International Organizations
တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံ (UNOC3) ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ဖွင့်လှစ်ကျင်းပ

နိစ် ၊ဇွန် ၁၀ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံနှင့် ကော့စတာရီကာနိုင်ငံတို့ ပူးတွဲကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံ (UNOC3) ကို ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ဇွန် ၉ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ နိုင်ငံအသီးသီးမှ အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဌာနစသည့် နယ်ပယ်အသီးသီးတို့မှ ကိုယ်စားလှယ်များသည် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်သမုဒ္ဒရာစီမံခန့်ခွဲရေးနှင့်စပ်လျဉ်း၍ အတူတကွဆွေးနွေးညှိနှိုင်းရန် ဤနေရာတွင် စုဝေးခဲ့ကြသည်။
အဆိုပါညီလာခံသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ်တံ့ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၁၄ (SDG14) ကို လမ်းညွှန်အဖြစ် သတ်မှတ်၍ အဓိကခေါင်းစဉ်မှာ “ပင်လယ်သမုဒ္ဒရာကို ထိန်းသိမ်းရန်နှင့် စဉ်ဆက်မပြတ် အသုံးပြုရန် အရှိန်မြှင့်တင်လှုပ်ရှားရေးနှင့် လှုပ်ရှားသူအားလုံးပါဝင်ရေး” ဟူ၍ ဖြစ်သည်။
တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ညီလာခံ၏ အဓိက ဦးစားပေး ကိစ္စရပ် သုံးရပ်မှာ (၁) ပင်လယ်သမုဒ္ဒရာနှင့် သက်ဆိုင်သော ဘက်စုံလုပ်ငန်းစဉ်များ အောင်မြင်စွာ ပြီးမြောက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ကာ ပင်လယ်သမုဒ္ဒရာထိန်းသိမ်းရေး စိတ်အားထက်သန်မှုကို မြှင့်တင်ပေးခြင်း၊ (၂) SDG14 အတွက် ရန်ပုံငွေ စုဆောင်းခြင်းနှင့် စဉ်ဆက်မပြတ်သော အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ခြင်း၊ (၃) ပိုမိုကောင်းမွန်သော မူဝါဒချမှတ်နိုင်ရန်အတွက် ပင်လယ်သမုဒ္ဒရာသိပ္ပံပညာရပ်ဆိုင်ရာ အသိပညာများကို အားကောင်းစေခြင်းနှင့် ဖြန့်ဝေခြင်း တို့ဖြစ်သည်။
ပင်လယ်သမုဒ္ဒရာသည် လူသားမျိုးနွယ် ဘုံစည်းစိမ်ဥစ္စာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာထိန်းသိမ်းရေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒလိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် လုပ်ဆောင်မှုများ ပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုအား တိုးမြှင့်ရန်၊ “ကျန်းမာသော ပင်လယ်သမုဒ္ဒရာမရှိရင် ကျန်းမာတဲ့ ကမ္ဘာကြီးလည်းရှိလာမှာမဟုတ်ဘူး” ဟူ၍ ၎င်းက တိုက်တွန်းခဲ့သည်။
ပင်လယ်သမုဒ္ဒရာ၊ ရာသီဥတု၊ ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲ စသည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များသည် နီးကပ်စွာ ဆက်စပ်နေကြပြီး “ပင်လယ်သမုဒ္ဒရာအတွက် တိုက်ပွဲဝင်ရာမှာ အနိုင်ရဖို့အတွက် ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျွန်တော်တို့ ခွန်အားတွေ ဖြည့်တင်းပေးရမယ်” ဟူ၍ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
လူသားတို့တွင် ပင်လယ်သမုဒ္ဒရာတစ်ခုကို အတူတကွပိုင်ဆိုင်ကြရာ အနာဂတ်အတွက် ပင်လယ်သမုဒ္ဒရာကို ကောင်းမွန်စွာ ထိန်းသိမ်းရမည်ဖြစ်သည်ဟု ကော့စတာရီကာနိုင်ငံ သမ္မတ Chaves Robles က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံ (UNOC3) မှာ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မျက်နှာစုံအစည်းအဝေး ၁၀ ခု၊ ပင်လယ်သမုဒ္ဒရာဆိုင်ရာ လှုပ်ရှားမှုဆိုင်ရာ အထူးဖိုရမ် ၁၀ ခု ကျင်းပသွားမည်ဖြစ်သည်။ ညီလာခံသည် ကျစ်လျစ်ပြည့်စုံသော၊ လက်တွေ့လုပ်ဆောင်မှုကို အလေးထားသည့် အစိုးရကြား သဘောတူညီထားသော ကြေညာစာတမ်းတစ်ရပ်ကို တစ်ပြေးညီဆွေးနွေးညှိနှိုင်းမှုဖြင့် အတည်ပြုခဲ့ရာ ကြေညာစာတမ်းနှင့် မိမိဆန္ဒအလျောက် ကတိပြုသောစာရင်း ကို “နိစ် ပင်လယ်သမုဒ္ဒရာဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်”အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညီလာခံ တရားဝင်ဝက်ဘ်ဆိုက်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
ပထမအကြိမ် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံကို ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့ပြီး ဖီဂျီနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ပူးတွဲကြီးမှူးကျင်းပခဲ့သည်။ ဒုတိယအကြိမ် ညီလာခံကို ၂၀၂၂ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့တွင် ကျင်းပခဲ့ပြီး ပေါ်တူဂီနှင့် ကင်ညာနိုင်ငံတို့ ပူးတွဲကြီးမှူးကျင်းပခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံ (UNOC3) ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသော ပြင်သစ်သမ္မတ မက်ခရွန်အား ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
第三届联合国海洋大会在法国尼斯开幕
新华社法国尼斯6月9日电(记者乔本孝)由法国和哥斯达黎加共同主办的第三届联合国海洋大会9日在法国尼斯开幕。各国政府、非政府组织、学术机构以及私营部门等各界代表汇集于此共商全球海洋治理。
大会以落实联合国可持续发展目标14(SDG14)为指引,总主题是“加快行动,动员所有行动者保护和可持续利用海洋”。官网列出大会三个主要优先事项:一是推动圆满完成海洋相关多边进程,提升海洋保护雄心;二是为SDG14筹资并支持可持续蓝色经济发展;三是夯实和传播海洋科学知识,以便更好地制定政策。
联合国秘书长古特雷斯在开幕式致辞时表示,海洋是人类的共同财富,保护海洋需要多边主义。他呼吁各国行动起来,加大投资力度,“没有健康的海洋,就没有健康的地球”。
法国总统马克龙在开幕致辞中表示,海洋、气候、环境、生物多样性等全球问题紧密相连,“要取得为海洋而战的胜利,我们要为以联合国为核心的多边主义体系注入力量”。哥斯达黎加总统查韦斯在开幕致辞中表示,人类共有同一个海洋,要为未来保护好海洋。
第三届联合国海洋大会为期5天,将举行10场全体会议、10场海洋行动专题论坛。大会官网介绍说,大会将以协商一致的方式通过一项简明扼要、注重行动和政府间商定的宣言,宣言和自愿承诺清单将被称为“尼斯海洋行动计划”。
首届联合国海洋大会于2017年在美国纽约举行,由斐济与瑞典共同主办。第二届大会于2022年在葡萄牙里斯本举行,由葡萄牙与肯尼亚共同主办。(完)
图说1:6月9日,在法国尼斯,一名嘉宾抵达第三届联合国海洋大会开幕式现场。新华社记者 高静 摄
图说2:6月9日,在法国尼斯,法国总统马克龙在第三届联合国海洋大会开幕式上致辞。新华社记者 高静 摄