Africa & Middle East
အမေရိကန်နှင့် အစ္စရေး ပံ့ပိုးပေးသည့် ဖောင်ဒေးရှင်းက ပစ္စည်းများခွဲဝေရာတွင် ပါလက်စတိုင်းသား ၄၇ ဦး ဒဏ်ရာရဟု ကုလသမဂ္ဂ အရာရှိ ဆို

ဂျီနီဗာ/ဂါဇာ၊ မေ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အစ္စရေးတို့ ပံ့ပိုးပေးသည့် ပုဂ္ဂလိက ကူညီရေးအဖွဲ့အစည်း “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် မေ ၂၇ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ ကူညီရေးပစ္စည်းများခွဲဝေပေးချိန် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ အချင်းဖြစ်ပွားရာနေရာ၌ ပစ္စည်းရယူနေသော ပါလက်စတိုင်းသား ၄၇ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းအနက် အများစုမှာ အစ္စရေးစစ်တပ်၏ သေနတ်ပစ်ခတ်ခြင်းခံရသည်ဟု သံသယရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ပါလက်စတိုင်း သိမ်းပိုက်ခံ နယ်မြေရုံးခန်း တာဝန်ရှိပုဂ္ဂိုလ် Ajith Sunghay က မေ ၂၈ ရက်တွင် ဂျီနီဗာမြို့၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ဖြစ်စဉ်တစ်ရပ်လုံးအခြေအနေကို အကဲဖြတ်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများ၏ ဒဏ်ရာရရှိမှု အခြေအနေကို အတည်ပြုဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ လူဦးရေသည် တိုးပွားလာနိုင်ခြေရှိကြောင်း Ajith Sunghay က ပြောကြားခဲ့သည်။ ယင်းသည် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သတ်မှတ်ထားသည့် အခြေအနေတွင် ကူညီရေးပစ္စည်းများ ခွဲဝေပေးရာ၌ အန္တရာယ်ဖြစ်လာခြင်း၏ သိသာသော သက်သေတစ်ခု ဖြစ်ကြောင်း၊ အဆိုပါဖောင်ဒေးရှင်းက ကူညီရေးပစ္စည်းများ ခွဲဝေပေးသည့် လုပ်ရပ်အတွက် စိုးရိမ်ပူပန်မှု အချက်များစွာ အဆိုပြုပြီးဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ထောက်ပြပြောကြားခဲ့သည်။
ပါလက်စတိုင်းသား ပြည်သူထောင်ချီသည် မေ ၂၇ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာဒေသရှိ ကူညီရေးပစ္စည်းများ ခွဲဝေပေးရာစင်တာ အနီးတစ်ဝိုက်၌ စုစည်းခဲ့ရာ ဆာလောင်ငတ်မွတ်နေသော လူစုသည် ထိုစင်တာသို့ ဝင်ရောက်လာပြီး အချို့သော သံဇကာ အကာအရံ အပါအဝင် အစားအစာထုပ်နှင့် အချို့သောပစ္စည်းများကို လုယူခဲ့ကြောင်း၊ အချင်းဖြစ်ပွားရာနေရာ၌ တစ်ခဏတာ မထိန်းကွပ်နိုင်ဖြစ်သွားခဲ့ကြောင်း အချင်းဖြစ်ပွားမှုအား မျက်မြင်တွေ့မြင်ခဲ့သူက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက မေ ၂၇ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ အစ္စရေးစစ်တပ်က ထိုနေ့တွင် အချင်းဖြစ်ပွားရာနေရာ၌ ဆာလောင်ငတ်မွတ်သည့် အရပ်သားပြည်သူများအပေါ် သေနတ်ပစ်ခတ်၍ စွက်ဖက်ခဲ့ခြင်းကြောင့် လူ ၃ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာ ရခဲ့ကာ အခြား ၇ ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
ထိုနေ့တွင် အစ္စရေး ကာကွယ်ရေးတပ်ကလည်း ကြေညာချက် ထုတ်ပြန်၍ အစ္စရေးစစ်တပ်အနေဖြင့် ရာဖာဒေသမှ လူသားချင်းစာနာမှု ကူညီရေးပစ္စည်းများ ခွဲဝေရေးစင်တာအား ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ အစ္စရေးစစ်တပ်က ထိုနေ့တွင် အဆိုပါစင်တာပြင်ပဒေသ၌ သေနတ်ပစ်ဖောက် သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အစားအစာ ခွဲဝေပေးရေး လှုပ်ရှားမှုကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်မှန်းရကြောင်း ပြောကြားခဲ့သည်။
“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” က မေ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ကုန်တင်ကားအချို့ဖြင့် သယ်ဆောင်လာသော စားသောက်ကုန်များကို ခွဲဝေရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကာ ပါလက်စတိုင်းပြည်သူများအား စတင်ခွဲဝေပေးလျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းသည် အစ္စရေးမှ အဆိုပြုသည့် ကူညီရေးပစ္စည်းများ ခွဲဝေရေး နည်းလမ်းတစ်ခုကို ဖော်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါနည်းလမ်းအရ ပုဂ္ဂလိကကုမ္ပဏီသည် ကူညီရေးလုပ်ငန်းကို တာဝန်ယူ လုပ်ဆောင်မည်ဖြစ်ပြီး ကူညီရေးပစ္စည်းများကို ဂါဇာဒေသ တောင်ပိုင်းရှိ “လုံခြုံစွာခွဲဝေရေးစင်တာ” အချို့ဟူသည့် နေရာများသို့ ပို့ဆောင်ကာ ခွဲဝေပေးမည်ဖြစ်ကာ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ပါလက်စတိုင်းတွင် နှစ်ဆယ်ချီကြာ လည်ပတ်နေပြီဖြစ်သည့် ကူညီရေးအဖွဲ့များကမူ ဘေးဖယ်ခံထားရသည်။ အဆိုပါနည်းလမ်းသည်လည်း အမေရိကန်၏ ထောက်ခံအားပေးခြင်းရရှိခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Jens Laerke က မေ ၂၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အဆိုပါဖောင်ဒေးရှင်း၏ ဂါဇာကမ်းမြောင်ဒေသ၌ ကူညီရေးပစ္စည်း ခွဲဝေပေးသည့် နည်းလမ်းကို ဝေဖန်ခဲ့ပြီး ယင်းသည် လူအများက ဂါဇာကမ်းမြောင်ဒေသ၏ စစ်မှန်သော လိုအပ်ချက်အပေါ် ဂရုပြုမှုကို လျော့နည်းသွားအောင် လုပ်လိုက်ကြောင်း၊ ဥပမာအားဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်သည့် ဖြတ်သန်းရာနေရာ ဖွင့်လှစ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
联合国官员:美以支持的基金会分发物资致47名巴勒斯坦人受伤
新华社日内瓦/加沙5月28日电(记者石松 黄泽民)联合国人权事务高级专员办事处驻巴勒斯坦被占领土办事处负责人阿吉特·孙盖28日在日内瓦表示,由美国和以色列支持的私营援助组织“加沙人道主义基金会”27日在加沙地带分发物资时发生混乱,导致现场领取物资的47名巴勒斯坦人受伤,其中大部分疑似是遭以军枪击所致。
孙盖说,目前仍在评估事件的完整情况并确认受伤者的伤情程度,受伤人数可能会上升。他同时指出,这是在“加沙人道主义基金会”所设置的条件下分发物资引发危险的一个明确例证,并表示已就该基金会发放物资的做法提出了多项关切。
有现场目击者告诉新华社记者,数千名巴勒斯坦民众27日聚集在加沙地带南部拉法地区一个物资分发中心附近,饥饿的人群冲击了该中心,抢夺食物包裹和一些设备,包括部分铁丝网围栏。现场一度失去控制。
巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室27日晚发表声明说,以军当天在现场向饥饿的平民开枪干预,导致3人死亡、46人受伤,另有7人下落不明。 同日,以色列国防军发表声明说,以军并未对拉法地区的人道主义援助物资分发中心进行射击。以军当天在该中心外的区域鸣枪警告,随后局面得到控制。预计食品分发行动将按计划继续进行。
“加沙人道主义基金会”26日发表声明说,已将数卡车食品运送到分发站点,开始向巴勒斯坦民众分发。基金会旨在实施一项由以色列提出的援助物资分配方案。根据这一方案,私营企业将负责援助工作、将援助物资运往加沙南部数个所谓“安全分发站点”进行分发,而联合国机构以及已在巴勒斯坦运作数十年的援助组织则被排除在外。这一方案获得美国支持。
联合国人道主义事务协调厅发言人延斯·莱克27日在记者会上批评该基金会在加沙地带分发物资的做法,称其分散了人们对加沙地带真正需求的关注,例如开放通往加沙地带的过境点。(完)
图说:5月27日,在加沙地带南部城市拉法,民众从“加沙人道主义基金会”运营的一个物资分发中心领取救援物资(手机照片)。新华社发(里泽克·阿卜杜勒贾瓦德摄)