Connect with us

China

ရုရှား-ယူကရိန်း ပဋိပက္ခစစ်မြေပြင်တွင် လက်နက်အရေအတွက် စဉ်ဆက်မပြတ်များပြားလာခြင်းက စစ်မီးကိုသာ ကြာရှည်စေမည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ မေ ၃၁ ရက် (ဆင်ဟွာ)
စစ်မြေပြင်တွင် လက်နက်အရေအတွက် စဉ်ဆက်မပြတ်များပြားလာခြင်းက ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုဆိုးရွာလာကာ စစ်မီးကိုသာ ကြာရှည်စေမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မေ ၃၀ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ယူကရိန်းအား လက်နက်ထောက်ပံ့သည့်ကိစ္စရပ် စိစစ်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ပဋိပက္ခ ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲအဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ တိုက်တွန်းခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယူကရိန်းအကျပ်အတည်းသည် ဆက်လက်ရှည်ကြာလျက်ရှိပြီး အရပ်သားပြည်သူများ သေဆုံံးဒဏ်ရာရမှု အရေအတွက်မှာ စဉ်ဆက်မပြတ် တိုးပွားလျက်ရှိရာ အလွန်စိတ်မကောင်းဖြစ်ရသလို စိုးရိမ်ပူပန်ရကြောင်း၊ လက်ရှိ ရုရှား-ယူကရိန်း နှစ်ဖက်က တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေသည့် အခြေအနေတွင်ပင် စစ်မြေပြင်တွင် လက်နက်အရေအတွက် စဉ်ဆက်မပြတ်များပြားလာခြင်း၊ လူသေစေနိုင်မှုနှင့် ဒဏ်ရာရစေနိုင်မှု အဆက်မပြတ်အားကောင်းလာခြင်းကလည်း ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုဆိုးရွာလာစေကာ စစ်မီးကိုသာ ကြာရှည်စေမည်ဖြစ်ပြီး ယင်းမှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲအဆုံးသတ်ရေး မြှင့်တင်ရန် အကျိုးမပြုသလို နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျမျှော်လင့်ချက်များနှင့် ဆန့်ကျင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဘက်အသီးသီးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေး ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း၊ အခြေအနေများ ဖန်တီးခြင်း၊ အကူအညီ ပံ့ပိုးခြင်းတို့ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း၊ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုနှင့် တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းမပြုဘဲ အခြေအနေ ဖြေလျှော့ရေး၊ နိုင်ငံရေးအရ ဖြေရှင်းရေးကို တွန်းအားပေးရန် ပဋိပက္ခ ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်သူများအနေဖြင့် အတူတကွ အားထားလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်၏ ပါဝင်ဆွေးနွေးမှုတွင် မဟုတ်မမှန်သော အချက်အလက်များ ထပ်မံဖြန့်ဝေကာ တရုတ်အပေါ် စွပ်စွဲပုတ်ခတ်ပြောဆိုမှုကို တုံ့ပြန်သောအားဖြင့် ကိန်းစွမ်က ယင်းမှာ လုံးဝ လက်ခံ၍မရကြောင်း၊ ရှေ့တစ်ခေါက်တွင် အမေရိကန်ဘက်က အလားတူ ကိစ္စရပ်၊ အလားတူ ဖော်ပြချက်ဖြင့် လုံခြုံရေးကောင်စီ၌ တရုတ်ကို စွပ်စွဲခဲ့သည်မှာ ယခုနှစ် ဇန်နဝါရီလ အမေရိကန် အစိုးရဟောင်းလက်ထက်ကပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၄ လကြာကာလအတွင်း လုံခြုံရေးကောင်စီသည် ယူကရိန်းအရေး စိစစ်ဆွေးနွေးပွဲကို အကြိမ်များစွာ ပြုလုပ်ခဲ့ရာ အမေရိကန်နိုင်ငံက ဤအခြေအနေများကို အဆိုပြုခြင်းမရှိသလို မည်သည့်ဂရုစိုက်မှုများကိုမျှ ဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်း၊ အမေရိကန်ဘက်က ယနေ့တွင် ဓာတ်ပြားဟောင်းကိုသာ ပြန်ဖွင့်နေပြီး တရုတ်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲမှုများ ပြန်လည်စတင်ခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ၌ အမေရိကန်၏ ဆောင်ရွက်ချက်က တရုတ်နိုင်ငံအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများသည် အမှန်တရားကို အရင်းခံထားခြင်း လုံးဝမဟုတ်သလို ပြဿနာကိုဖြေရှင်းရန်အတွက်လည်း လုံးဝမဟုတ်ကြောင်း၊ ၎င်းတို့၏ နိုင်ငံရေးအရ လိုအပ်ချက်အတွက်သာဖြစ်ပြီး ယင်းမှာ ပြောင်ပြောင်တင်းတင်း နိုင်ငံရေး ခြယ်လှယ်မှုဖြစ်သည်ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မည်သည့် ပဋိပက္ခဖြစ်နေသည့်ဘက်ကိုမျှ သေစေနိုင်သော လက်နက်များ မထောက်ပံ့ခဲ့သလို စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အစဉ်အမြဲလိုပင် တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း၊ တရုတ်နိုင်ငံသည် အခြေအမြစ်မရှိသော စွပ်စွဲပြောဆိုမှုနှင့် နိုင်ငံရေးခြယ်လှယ်မှုများကို အခိုင်အမာ ကန့်ကွက်ကြောင်း ကိန်းစွမ်က ထပ်လောင်းပြောကြားခဲ့သည်။

စစ်ပွဲဖြစ်ပွားရခြင်းနှင့် ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အမေရိကန်တွင် ကြီးမားသော တာဝန်ရှိသလို ပဋိပက္ခ ဆောလျင်စွာ အဆုံးသတ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုပြုလုပ်သည့် အခန်းကဏ္ဍမှပါဝင်ရန်လည်း တာဝန်ရှိကြောင်း၊ အမေရိကန်အနေဖြင့် လက်ရှိ သံတမန်ရေး ကြိုးပမ်းမှုများအပေါ် အာရုံစိုက်ကာ အကျိုးမရှိသော စွပ်စွဲပြောဆိုမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中方代表:俄乌冲突战场上武器数量不断增加只会延长战火
新华社联合国5月30日电 中国常驻联合国副代表耿爽30日在安理会审议向乌克兰提供武器问题时发言指出,战场上武器数量不断增加,只会加剧对抗、延长战火。
耿爽说,自俄乌冲突爆发伊始,中方就呼吁冲突当事方尽快停火止战。遗憾的是,乌克兰危机仍在延宕,平民伤亡人数持续增加,令人深感痛心和忧虑。在当前俄乌双方开展直接谈判的背景下,战场上武器数量不断增加,致命性和杀伤性不断加强,只会加剧对抗、延长战火,不利于促成停火止战,有悖国际社会普遍期待。中方呼吁各方为和谈营造氛围、创造条件、提供帮助,呼吁冲突当事方共同致力于推动局势降温、政治解决,而不是持续开展军事对抗和袭击。
针对美国代表在发言中再次传播虚假信息,对中方进行污蔑抹黑,耿爽表示完全不可接受。他说,上一次美方就同样的问题、以同样的叙事在安理会指责中方,还是在今年1月美国上届政府期间。在过去4个多月里,安理会多次审议乌克兰问题,美国未再提及这些情况,也未再表现出任何的关心。美方今天再次老调重弹,又开始对中方进行无端指责。美方在安理会的表现,进一步证明美方对中方的攻击根本不是基于事实,也根本不是为了解决问题,而是出于自身的政治需要,是赤裸裸的政治操弄。
耿爽重申,中方从未向冲突任何一方提供致命性武器,始终严格管控军民两用物项。中方坚决反对无端指责和政治操弄。美国对战争爆发和延续负有重大责任,当然也有责任为早日结束冲突作出努力、发挥作用。中方敦促美方聚焦当前的外交努力,停止无聊的指责游戏。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.