Europe
ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ယူကရိန်းဒရုန်းအစင်းရေ ၁၁၂ စင်း ပစ်ချခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဆို

မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ)
မော်စကိုဒေသစံတော်ချိန် မေ ၂၇ ရက် ည ၉ နာရီ မှ မေ ၂၈ ရက် ၀၀:၀၀ နာရီအထိ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ရုရှားနိုင်ငံ နေရာအများအပြားတွင် ယူကရိန်းဒရုန်းအစင်းရေ စုစုပေါင်း ၁၁၂ စင်းကို ပစ်ချခဲ့ရာ ယင်းအနက် ၅၉ စင်းသည် Bryansk ပြည်နယ် ဝေဟင်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မေ ၂၈ ရက် ၀၀:၀၀ နာရီမှစ၍ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်သည် မော်စကိုသို့ ပျံသန်းလာသော ဒရုန်းစုစုပေါင်း ၃၃ စင်းကို ဖျက်ဆီးခဲ့ကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် မော်စကိုရှိ လေဆိပ်အားလုံးကို ပိတ်ထားကြောင်း မော်စကို မြို့တော်ဝန် Sergey Sobyanin က မေ ၂၈ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုရလဒ်များအရ ဒရုန်းတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသူများ မရှိသေးကြောင်း Sobyanin က ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
俄国防部:俄防空系统摧毁112架乌无人机
新华社莫斯科5月28日电 俄罗斯国防部28日发布通报说,自莫斯科时间5月27日21时至28日零时,俄防空部队在俄罗斯多地共击落112架乌克兰无人机,其中59架在布良斯克州上空被摧毁。
莫斯科市长索比亚宁28日在社交媒体上发文说,自28日零时起,俄防空系统共摧毁33架飞往莫斯科的无人机。受无人机袭击影响,莫斯科所有机场均已关闭。
索比亚宁说,初步调查结果显示,无人机袭击没有造成人员伤亡。(完)
图说:这张俄罗斯国防部3月13日发布的视频截图显示,俄军士兵进入库尔斯克州的一个定居点。新华社发(俄罗斯国防部供图)