Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင်မဲပေးမှု” စတင်

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ မဲပေးရုံတစ်ခု၌ မဲပေးနေကြသော မဲဆန္ဒရှင်များအား မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မေ ၂၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ “ကြိုတင်မဲပေးမှု” ကို ဒေသစံတော်ချိန် မေ ၂၉ ရက် နံနက် ၆ နာရီတွင် စတင်ကျင်းပခဲ့သည်။
ယခုအကြိမ် သမ္မတရွေးကောက်ပွဲ “ကြိုတင်မဲပေးမှု” သည် မေ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထိုစဉ်အတွင်း ရရှိသောမဲအရေအတွက်သည် ရွေးကောက်ပွဲနောက်ဆုံး မဲပေးမှုရလဒ်၌ ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။

“ကြိုတင်မဲပေးမှု” ဆိုသည်မှာ ရွေးကောက်ပွဲအတွက် မဲပေးရမည့်နေ့တွင် လာရောက်မဲပေးရန် ပျက်ကွက်နိုင်ခြေရှိသည့် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးခွင့်ပေးထားသော စနစ်ဖြစ်ကာ မဲဆန္ဒရှင်များ မဲပေးရန် စိတ်အားထက်သန်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၃ ခုနှစ်က “ကြိုတင်မဲပေးမှု” ရွေးကောက်ပွဲစနစ်ကို စတင်ထည့်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် “ကြိုတင်မဲပေးမှု” ကို ကျင်းပခဲ့သည်။

မေ ၂၆ ရက်မှ မေ ၂၇ ရက်အထိ ကောက်ယူခဲ့သည့် သမ္မတလောင်း ထောက်ခံအားပေးမှုနှုန်း စစ်တမ်း၌ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင်က ထောက်ခံမှု ၄၉.၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ပြည်သူ့အင်အားပါတီ သမ္မတလောင်း ကင်မွန်ဆူက ၃၆.၈ ရာခိုင်နှုန်း၊ ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်း လီဂျွန်ဆော့ကမူ ၁၀.၃ ရာခိုင်နှုန်းရှိကြောင်း တောင်ကိုရီးယား ပြည်သူ့စစ်တမ်းအဖွဲ့အစည်းဖြစ်သော “စစ်မှန်သော ရေတွက်ရေးကိရိယာ (Realmeter)” ၏ မေ ၂၈ ရက် နောက်ဆုံးစစ်တမ်းရလဒ်အရ သိရသည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ရာ ယွန်းဆက်ယိုသည် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ တရားဥပဒေအရ တောင်ကိုရီးယားနိုင်ငံသည် ရက်ပေါင်း ၆၀ အတွင်း သမ္မတအသစ် ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတအသစ် ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပရန် သတ်မှတ်ထားသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ မဲပေးရုံတစ်ခု၌ မဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်များအား မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
韩国第21届总统选举开始“事前投票”
新华社首尔5月29日电(记者黄昕欣 陆睿)韩国第21届总统选举“事前投票”当地时间29日上午6时开始举行。
本次总统选举“事前投票”将于30日结束,票数将计入选举最终投票结果。
“事前投票”是指允许选举投票日当天可能因故缺席投票的选民提前行使投票权的制度,旨在提高选民投票积极性。韩国2013年引入“事前投票”选举制度,并于2017年首次在总统选举中举行“事前投票”。
根据韩国民调机构“真实计量器”28日发布的最新民调结果,在26日至27日进行的总统候选人支持率调查中,共同民主党候选人李在明以49.2%的支持率领跑,国民力量党候选人金文洙为36.8%,改革新党候选人李俊锡为10.3%。
韩国宪法法院4月4日通过弹劾总统尹锡悦的裁决,尹锡悦被罢免总统职务。根据法律,韩国须在60日内举行新一届总统选举。韩国新一届总统选举定于6月3日举行。(完)
图文1:5月29日,选民在韩国首都首尔的一处投票站投票。新华社记者 姚琪琳 摄
图文2:5月29日,选民在韩国首都首尔的一处投票站排队等待投票。新华社发(全休相摄)