Connect with us

Europe

တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသော ဗီဇာအပြန်အလှန်ကင်းလွတ်ခွင့် သဘောတူညီချက်ကို အဇာဘိုင်ဂျန်နိုင်ငံ လွှတ်တော် အတည်ပြု

ဘာကူ၊ မေ ၃၁ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်နိုင်ငံ လွှတ်တော်က တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသော ဗီဇာအပြန်အလှန်ကင်းလွတ်ခွင့် သဘောတူညီချက်ကို မေ ၃၀ ရက်က အတည်ပြုခဲ့သည်။
အဆိုပါနေ့ လွှတ်တော်မျက်နှာစုံအစည်းအဝေး၌ အဇာဘိုင်ဂျန်နှင့် တရုတ်မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသောနိုင်ငံသားများ၏ ဗီဇာအပြန်အလှန်ကင်းလွတ်ခွင့် သဘောတူညီချက်ကို လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ကြောင်း အဇာဘိုင်ဂျန်သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံ ပြည်သူများအား အလည်အပတ်တစ်ကြိမ်လျှင် ရက် ၃၀ ကြာအထိ ခွင့်ပြုထားပြီး ရက်ပေါင်း ၁၈၀ ရက်အတွင်း ရက်ပေါင်း ၉၀ ရက်ထက်မပိုသော နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
ယခုနှစ် ဧပြီလတွင် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်စဉ်အတွင်း နှစ်နိုင်ငံအစိုးရသည် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသောနိုင်ငံသားများ၏ ဗီဇာအပြန်အလှန်ကင်းလွတ်ခွင့် သဘောတူညီချက်ကို တရားဝင် လက်မှတ်ထိုးခဲ့ကြသည်။ (Xinhua)
…………………..
(Chinese Version)
阿塞拜疆议会批准与中国签署的互免签证协定
新华社巴库5月30日电(记者钟忠)阿塞拜疆国民会议(议会)30日批准该国与中国签署的互免签证协定。
据阿新社报道,议员们在当天的议会全体会议上表决通过了阿中互免持普通护照公民签证的协定。该协定允许两国公民在每次访问中免签停留最长30天,且在180天内累计停留不超过90天。按照协定,免签待遇仅适用于短期访问。
今年4月,阿塞拜疆总统阿利耶夫访华期间,两国政府正式签署关于互免持普通护照公民签证的协定。(完)