North America
ထရမ့်အစိုးရမှ ထွက်ခွာကြောင်း အီလွန်မက်စ် ကြေညာ

ဝါရှင်တန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်၊ အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) တာဝန်ရှိပုဂ္ဂိုလ် အီလွန်မက်စ်က ၎င်း၏ “အထူးအစိုးရဝန်ထမ်း” တာဝန်ထမ်းဆောင်မှုကာလ ပြီးဆုံးပြီဖြစ်ကြောင်း မေ ၂၈ ရက်တွင် လူမှုမီဒီယာ X ၌ ပြောကြားခဲ့သည်။
“ကျွန်တော်က အထူးအစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်တဲ့ကာလ ပြီးဆုံးတော့မယ့် အခါသမယမှာ သမ္မတ ထရမ့်က ကျွန်တော့်ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု အီလွန်မက်စ်က ပို့စ်တွင် ရေးသားဖော်ပြခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ DOGE ၏ တာဝန်သည် “ပိုမိုအင်အားကောင်းလာမည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အီလွန်မက်စ်သည် ထရမ့်၏ အရင်းအနှီးဆုံး မဟာမိတ်အဖြစ် ရှုမြင်ခြင်းခံရပြီး အမေရိကန်အစိုးရသစ်တွင် DOGE ဌာနအား ဦးဆောင်ကာ ဖက်ဒရယ်အသုံးစရိတ်နှင့် ဖက်ဒရယ်ဝန်ထမ်းများ အများအပြား လျှော့ချမှုတွင် တိုက်ရိုက်ပါဝင်ခဲ့သည်။ သို့သော် လတ်တလောရက်ပိုင်းတွင် ၎င်းတို့နှစ်ဦးက ဖက်ဒရယ်ဘဏ္ဍာရေးမူဝါဒ၌ သဘောထားကွဲလွဲမှုများ ရှိလာခဲ့သည်။
မေ ၂၂ ရက်တွင် အမေရိကန် ရီပက်ဘလစ်ကန်ပါတီ ဦးဆောင်သည့် အမေရိကန်အောက်လွှတ်တော်က တစ်မဲ အားသာချက်ဖြင့် ထရမ့်က “One Big Beautiful Bill” ဟုခေါ်သော ပမာဏများပြားသည့် စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို ခက်ခဲစွာ အတည်ပြုခဲ့သည်။ ထို့နောက် အီလွန်မက်စ်က CBS ရုပ်သံလွှင့်ဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် မကျေနပ်ကြောင်း ဖော်ပြခဲ့ပြီး အဆိုပါဥပဒေကြမ်းသည် ဖက်ဒရယ်လိုငွေပြမှုကို တိုးပွားလာစေမည်ဖြစ်ကြောင်း၊ “DOGE က ဖော်ဆောင်နေတဲ့ ရည်မှန်းချက်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် မီဒီယာများ၏ ထိုမတိုင်မီ သတင်းဖော်ပြချက်အရ အီလွန်မက်စ်က DOGE ကို ဦးဆောင်သည့် ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်စ်စန့် စသည့် အစိုးရအဖွဲ့ဝင် အများအပြားနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ယခုနှစ်အတွင်း အီလွန်မက်စ်၏ ထရမ့်အပေါ် ထောက်ခံအားပေးမှုကြောင့် Tesla ကား၏ အရောင်းပမာဏနှင့် အစုရှယ်ယာဈေးအပေါ် ထိခိုက်မှုဖြစ်နေပြီဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အီလွန်မက်စ်က ၎င်းအနေဖြင့် နိုင်ငံရေးအပိုင်း၌ လုပ်ငန်းများကို လျှော့ချသွားပြီး လုပ်ငန်းကုမ္ပဏီလည်ပတ်မှုအား ပြန်လည်အာရုံစိုက် လုပ်ဆောင်သွားမည်ဟု အကြိမ်များစွာ အချက်ပြပြောကြားခဲ့သည်။
အီလွန်မက်စ်၏ ရာထူးသည် “အထူးအစိုးရဝန်ထမ်း” ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဖေဖော်ဝါရီတွင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ သက်ဆိုင်ရာသတ်မှတ်ချက်များအရ “အထူးအစိုးရဝန်ထမ်း” အနေဖြင့် အီလွန်မက်စ်၏ တစ်နှစ်အတွင်း ဝန်ဆောင်မှုအချိန်ကာလသည် ရက်ပေါင်း ၁၃၀ ထက် ကျော်လွန်၍ မရကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။ ယင်းဆိုလိုသည်မှာ ဇန်နဝါရီ ၂၀ ရက်မှ စတွက်ပါက အီလွန်မက်စ်၏ တာဝန်ထမ်းဆောင်မှုကာလသည် နောက်အကျဆုံး မေလ လကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။ (Xinhua)
———————-
(Chinese Version)
马斯克宣布离开特朗普政府
新华社华盛顿5月28日电(记者熊茂伶 吴晓凌)美国企业家、政府效率部负责人埃隆·马斯克28日在社交媒体X上说,他作为“特殊政府雇员”的任期结束。
马斯克在贴文中说:“在我作为特殊政府雇员的任期即将结束之际,我要感谢特朗普总统给我这个机会。”他还说,随着时间推移,政府效率部的使命将会“越来越强”。
马斯克被视为特朗普的亲密盟友,在新一届美国政府中领导政府效率部,直接参与大幅削减联邦开支和裁减联邦雇员。但近日,两人在联邦财政政策上暴露分歧。22日,美国共和党人掌控的国会众议院以一票优势艰难通过被特朗普称为“大而美”的大规模税收与支出法案。马斯克随后在接受哥伦比亚广播公司采访时表达不满,称这项法案将增加联邦赤字,“与政府效率部正在推进的目标背道而驰”。
另据媒体此前报道,马斯克领导政府效率部期间,曾与国务卿鲁比奥、财政部长贝森特等多名政府内阁成员发生过争执。根据美国媒体报道,今年以来,马斯克对特朗普的支持已影响到特斯拉汽车销量和股价。过去几周,马斯克多次释放信号,表示将减少在政治方面的工作量,重新专注于企业运营。
美国白宫2月曾表示,马斯克的身份是“特殊政府雇员”。据美国媒体报道,按照相关规定,作为“特殊政府雇员”,马斯克一年内服务时长不得超过130天。这意味着,从1月20日算起,马斯克任期最晚在5月底结束。(完)
图说:这是1月20日埃隆·马斯克在美国首都华盛顿第一资本体育馆讲话的资料照片。 新华社记者 吴晓凌 摄