Connect with us

China

ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတွင် နယ်စပ်ဂိတ် အကောက်ခွန်ရှင်းလင်းရေးထိရောက်မှု မြှင့်တင်ပေးခြင်းဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှု အထောက်အကူပြု

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ယန်ဖူ အင်တာနေရှင်နယ် ကွန်တိန်နာ ဆိပ်ကမ်းကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ မေ ၃၁ ရက် (ဆင်ဟွာ)
“လူပုဂ္ဂိုလ်များ အဝင်အထွက် လွတ်လပ်လွယ်ကူအဆင်ပြေရေး၊ သယ်ယူပို့ဆောင်မှု လွတ်လပ်လွယ်ကူအဆင်ပြေရေး” သည် “ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတည်ဆောက်ရေး အလုံးစုံစီမံချက်” ၏ အရေးကြီးသော စနစ်ဒီဇိုင်းနှင့် လုပ်ငန်းတာဝန်ရည်မှန်းချက်ဖြစ်သည်။

မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ဟိုင်နန်နယ်စပ်စစ်ဆေးရေးအာဏာပိုင်များသည် ဤမူဝါဒရည်မှန်းချက်ကို အာရုံစိုက်ကာ အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုနှင့် နယ်စပ်ဂိတ်စီမံခန့်ခွဲမှုများကို စနစ်အသွင်ပြောင်းရေး၊ စမတ်အသွင်ပြောင်းရေး၊ စည်းစနစ်တကျအသွင်ပြောင်းရေးကို တွန်းအားပေးပြီး ဆိပ်ကမ်း အကောက်ခွန်ရှင်းလင်းရေးထိရောက်မှုကို မြှင့်တင်ခဲ့သည်။ ယနေ့ ဟိုင်နန်တွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်များ ကူးလူးသွားလာရေး ပိုမို လွတ်လပ်လွယ်ကူလာခဲ့သလို အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၊ တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) စသည့် အရေးကြီးသော အခမ်းအနား အမျိုးမျိုး၊ ပြပွဲ၊ နိုင်ငံတကာ ပြိုင်ပွဲစသည့် တိုက်ရိုက် အကျိုးအမြတ်များကိုလည်း ရရှိစေခဲ့သည်။

လတ်တလော ၃ နှစ်တာအတွင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် ဟိုင်နန်သို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ပြည်ဝင်လာသည့် နိုင်ငံခြား ခရီးသွားဧည့်သည်၏ ၈၁ ရာခိုင်နှုန်း၊ ပြည်ဝင်လာသည့် နိုင်ငံခြား ခရီးသွားဧည့်သည်က ပြည်ဝင်လာသည့် ခရီးသွားဧည့်သည် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း၊ သင်္ဘောနယ်စပ်စစ်ဆေးရေး အကောက်ခွန်ရှင်းလင်းရေးနှင့် သင်္ဘောသားဝန်ထမ်း တာဝန်ချိန်လဲလှယ်ရေးလုပ်ငန်းစဉ် လုပ်ဆောင်သည့်အချိန်များသည် ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားပြီး ဟိုင်နန်မှ ကျန်းရှုံငါးသားပေါက် တင်ပို့မှုအကောင်ရေပေါင်း ၁၅.၈၁ သန်းခန့်၊ ကုန်စည်တန်ဖိုးပေါင်း ယွမ် ၄၃၀ သန်းခန့်၊ နိုင်ငံခြား တွင်းတူးပလက်ဖောင်း သင်္ဘောသားဝန်ထမ်းပေါင်း ၁၀,၀၀၀ ကျော်အား ထိရောက်စွာ ဝန်ဆောင်မှုပေးကြောင်း ဟိုင်ခို ပြည်ဝင်၊ ပြည်ထွက် နယ်စပ်စစ်ဆေးရေးစခန်း၏ စာရင်းအင်းများအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ယန်ဖူ အင်တာနေရှင်နယ် ကွန်တိန်နာ ဆိပ်ကမ်းမှ ထွက်ခွာသွားသော ကွန်တိန်နာသင်္ဘောတစ်စင်းအား ဝေဟင်မှ မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(Chinese Version)
海南自贸港:提升口岸通关效率 助力高水平开放
新华社照片,海口,2025年5月31日
“实现人员进出自由便利、运输来往自由便利”是《海南自由贸易港建设总体方案》的重要制度设计和任务目标。近年来,海南边检机关聚焦该政策目标,促进通关服务和口岸管理制度化、智能化、规范化,提升口岸通关效率。 如今的海南,中外人员交流往来更加自由快捷,也让博鳌亚洲论坛年会、中国国际消费品博览会等各类重要活动、主题展会、国际赛事等直接受益。 据海口出入境边防检查总站统计,近三年来,免签入境海南旅客占入境外国旅客的81%,入境外国旅客占入境旅客总数比例达42%;船舶边检通关时间和船员换班手续时间分别减少20%和30%,累计服务海南章雄鱼苗出口约1581万尾,货值约4.3亿元人民币,高效办理外籍钻井平台船员1万余人次。
图说1:这是海南洋浦国际集装箱码头(5月28日摄,无人机照片)。 新华社记者 杨冠宇 摄
图说2:一艘集装箱货轮驶离海南洋浦国际集装箱码头(5月28日摄,无人机照片)。新华社记者 杨冠宇 摄