Connect with us

Politics, Law & Military

လီချန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် တွေ့ဆုံဆွေးနွေး

ကွာလာလမ်ပူ၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ကာလအတွင်း ဒေသစံတော်ချိန် မေ ၂၇ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လီချန်က မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အဆွေတော် ဝန်ကြီးချုပ်နှင့်အတူ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးသည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု ရှေ့တန်းတွင် ထပ်မံလျှောက်လှမ်းခဲ့ပြီး နှစ်နိုင်ငံ၏ သံမဏိပမာ ခိုင်မြဲသော ချစ်ကြည်ရေးသည် တစ်ဆင့်တိုး နက်ရှိုင်းလာကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန် ခရီးစဉ်ရလဒ်များအား အကောင်အထည်ဖော်ခြင်းကို အဓိကထား၍ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ပိုမိုနီးကပ်စေကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေလိုကြောင်း၊ တရုတ်-ကမ္ဘောဒီးယား အစိုးရကြား ညှိနှိုင်းရေးကော်မတီ ယန္တရား၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြု၍ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ တွန်းအားပေးသွားလိုကြောင်း၊ တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု၏ သေချာရေရာမှုဖြင့် ပြင်ပပတ်ဝန်းကျင် မသေချာ မရေရာမှုများကို ရင်ဆိုင်သွားပြီး နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲမြှင့်တင်ကာ နှစ်ဖက်၏ ဘုံအကျိုးစီးပွားကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွ တည်ဆောက်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ “ပဉ္စဂံ မဟာဗျူဟာ” ချိတ်ဆက်မှုကို အရှိန်မြှင့်ဖော်ဆောင်ပြီး “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို အရှိန်မြှင့် အကောင်အထည်ဖော်ကာ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်အသစ်နှင့် တိုးတက်မှုအသစ်များ ပျိုးထောင်သွားလိုကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပိုမိုများပြားသည့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကမ္ဘောဒီးယားသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် အားပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အခြေခံအဆောက်အဦ တည်ဆောက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ခေတ်မီကုန်ထုတ်လုပ်မှု၊ သန့်ရှင်းစွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး လွတ်လပ်မှု၊ အဆင်ပြေချောမွေ့မှု အသွင်ပြောင်းရေးအား တွန်းအားပေးကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာပမာဏကို တစ်ဆင့်တိုး တိုးချဲ့သွားမည်ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း နှစ်ဖက်က နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုအား အတူတကွ တိုက်ဖျက်ရာတွင် အားတက်ဖွယ်ရလဒ်များ ရရှိခဲ့ကြောင်း၊ ပိုမိုအားကောင်းသော၊ ပိုမိုထိရောက်သော အစီအမံများ လုပ်ဆောင်၍ နှစ်နိုင်ငံပြည်သူများ ဘေးကင်းလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာအခြေအနေ မတည်မငြိမ် လှုပ်ခတ်မှုများ ပိုမိုဆိုးရွားလာပြီး ရှုပ်ထွေးမှု အခြေအနေများ တိုးများလာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ စသည့် ဒေသတွင်းနိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တစ်ဖက်သတ်ဝါဒ၊ အင်အားသုံးနိုင်ငံရေးကို အတူတကွ ကန့်ကွက်၍ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှု၊ နိုင်ငံစုံကုန်သွယ်ရေးစနစ်နှင့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် အဆင်ပြေချောမွေ့မှုကို ကာကွယ်ထိန်းသိမ်းသွားပြီး ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေး၊ စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသည့် အပြုသဘောအင်အားများ ဖြည့်တင်းပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟွန်မန်နက်က သမ္မတ ရှီကျင့်ဖိန်သည် ယခင်လက ကမ္ဘောဒီးယားနိုင်ငံအား အောင်မြင်စွာ ခရီးစဉ်လာရောက်ခဲ့ရာ နှစ်နိုင်ငံ သံမဏိပမာ ခိုင်မြဲသော ချစ်ကြည်ရေး၏ သမိုင်းမှတ်တိုင်အသစ် ဖြစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မြဲစွာကျင့်သုံး၍ တရုတ်နိုင်ငံက ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်း၊ ရှီးဇန့် စသည့် တရုတ်နိုင်ငံ အဓိကအကျိုးစီးပွားနှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် တရားဝင်ရပ်တည်ချက်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းရေးအား ပြည်ပအင်အားများ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အတူလက်တွဲ၍ သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘောဒီးယားခရီးစဉ် ရလဒ်များကို အကောင်အထည်ဖော်ပြီး အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းထားကာ တွေ့ဆုံဆွေးနွေးမှုယန္တရား အမျိုးမျိုး၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြုသွားလိုကြောင်း၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို တိုးမြှင့်ကာ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုကို အတူတကွ တိုက်ဖျက်သွားလိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်သွားလိုကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကိုင်စွဲ၍ ကိုယ်ကျိုးစီးပွားရေးကာကွယ်ရေးဝါဒကို ကန့်ကွက်ကာ ဒေသတွင်း ဘေးကင်းလုံခြုံ တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
李强会见柬埔寨首相洪玛奈
新华社吉隆坡5月27日电(记者贺飞 刘锴)当地时间5月27日上午,国务院总理李强在吉隆坡出席东盟-中国-海合会峰会期间会见柬埔寨首相洪玛奈。
李强表示,不久前,习近平主席对柬埔寨进行历史性访问,同首相先生共同宣布构建新时代全天候中柬命运共同体。中柬关系再次走在构建人类命运共同体前列,两国铁杆友谊进一步深化。中方愿同柬方一道,以落实习近平主席访问成果为主线,密切高层往来,深化政治互信,发挥中柬政府间协调委员会机制作用,扎实推进各领域务实合作,以中柬命运共同体建设的确定性应对外部环境的不确定性,携手促进两国经济发展,维护好双方的共同利益。
李强指出,中方愿同柬方加快推进高质量共建“一带一路”和柬埔寨“五角战略”对接,加快落实“工业发展走廊”和“鱼米走廊”合作规划,培育更多合作新亮点和增长极。中方鼓励更多中国企业赴柬投资,愿同柬方加强基础设施建设、数字经济、先进制造、清洁能源等领域合作,推动贸易投资自由化便利化,进一步扩大经贸合作规模。近期双方共同打击跨境犯罪取得积极成效,希望采取更有力、更有效措施,维护两国人民安全。当前国际形势动荡加剧、乱象增多,中方愿同柬方等地区国家一道,加强团结协作,共同反对单边主义、强权政治,维护国际公平正义,维护多边贸易体制和产供链稳定畅通,为世界和平稳定、繁荣发展注入更多正能量
洪玛奈表示,习近平主席上个月成功访问柬埔寨,成为两国铁杆友谊新的里程碑。柬方坚定奉行一个中国政策,支持中方在台湾、涉港、涉疆、涉藏等关乎中国核心利益问题上的正当立场,反对外部势力干涉中国内政。柬方愿同中方携手落实习近平主席访柬成果,保持高层交往,发挥好各类对话机制作用,促进务实合作,加强人文交流,共同打击跨国犯罪。柬方支持习近平主席提出的三大全球倡议,期待同中方进一步加强多边协作,坚持多边主义,反对保护主义,维护地区安全稳定,促进世界共同发展。(完)
图说:当地时间5月27日上午,国务院总理李强在吉隆坡出席东盟-中国-海合会峰会期间会见柬埔寨首相洪玛奈。 新华社记者 庞兴雷 摄