Connect with us

China

၅ နှစ်ကြာပြီးနောက် တာ့လျန်ဆိပ်ကမ်းတွင် နိုင်ငံတကာအပျော်စီးသင်္ဘောကြီးများ ထွက်ခွာမှု ပြန်လည်စတင်

နိုင်ငံတကာ အပျော်စီးသင်္ဘောကြီး “Adora Mediterranea” ပေါ်တွင် ခရီးသွားဧည့်သည်များအတွက် ဖျော်ဖြေတင်ဆက်နေသော ဝန်ထမ်းများကို မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လျန် (လျောင်နင်)၊ မေ ၂၈ ရက် (ဆင်ဟွာ)
နိုင်ငံတကာ အပျော်စီးသင်္ဘောကြီး “Adora Mediterranea” သည် မေ ၂၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ တာ့လျန် နိုင်ငံတကာ အပျော်စီးသင်္ဘောစင်တာ ရပ်နားရာနေရာမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်နှင့်အလျှောက် ၅ နှစ်အကြာတွင် တာ့လျန် နိုင်ငံတကာအပျော်စီးသင်္ဘောစင်တာ၌ ပထမဆုံးအကြိမ် နိုင်ငံတကာအပျော်စီးသင်္ဘောများ ပြန်လည်စတင်ထွက်ခွာမှု ဖြစ်လာခဲ့သည်။
တာ့လျန်ဆိပ်ကမ်း နိုင်ငံတကာ အပျော်စီးသင်္ဘောစင်တာကို ၂၀၁၆ ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တာ့လျန်ဆိပ်ကမ်း နိုင်ငံတကာ အပျော်စီးသင်္ဘောလုပ်ငန်းသည် ခရီးသွားဧည့်သည် ၈၈,၅၀၀ ဦး ပို့ဆောင်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အပျော်စီးသင်္ဘောဖြင့် ပို့ဆောင်မှုလုပ်ငန်းကို ယာယီရပ်နားခဲ့သည်။
ယခုနှစ် မေ၊ ဇွန်နှင့် စက်တင်ဘာလ စသည့် အပျော်စီးသင်္ဘော ခရီးသွားကာလများတွင် “Adora Mediterranea” အပျော်စီးသင်္ဘောကြီးသည် တာ့လျန်ဆိပ်ကမ်းကို အခြေစိုက်ဆိပ်ကမ်းအဖြစ်ထားရှိပြီး နိုင်ငံတကာ ရေကြောင်းခရီးစဉ်လမ်းကြောင်း ၅ ခုကို ပြေးဆွဲမည်ဖြစ်ရာ ဆိုက်ရောက်မည့်နေရာများတွင် ဂျပန်နိုင်ငံ ဖူကူအိုကာ၊ ဆဆယ်ဘိုနှင့် တောင်ကိုရီးယား ဂျယ်ဂျူးပြည်နယ် စသည့် နေရာများပါဝင်သည်။ (Xinhua)

တာ့လျန် နိုင်ငံတကာ အပျော်စီးသင်္ဘောစင်တာ ရပ်နားရာနေရာတွင် ဆိုက်ကပ်ထားသော “Adora Mediterranea” သင်္ဘောကြီးကို မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
大连港时隔五年再次迎来国际邮轮始发
新华社照片,大连(辽宁),2025年5月27日
当晚,随着国际邮轮“爱达·地中海”号缓缓驶离大连港国际邮轮中心泊位,大连港国际邮轮中心时隔五年再次迎来国际邮轮始发航次。 大连港国际邮轮中心于2016年正式开港运营,2019年大连港国际邮轮业务迎送旅客达8.85万人,2020年暂停国际邮轮运输业务。 据介绍,今年5月、6月及9月等邮轮旺季,“爱达·地中海”号将以大连港为母港,执航5个国际航线,目的地包括日本福冈、佐世保及韩国济州等地。
图说1:5月27日,在国际邮轮“爱达·地中海”号上,工作人员为游客演出。 新华社记者 潘昱龙 摄
图说2:5月27日拍摄的停靠在大连港国际邮轮中心泊位的“爱达·地中海”号(无人机照片)。新华社记者 潘昱龙 摄