Connect with us

Asia

အိန္ဒိယ၏ “အိန္ဒုမြစ်ရေမျှဝေသုံးစွဲမှုစာချုပ်” လိုက်နာဆောင်ရွက်မှုကို ဆိုင်းငံ့ရန် ကြိုးပမ်းနေမှုအပေါ် ပါကစ္စတန် အမျိုးသား လွှတ်တော် ရှုတ်ချ

အစ္စလာမ်မာဘတ်၊ မေ ၂၃ ရက် (ဆင်ဟွာ)
အိန္ဒိယ၏ “အိန္ဒုမြစ်ရေမျှဝေသုံးစွဲမှုစာချုပ်” လိုက်နာဆောင်ရွက်မှုကို ဆိုင်းငံ့ရန် ကြိုးပမ်းနေမှုအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို ပါကစ္စတန် အမျိုးသား လွှတ်တော်က မေ ၂၂ ရက်တွင် တစ်ခဲနက် အတည်ပြုခဲ့ပြီး ယင်းလုပ်ရပ်သည် နိုင်ငံတကာ သဘောတူညီချက်နှင့် ဒေသတွင်း တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဟု ဆိုခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်တွင် ပါကစ္စတန်အစိုးရအနေဖြင့် အစီအမံများချက်ချင်းဆောင်ရွက်သင့်ကြောင်း၊ အိန္ဒိယ၏ သဘောတူစာချုပ် လိုက်နာဆောင်ရွက်မှုကို ဆိုင်းငံ့ရန် တရားမဝင်၊ တစ်ဖတ်သက် ကြေညာခြင်းကို ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ ပါကစ္စတန်အစိုးရအနေဖြင့် သံတမန်ရေးနှင့် တရားဥပဒေအစီအမံများဖြင့် အိန္ဒိယ၏ ရန်စသည့်လုပ်ရပ်များကို တုံ့ပြန်ရန် အဆိုပါဆုံးဖြတ်ချက်က တိုက်တွန်းထားသည်။ သံတမန်ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပါကစ္စတန်က ၎င်း၏ နိုင်ငံအချုပ်အခြာအာဏာနှင့် အရေးပါသော အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဆုံးဖြတ်ချက်က ထပ်လောင်းဖော်ပြခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘဏ်က အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အား “အိန္ဒုမြစ်ရေမျှဝေသုံးစွဲမှုစာချုပ်” ချုပ်ဆိုရန် ဖြစ်မြောက်အောင် တွန်းအားပေးခဲ့ပြီး အိန္ဒုမြစ်နှင့် ယင်း၏ မြစ်လက်တက်များမှ ရေအရင်းအမြစ်များကို အိန္ဒိယ-ပါကစ္စတန်ကြား ရေခွဲဝေပေးရေးနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ပေးခဲ့သည်။

အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရမှုကို တုံ့ပြန်သောအားဖြင့် အိန္ဒိယအစိုးရက မကြာမီရက်ပိုင်းတွင် အဆိုပါစာချုပ်အား လိုက်နာဆောင်ရွက်မှုကို ဆိုင်းငံ့ရန် ကြေညာခဲ့သည်။ ဤသေနတ်ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ပါကစ္စတန်အပေါ် အိန္ဒိယ၏ စွပ်စွဲမှုများသည် မည်သည့်သက်သေအထောက်အထားမျှ မရှိကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ထောက်ပြခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
巴基斯坦国民议会谴责印度试图暂停履行《印度河用水条约》
新华社伊斯兰堡5月22日电(记者杨恺)巴基斯坦国民议会22日一致通过一项决议,谴责印度试图暂停履行《印度河用水条约》,称此举违反国际协议并对地区稳定构成威胁。
决议表示,巴政府应立即采取措施,谴责印度非法、单方面宣布暂停履行条约。决议敦促巴政府采取外交和法律措施反击印度挑衅行为。决议还重申了巴方在面临外部挑战时维护其主权和重大利益的决心。
1960年,世界银行促成印巴双方签订《印度河用水条约》,就印度河及其支流的水资源在印巴之间的分配作出规定。印度政府日前宣布暂停履行该条约,作为对印控克什米尔地区发生致死20多人枪击事件的回应。对于上述枪击事件,巴基斯坦总理夏巴兹指出,印度对巴基斯坦的指控毫无根据。(完)