Connect with us

Europe

ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းက ရုရှား၏ “နိုင်ငံရေး ရွေးချယ်မှု” ဖြစ်ကြောင်း ဇယ်လန်းစကီး ပြောကြား

ကိဗ်၊ မေ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းအပေါ် ရုရှား၏ ၃ ရက်ဆက်တိုက် အကြီးအကျယ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ယင်းမှာ ရုရှား၏ “နိုင်ငံရေး ရွေးချယ်မှု” ဖြစ်ကြောင်းနှင့် အနောက်နိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၂၆ ရက်တွင် လူမှုမီဒီယာတွင် သဘောထားဖော်ပြခဲ့သည်။

ရုရှားစစ်တပ်က ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် ယူကရိန်းက ရုရှားအရပ်သုံး အဆောက်အအုံများကို တိုက်ခိုက်သည့်အပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း အဆိုပါနေ့ အစောပိုင်းတွင် ရုရှားသမ္မတ ပြန်ကြားရေး အတွင်းဝန် ဒီမီထရီ ပက်စ်ကော့ဗ်က မီဒီယာများထံ ပြောကြားခဲ့သည်။

၃ ရက်တာ အချိန်တိုလေးအတွင်း ရုရှားက ယူကရိန်းထံ တိုက်ခိုက်သည့် ဒရုန်း ၉၀၀ ကျော်ကို ပစ်လွှတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်လွှတ်ခဲ့ကြောင်း၊ “ဒါက စစ်ရေးအရ ဘယ်လိုမှ အဓိပ္ပါယ်မရှိပေမဲ့လည်း ရုရှားရဲ့ နိုင်ငံရေး ရွေးချယ်မှုဖြစ်တယ်ဆိုတာ သိသာပါတယ်” ဟု ဇယ်လန်းစကီးက ဆိုရှယ်မီဒီယာတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများအနေဖြင့် ရုရှားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုအသစ်များ ဖော်ဆောင်ရန် ဇယ်လန်းစကီးက တိုက်တွန်းခဲ့သလို ရုရှားဘက်က ရုရှား-ယူကရိန်း သဘောတူညီမှုစာချွန်လွှာ မူကြမ်း ရေးသားရန် အချိန်ဆွဲနေကြောင်းလည်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ရုရှားနှင့် ထိစပ်နေသော ယူကရိန်း Sumy ပြည်နယ် အုပ်ချုပ်ရေးမှူး Oleh Hryhorov က ရုရှားစစ်တပ်သည် အဆိုပါဒေသရှိ ကျေးရွာ ၄ ခုကို ထိန်းချုပ်ထားရာ ယင်းမှာ ရုရှားဘက်က ယူကရိန်းနယ်နိမိတ်အပေါ်တွင် “ကြားခံဇုန်” တည်ဆောက်ရန် ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ထရမ့်က မေ ၂၅ ရက်တွင် ဆိုရှယ်မီဒီယာပေါ်၌ ရုရှားသမ္မတ ပူတင် “ရူးသွပ်” သွားပြီဟု ဝေဖန်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဇယ်လန်းစကီး “ပြောတဲ့ စကားတိုင်းက ပြဿနာဖြစ်အောင် လုပ်နေတယ်” ဟု ပြစ်တင်ပြောဆိုသည့် ပို့စ်ကို ရေးသားဖော်ပြခဲ့သည်။ ဇယ်လန်းစကီးက ဗီဒီယိုမိန့်ခွန်းတွင် ထရမ့်၏ ပြစ်တင်ပြောဆိုမှုအပေါ် တုံ့ပြန်မှုမပြုခဲ့ပေ။ ပက်စ်ကော့ဗ်က ထရမ့်၏ ပူတင်အပေါ် ဝေဖန်မှုမှာ “စိတ်ခံစားမှုအပေါ် အခြေခံသော တုံ့ပြန်မှု” ဟု ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းနိုင်ငံသည် ယခုလ ၁၆ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်တွင် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ခဲ့ပြီး “မူအရ” ဆက်လက်၍ ထိတွေ့ဆက်ဆံမှု၊ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် ဆန္ဒရှိသည်။

နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် စပ်လျဉ်း၍ ယူကရိန်းနှင့်အတူ သုတေသနပြုကာ စာချွန်လွှာ မူကြမ်းတစ်ခု ရေးဆွဲရန် အဆိုပြု၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်တွင် ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြီးနောက် ပူတင်က ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
泽连斯基:对乌大规模袭击是俄“政治选择”
新华社基辅5月26日电 乌克兰总统泽连斯基26日在社交媒体上就俄罗斯连续三天大规模袭击乌克兰表态,称这是俄罗斯的“政治选择”,并敦促西方继续加大对俄罗斯制裁力度。
当天早些时候,俄罗斯总统新闻秘书佩斯科夫对媒体说,俄军对乌克兰军事设施的打击是对乌袭击俄民用设施的回应。
泽连斯基在社交媒体上发表视频讲话说,短短三天内,俄罗斯向乌克兰发射900多架攻击无人机,同时还发射了弹道导弹和巡航导弹,“这毫无军事逻辑可言,但这显然是俄罗斯的政治选择”。泽连斯基敦促美国和欧洲对俄罗斯实施新的、强有力的制裁,还暗示说俄方拖延俄乌和平协议备忘录起草工作。
同日,与俄罗斯接壤的乌克兰苏梅州州长奥列格·赫里霍罗夫在社交媒体上说,俄罗斯军队控制该地区4个村庄,这是俄方试图在乌克兰领土上建立“缓冲区”的一部分。
特朗普25日在社交媒体上发文,批评俄罗斯总统普京变得“疯狂”,同时指责泽连斯基“说的每句话都在制造麻烦”。泽连斯基在视频谈话中未回应特朗普的指责。佩斯科夫称,特朗普批评普京的言论是“情绪化反应”。
俄乌两国本月16日在土耳其伊斯坦布尔重启直接谈判,“原则上”愿意继续接触和谈判。19日,普京在同特朗普通话后表示,俄方将提议并准备与乌方就两国未来可能达成的和平协议研究起草一份备忘录。(完)
图说:5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)