North America
ထရမ့်အစိုးရက ကျောင်းသားဗီဇာအတွက် လူတွေ့မေးမြန်းမှု အသစ်များအား ယာယီရပ်ဆိုင်းဟု အမေရိကန် မီဒီယာများ ဆို

ဝါရှင်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရက ကျောင်းသားဗီဇာအတွက် လူတွေ့မေးမြန်းမှု အသစ်များအား ယာယီရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတကာကျောင်းသားများ၏ လူမှုမီဒီယာအပေါ် စစ်ဆေးမှု အတိုင်းအတာ တိုးချဲ့ရန် စဉ်စားလျက်ရှိကြောင်း အမေရိကန်မီဒီယာ အများအပြား၏ မေ ၂၇ ရက် သတင်းအရ သိရသည်။
ထရမ့်အစိုးရသည် အမေရိကန်သို့ လာရောက်ပညာတော်သင်ရန် လျှောက်ထားမည့် နိုင်ငံတကာ ကျောင်းသားများ အားလုံးကို လူမှုမီဒီယာ စစ်ဆေးမှုခံယူခိုင်းရန် စဉ်းစားလျက်ရှိကြောင်း၊ အဆိုပါစစ်ဆေးရေး တောင်းဆိုချက် ဖော်ဆောင်မှုအား ပြင်ဆင်ရန် အစိုးရက ကမ္ဘာတစ်ဝန်း ဒေသအသီးသီးမှ အမေရိကန် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးကို ကျောင်းသားနှင့် ကူးလူးဖလှယ်ရေးဆိုင်ရာ ပညာရှင်ဗီဇာ လျှောက်ထားသူများအတွက် လူတွေ့မေးမြန်းမှု အသစ်စီစဉ်ခြင်းကို ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မေ ၂၇ ရက် ရက်စွဲဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှ လက်မှတ်ရေးထိုးသော ကြေးနန်စာတစ်ခုကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ထိုမတိုင်မီ ချိန်းဆိုပြီးထားသော ဗီဇာ လူတွေ့မေးမြန်းမှုကမူ လုပ်ဆောင်နိုင်ဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရအနေဖြင့် အဆိုပါစစ်ဆေးမှုအစီအစဉ်ကို ဖော်ဆောင်ပါက ကျောင်းသားဗီဇာ စီမံမှုအမြန်နှုန်းကို ဆိုးရွားစွာ နှေးကွေးစေနိုင်မည်ဖြစ်သလို ဘဏ္ဍာရေးဝင်ငွေ မြှင့်တင်ရန် နိုင်ငံတကာကျောင်းသားကို အားကိုးသည့် အမေရိကန်တက္ကသိုလ်များစွာအတွက်လည်း အကျိုးမရှိသော သက်ရောက်မှုများ ဖြစ်စေနိုင်ကြောင်း သတင်းဖော်ပြချက်က ယူဆထားသည်။
ထိုမတိုင်မီ ထရမ့်အစိုးရ နိုင်ငံတကာ ကျောင်းသားများ၏ လူမှုမီဒီယာအပေါ် စစ်ဆေးသည့် တောင်းဆိုချက်အချို့ ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ မာကိုရူဘီယိုက မတ် ၂၅ ရက် ကြေးနန်းစာတစ်ခုတွင် အချို့သော ကျောင်းသားနှင့် ကူးလူးဖလှယ်ရေးဆိုင်ရာ ပညာရှင်ဗီဇာ ကိုင်ဆောင်ထားသူများအပေါ် အတင်းအဓမ္မ လူမှုမီဒီယာစစ်ဆေးမှု လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ရသည့် အဓိကရည်ရွယ်ချက်များအနက် တစ်ခုမှာ ပါလက်စတိုင်းသားများအပေါ် စာနာမှု သဘောထားရှိပြီး အမေရိကန်နှင့် အစ္စရေးကို ဝေဖန်သည့် ကျောင်းသားများ၏ ဗီဇာလျှောက်ထားမှုကို ငြင်းပယ်ရန်ဖြစ်ကြောင်း “The New York Times” ၏ ထိုမတိုင်မီ သတင်းဖော်ပြချက်အရ သိရသည်။
ထရမ့်က အိမ်ဖြူတော်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာပြီးနောက် အမေရိကန် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများစွာကို “တိုက်ခိုက်မှု” များလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ “ကျောင်းဝန်းအတွင်း ဂျူးမုန်းတီးရေးဝါဒ” ကို အမြစ်ဖြတ်ရန်၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများက လူနည်းစုတိုင်းရင်းသားများအပေါ် ဦးစားပေးသည့် အမျိုးစုံလင်မှု အစီအမံများ ပယ်ဖျက်ခြင်း စသည်တို့ကို တောင်းဆိုခဲ့သည်။ ထရမ့်အစိုးရက ဟားဗက်တက္ကသိုလ် စသည့် အဆင့်မြင့်ပညာရေး တက္ကသိုလ် ကျောင်းများကို အဓိကပစ်မှတ်ထားခြင်းမှာ အဆိုပါတက္ကသိုလ်များသည် လက်ဝဲလစ်ဘရယ် သို့မဟုတ် ဒီမိုကရက်တစ်ပါတီ၏ အမာခံနယ်မြေများဖြစ်သည်ဟု ရီပက်ဘလစ်ကန်ပါတီက ယူဆခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် လူထုသဘောထားက ယေဘုယျအားဖြင့် ယူဆကြသည်။ (Xinhua)
———————–
(Chinese Version)
美媒:特朗普政府暂停新的学生签证面谈
新华社华盛顿5月27日电(记者熊茂伶 徐静)据美国多家媒体27日报道,特朗普政府已暂停新的学生签证面谈,同时考虑扩大对国际学生社交媒体审查范围。
报道援引一份日期为27日、由国务卿鲁比奥签署的电报说,特朗普政府正在考虑要求所有申请到美国留学的国际学生接受社交媒体审查,为准备实施这一审查要求,政府已指示全球各地美国使领馆暂停为学生和交流访问学者签证申请者安排新的面谈。此前已经预约好的签证面谈仍然可以进行。
报道认为,如果美国政府实施这一审查计划,可能会严重减缓学生签证的处理速度,也可能对许多依赖国际学生来增加财政收入的美国大学造成不利影响。
此前,特朗普政府已经实施了一些对国际学生社交媒体审查要求。据《纽约时报》此前报道,鲁比奥在3月25日的一份电报中指示对某些学生和交流访问学者签证申请人进行强制性社交媒体审查,主要目的之一是拒绝那些对巴勒斯坦人抱有同情态度、批评美国和以色列的学生的签证申请。
特朗普再次入主白宫后,已经对美国多所高校“开火”,要求根除“校园内的反犹主义”、废除高校向少数族裔倾斜的多元化举措等。美国舆论普遍认为,特朗普政府重点针对哈佛大学等高校,因为共和党认为这些大学是左翼自由派或者民主党的大本营。(完)
图说:5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。新华社发(朱子于摄)