Connect with us

North America

ထရမ့်က ဆမ်ဆောင်းနှင့် အခြား လက်ကိုင်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် စည်းကြပ်ခွန် ခြိမ်းခြောက်မှု လုပ်ဆောင်

အမေရိကန် သမ္မတ ထရမ့် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ရဟတ်ယာဉ်ပေါ်သို့တက်ရန် တောင်ဘက်မြက်ခင်းပြင်သို့ လမ်းလျှောက်သွားနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ဆမ်ဆောင်း (Samsung) အီလက်ထရွန်းနစ် ကုမ္ပဏီနှင့် အခြား လက်ကိုင်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း စည်းကြပ်ခွန်နှင့် ရင်ဆိုင်ရမည်ဟု အမေရိကန် သမ္မတ ထရမ့်က မေ ၂၃ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ နိုင်ငံခြားတွင် ထုတ်လုပ်၍ အမေရိကန်၌ ရောင်းချသည့် Apple လက်ကိုင်ဖုန်း မှန်သမျှသည် အနည်းဆုံး ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန် ကြုံတွေ့ရသင့်ကြောင်း ထိုနေ့အစောပိုင်းတွင် ထရမ့်က လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ထိုနေ့ညနေပိုင်းတွင် အိမ်ဖြူတော်၌ သမ္မတအနေဖြင့် ကုမ္ပဏီတစ်ခုတည်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခွင့်ရှိသလားဟု မီဒီယာများက မေးမြန်းခဲ့ရာ ထရမ့်က စည်းကြပ်ခွန်သည် Apple ကုမ္ပဏီကို ရည်ရွယ်သည်သာမက Samsung နှင့် အခြားမည်သည့် လက်ကိုင်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီမဆိုလည်း ပါဝင်မည်ဖြစ်ကြောင်း၊ “မဟုတ်ရင် ဒါက တရားမမျှတတော့ဘူး” ဟု ဖြေကြားခဲ့သည်။ သက်ဆိုင်ရာမူဝါဒများကို ဇွန်လကုန်မှစ၍ အကောင်အထည်ဖော်သွားမည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ၎င်းအနေဖြင့် “အစောကြီးကတည်းက Apple ကုမ္ပဏီ က (အမှုဆောင်အရာရှိချုပ်) တင်မ်ကွတ်ကို ပြောပြီးသားပါ။ သူတို့အမေရိကန်မှာ ရောင်းချတဲ့ Apple လက်ကိုင်ဖုန်းတွေက အိန္ဒိယ ဒါမှမဟုတ် တခြားဘယ်နေရာကမဟုတ်ဘဲ အမေရိကန်မှာ ထုတ်လုပ်တာမျိုးကို ကျွန်တော်မျှော်လင့်တယ်ဆိုတာကိုပေါ့” ၊ “ဒီလိုသာမဟုတ်ရင်တော့ Apple ကုမ္ပဏီက အမေရိကန်ကို အနည်းဆုံး စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

လက်ကိုင်ဖုန်းထုတ်ကုန်များအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်မှုအပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စေ့စပ်ညှိနှိုင်းမှုသည် “လုံးဝတိုးတက်မှုမရှိ” ကြောင်းလည်း ထရမ့်က ထိုနေ့တွင် ဥရောပသမဂ္ဂကို လေသံပစ်ခဲ့သည်။ ၎င်းအနေဖြင့် ဇွန် ၁ ရက်မှစပြီး ဥရောပသမဂ္ဂမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံသွားရန် အကြံပြုကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
特朗普对三星和其他手机制造商发出关税威胁
新华社华盛顿5月23日电(记者熊茂伶)美国总统特朗普23日在白宫说,韩国三星电子公司和其他生产手机的企业也将面临关税。当天早些时候,他曾在社交媒体上称,凡是在国外制造并在美国销售的苹果手机,应该面临至少25%的关税。
特朗普当天下午在白宫被媒体问及总统是否有权对单个企业加征关税时说,关税不仅仅针对苹果公司,还会包括三星和任何生产手机的公司,“否则这就不公平了”。特朗普还说,相关政策预计从6月底开始实施。
当天早些时候,特朗普在社交媒体上发文说,他“很早之前就告诉过苹果公司的(首席执行官)蒂姆·库克,我希望他们在美国销售的苹果手机是在美国生产和制造,而不是在印度或者其他什么地方”,“如果不是这样的话,苹果公司必须向美国支付至少25%的关税”。
除了对手机产品发出征税威胁,特朗普当天还喊话欧盟,称美国与欧盟的谈判“毫无进展”,他建议自6月1日起对进口自欧盟的商品征收50%关税。(完)
图说:5月23日,在华盛顿白宫,美国总统特朗普走向南草坪准备登机。新华社记者 胡友松 摄