လျဉ်း၍ သမ္မတ ဇာဒါရီက နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအား လှိုက်လှဲသော ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ ခေါင်းဆောင်နှင့် ပြည်သူများထံ အကောင်းမွန်ဆုံး ဆုတောင်းစကားများ ပြောကြားခဲ့ကြောင်း ပါကစ္စတန် သမ္မတ အတွင်းရေးမှူးရုံး၏ အဆိုပါနေ့ထုတ်ပြန်သော သတင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

သမ္မတ ဇာဒါရီက ပါကစ္စတန်- တရုတ် ဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်လှပြီး စမ်းသပ်မှုများကို ခံနိုင်ရည်ရှိကြောင်း၊ လွန်ခဲ့သော ၇၄ နှစ်တစ်လျှောက်တွင် ပါကစ္စတန်-တရုတ် “သံမဏိပမာ ခိုင်မြဲသော” ချစ်ကြည်ရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ကာ အားကောင်းကျယ်ပြန့်လာပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် အချိန်အခါမရွေး မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ဖြစ်လာခဲ့ကြောင်း၊ ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားသလို တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပါကစ္စတန်နိုင်ငံ သံတမန်ရေးရာ မူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် အစဉ်ထားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်-တရုတ် ဆက်ဆံရေးသည် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် စေတနာထားမှုကို အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်ရာ နှစ်နိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ ဘုံသာယာဝပြောမှုနှင့် အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ရန် အစဉ်အမြဲ အားထားဆောင်ရွက်လျက်ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးကာ တရုတ်နိုင်ငံနှင့်အတူ အခိုင်အမာ ဆက်လက်ရပ်တည်သွားပြီး တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်ဘက်က ပါကစ္စတန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါကစ္စတန် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ အရေးပါသောအခန်းမှ ပါဝင်ဆောင်ရွက်မှုကို အထူး တန်ဖိုးထား ချီးကျူးကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး၏ အရေးကြီးသော ရှေးပြေးစမ်းသပ် စီမံကိန်းအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်လာခဲ့ပြီး ပါကစ္စတန်နိုင်ငံ စီးပွားရေး၊ အခြေခံအဆောက်အအုံနှင့် စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော သက်ရောက်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စီးပွားရေး၊ နည်းပညာ၊ ကာကွယ်ရေး၊ ပညာရေးနှင့် ကုန်သွယ်ရေးစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်း ကျယ်ပြန့် တိုးတက်လာစေရန် ပါကစ္စတန်က သန္နိဋ္ဌာန်ချထားကြောင်း သမ္မတ ဇာဒါရီက ပြောကြားခဲ့သည်။

၁၉၅၁ ခုနှစ် မေ ၂၁ ရက်တွင် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ တရားဝင် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်ကို အစောဆုံး အသိအမှတ်ပြုသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်နှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် ပထမဆုံးသော အစ္စလာမ်နိုင်ငံလည်း ဖြစ်သည်။ (Xinhua)
………………………………………….
(Chinese Version)
巴基斯坦总统重申巴坚定奉行一中原则
新华社伊斯兰堡5月21日电(记者蒋超)巴基斯坦总统扎尔达里21日说,巴基斯坦坚定奉行一个中国原则,继续坚定同中国站在一起,维护中国的国家核心利益。
巴基斯坦总统秘书处当天发布新闻公报说,扎尔达里就巴中建交74周年向两国政府和人民致以诚挚祝贺,并向中国领导人和人民表达最良好祝愿。扎尔达里表示,巴中关系源远流长,久经考验。过去74年来,巴中“铁杆”友谊不断发展壮大,两国发展成为全天候战略合作伙伴关系。巴方高度重视发展对华关系,并始终将对华关系作为巴外交政策的基石。巴中关系建立在相互信任、尊重和善意的基础上,两国始终致力于促进地区和平稳定、共同繁荣和互联互通。巴方坚定奉行一个中国原则,继续坚定同中国站在一起,维护中国的国家核心利益。
扎尔达里表示,巴方高度评价中方在巴经济社会发展和加强巴国防工业领域发挥的重要作用,感谢中国政府和人民持续给予支持。作为共建“一带一路”的重要先行先试项目,中巴经济走廊已成为双边合作的典范,为巴经济、基础设施和能源领域发展带来积极影响。巴方决心进一步深化拓展同中方在经济、技术、国防、教育和贸易等各领域的合作。
1951年5月21日,中巴两国正式建立外交关系。巴基斯坦是最早承认新中国的国家之一,也是首个同新中国建立外交关系的伊斯兰国家。(完)
图说:2024年9月19日,巴基斯坦总统阿西夫·阿里·扎尔达里在巴首都伊斯兰堡举办的庆祝中华人民共和国成立75周年国庆招待会上致辞。新华社发