China
မိဘနှင့်ကင်းကွာသော ကလေးဘဝမှ တက္ကသိုလ်ကျောင်းသားအထိ ဖြစ်လာခဲ့သော ကောင်လေး၏ အိပ်မက်ခရီး

နန်နင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)
မိဘနှင့်ကင်းကွာသောကလေးဘဝမှ တက္ကသိုလ်ကျောင်းသားအထိ ယန်တုန်ချောင်းသည် ငယ်ဘဝအိပ်မက်ကို ဖြတ်သန်းကာ မျှော်မှန်းရာအိပ်မက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းခဲ့သည်။ ယန်တုန်ချောင်း၏ မိသားစုမှာ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုံစိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မာထီကျေးရွာစု တုန်းစိမ်းကျေးရွာတွင် နေထိုင်သည်။
၂၀၁၄ ခုနှစ် မေ ၂၁ ရက်တွင် သတင်းထောက်က မေးမြန်းရန် တုန်းစိမ်းကျေးရွာသို့ ပထမအကြိမ် လာရောက်စဉ်တွင် ၉ နှစ်အရွယ် ယန်တုန်ချောင်းသည် တုန်းစိမ်းမူလတန်းကျောင်း ပညာသင်ကြားနေသည့် တတိယတန်းကျောင်းသားလေးဖြစ်ပြီး မိဘနှင့်ကင်းကွာနေသော ကလေးတစ်ဦးဖြစ်ရာ တစ်နှစ်ပတ်လုံးတွင် အဘိုးအဘွားတို့နှင့် အတူနေထိုင်ကာ ၎င်းတို့အား အိမ်မှုကိစ္စများကို မိမိတတ်နိုင်သလောက် ကူညီပေးရသူဖြစ်သည်။ ကြိုးစားမှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ယန်တုန်ချောင်းသည် ကွမ်ရှီးဒေသ စက်မှုနှင့် လျှပ်စစ်အသက်မွေးဝမ်းကျောင်း နည်းပညာကောလိပ်သို့ တက်ရောက်နိုင်ခဲ့သည်။ ပညာသင်ကြားမှုအားလပ်ချိန်တွင် ၎င်းသည် အလုပ်ကြိုးစားလုပ်ကိုင်ကာ ၎င်း၏နေထိုင်စရိတ်များကို ဖြည့်ဆည်းခဲ့သည်။
“ငယ်ငယ်က ကျွန်တော့်မိသားစုဝင်တွေ စားဝတ်နေရေးအတွက် ရုန်ကန်းလှုပ်ရှားနေတာကိုမြင်ရတယ်။ ဒါကကျွန်တော့်ကို ကြိုးစားအားထုတ်ဖို့၊ စာကောင်းကောင်းသင်ဖို့ သန္နိဋ္ဌာန်ဖြစ်စေခဲ့သလို ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ပိုသာယာလှပတဲ့အနာဂတ်ကို ဖန်တီးချင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကြိုးစားရုန်းကန်မယ်ဆိုရင် လူ့ဘဝကလည်း လင်းလက်တောက်ပလာနိုင်တယ်ဆိုတာ သက်သေပြချင်ခဲ့တယ်” ဟု ယန်တုန်ချောင်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုံစိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မာထီကျေးရွာစုရှိ တုန်းစိမ်းမူလတန်းကျောင်း စာသင်ခန်းတွင် ပညာသင်ယူနေသော ယန်တုန်ချောင်း (အလယ်) အား ၂၀၁၄ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (အပေါ်ပုံ)၊ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ စက်မှုနှင့် လျှပ်စစ်အသက်မွေးဝမ်းကျောင်း နည်းပညာကောလိပ် စာသင်ခန်းတွင် ပညာသင်ယူနေသော ယန်တုန်ချောင်း (အလယ်) အား ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုံစိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မာထီကျေးရွာစု တုန်းစိမ်းကျေးရွာတွင် ယန်တုန်ချောင်းအား ၎င်းအိမ်ရှေ့၌ ၂၀၁၄ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (အပေါ်ပုံ)၊ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ စက်မှုနှင့် လျှပ်စစ်အသက်မွေးဝမ်းကျောင်း နည်းပညာကောလိပ်ကျောင်းဝင်းတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ယန်တုန်ချောင်းအား ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဆင်ဟွာ)
…………………….
(Chinese Version)
从留守儿童到大学生的追梦男孩
新华社照片,南宁,2025年5月31日
从留守儿童到大学生,阳董超穿越童年的梦想,步步追梦前行。 阳董超家住广西龙胜各族自治县马堤乡东升村。2014年5月21日,记者第一次到东升村采访时,9岁的阳董超是东升小学三年级的学生,是一名留守儿童,常年和爷爷奶奶生活,帮他们做力所能及的家务。 经过努力,阳董超于2024年考上广西机电职业技术学院。学业之余,他通过勤工助学补贴生活费用。 “小时候,我看到家人为生活奔波,这促使我立志发奋图强,努力读书,渴望用自己的努力创造更美好的未来。同时,我也想证明,只要努力拼搏,人生也会绽放光彩。”阳董超说。
图说1-2:拼版照片:上图为阳董超(中)在广西龙胜各族自治县马堤乡东升小学课堂上听课(2014年5月21日摄);下图为阳董超(中)在广西机电职业技术学院课堂上听课(2025年5月28日摄)。 新华社记者 陆波岸 摄
图说3:拼版照片:上图为阳董超在广西龙胜各族自治县马堤乡东升村家门前留影(2014年5月21日摄);下图为阳董超在广西机电职业技术学院校园里留影(2025年5月28日摄)。