North America
အမေရိကန်က ကာတာလှူဒါန်းသည့် ခရီးသည်တင်လေယာဉ်အား လက်ခံမှုကြောင့် အမေရိကန် နိုင်ငံရေးလောက၏ ဝေဖန်မှုခံရ

ဆန်ဖရန်စစ္စကို၊ မေ ၂၂ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရသည် ကာတာနိုင်ငံ အစိုးရက လှူဒါန်းပေးအပ်သည့် ဘိုးရင်း (Boeing) 747 ခရီးသည်တင် လေယာဉ်တစ်စင်းအား တရားဝင်လက်ခံခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန် နိုင်ငံရေးလောက၏ ဝေဖန်ခြင်း ခံခဲ့ရသည်။
အဆိုပါလေယာဉ်လက်ခံခြင်းသည် “ဖက်ဒရယ် စည်းမျဉ်းစည်းကမ်း စနစ်အားလုံးနဲ့ ကိုက်ညီ” ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sean Parnell က ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလေယာဉ် “သင့်တော်သော လုံခြုံရေးအစီအမံနဲ့ လုပ်ဆောင်ချက်တာဝန် တောင်းဆိုချက်” နှင့် ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်၍ သမ္မတ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအား အာမခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်ကိုယ်တိုင်ကလည်း အဆိုပါလှူဒါန်းမှုအား လက်ခံရန်အတွက် အကြိမ်များစွာ ကာကွယ်ပြောကြားခဲ့ပြီး အဆိုပါလေယာဉ်သည် အမေရိကန်အစိုးရပိုင် ဖြစ်မည်ဟု ဆိုခဲ့သည်။ ထရမ့်သည် ထိုမတိုင်မီက ၎င်းအား သမ္မတအထူးလေယာဉ်အသစ် “Air Force One” အဖြစ် ပြောင်းလဲတပ်ဆင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထရမ့်အစိုးရက ကာတာနိုင်ငံ လှူဒါန်းပေးအပ်သည့် ခရီးသည်တင်လေယာဉ် လက်ခံမှုကြောင့် အမေရိကန် နိုင်ငံရေးလောက၌ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အကဲဖြတ်ဝေဖန်သူပုဂ္ဂိုလ်များက အဆိုပါလုပ်ရပ်သည် အမေရိကန်သမ္မတအား လာဘ်ထိုးခြင်းပင်ဖြစ်ပြီး အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံခြား လှူဒါန်းပေးအပ်မှု လက်ခံခြင်းအား တားမြစ်ထားသည့် စည်းကမ်းသတ်မှတ်ချက်ကို ချိုးဖောက်ရာကျကြောင်းဆိုသည်။
အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Chuck Schumer က “ဒီလို သမိုင်းမှာ မရှိခဲ့ဖူးတဲ့လုပ်ရပ်က သမ္မတရာထူးအတွက် အမည်းစက်တစ်ခုပါပဲ” ဟုဆိုခဲ့သည်။ ကာတာနိုင်ငံက လှူဒါန်းပေးအပ်သည့် ခရီးသည်တင်လေယာဉ်အား “Air Force One” အဖြစ် ပြောင်းလဲတပ်ဆင်ရာတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီး နှစ်အနည်းငယ်ကြာ အချိန်လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များက ဆိုကြသည်။ (Xinhua)
————————-
(Chinese Version)
美方接受卡塔尔捐赠客机 招致美政界批评
新华社旧金山5月21日电(记者吴晓凌)美国国防部21日表示,特朗普政府已正式接受卡塔尔政府捐赠的一架波音747客机。该决定招致美国政界批评。
美国国防部发言人肖恩·帕内尔当日在一份声明中表示,接受这架飞机“符合所有联邦规章制度”。美国国防部将努力确保飞机符合“适当安全措施和功能任务要求”,确保总统安全使用。
特朗普本人多次为接受该捐赠辩护,称该飞机将属于美国政府。据美媒报道,特朗普此前曾表示希望将其改装成新的总统专机“空军一号”。
特朗普政府接受卡塔尔捐赠客机在美国政界引发争议。批评人士称此举是贿赂美国总统,违反美国宪法禁止接受外国捐赠的规定。参议院民主党领袖查克·舒默称“这一史无前例的行为是总统职位的污点”。共和党参议员苏珊·柯林斯称:“这笔交易充斥着政治间谍活动、道德和宪法问题。”有专家说,将卡塔尔捐赠的客机改装成“空军一号”将耗资超过10亿美元,需要数年时间。(完)
图说:5月16日,美国总统特朗普(中)乘直升机返回首都华盛顿白宫。新华社记者 胡友松 摄