Africa & Middle East
အီရန်က ယူရေနီယံ သန့်စင်ခွင့်နှင့်ပတ်သက်၍ လိုက်လျောမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တီဟီရန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီရက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက အီရန်အနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို ယူရေနီယံ သန့်စင်မှု လုပ်ပိုင်ခွင့်ကို လက်လျှော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်အစိုးရသတင်းဌာန (IRNA) ၏ မေ ၂၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အကယ်၍ အမေရိကန်၏ ရည်မှန်းချက်သည် အီရန်နျူကလီးယားအစီအစဉ်ကို လက်နက်အသွင် မဖြစ်ရေး သေချာစေရန်သာဖြစ်လျှင် အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှုရရှိရန် အလွန်လွယ်ကူကြောင်း၊ သို့သော် အမေရိကန်က အီရန်၏ ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင်သုံးစွဲမှု အခွင့်အရေးကို လုယူရန် ကြံရွယ်ပါက တွေ့ဆုံဆွေးနွေးမှုသည် “အလွန် ပြဿနာရှိနိုင်ပြီး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခုလုံးကိုပါ ဆိုးဆိုးရွားရွားအန္တရာယ်ဖြစ်စေနိုင်ဖွယ်ရှိတယ်” ဟု ဘဂါအီက မေ ၂၆ ရက် အီရန်မြို့တော် တီဟီရန်တွင် အမေရိကန် CNN သတင်းဌာန၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းမှုသဘောသဘာဝအပြည့်ရှိပြီး အီရန်ဘက်ကလည်း ဤသဘောသဘာဝကို ထိန်းသိမ်းထားရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးမှုသည် ယနေ့ထိတိုင် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဤဖြစ်ရပ်မှန်က နှစ်ဖက်အနေဖြင့် အတိုင်းအတာတစ်ခုအထိ နားလည်ခွင့်လွှတ်မှုရရှိထားကြောင်း ဖော်ပြလျက်ရှိကြောင်း ဘဂါအီက ပြောကြားခဲ့သည်။ ပြင်ပ ခြိမ်းခြောက်မှု၊ ဖိအားများနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဘဂါအီက အီရန်အနေဖြင့် မည်
သည့်ပုံစံ အနိုင်ကျင့်မှုမျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်း၊ အမျိုးသား လုံခြုံရေးကို ကာကွယ်ရန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(Chinese Version)
伊朗外交部:伊朗在铀浓缩权利上不会妥协
新华社德黑兰5月27日电(记者陈霄 沙达提)据伊朗伊斯兰共和国通讯社27日报道,伊朗外交部发言人巴加埃日前表示,伊朗在任何情况下都不会放弃铀浓缩权利。
据报道,巴加埃26日在伊朗首都德黑兰接受美国有线电视新闻网采访时说,如果美国的目的是确保伊朗核计划不会武器化,那伊美会谈达成一致就很简单。但如果美国的意图是剥夺伊朗和平利用核能的权利,那么会谈“会很成问题,可能会严重危及整个谈判进程”。他重申,伊朗核计划完全是和平性质的,伊方也致力于保持这一性质。
巴加埃说,迄今为止伊美会谈仍在继续,这一事实意味着双方达成了一定程度的谅解。谈及外部威胁和压力,巴加埃强调,伊朗不会屈服于任何形式的欺凌,并将果断回应以捍卫国家安全。
图说:5月26日,伊朗外交部发言人巴加埃在首都德黑兰出席新闻发布会。新华社记者 沙达提 摄