North America
ထရမ့်နှင့် ဂါဗာန်နျူဆပ်တို့က “ပြည်တွင်းစစ်” ဆင်နွှဲနေသည်ဟု အပြန်အလှန် အပြစ်တင်ပြောဆို၊ လော့စ်အိန်ဂျလိစ် မြို့လယ်ကောင်တွင် ဆန္ဒပြသူတစ်ထောင်ကျော် ဆက်လက်စုဝေးနေ

နယူးယောက်/လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်နှင့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗာန်နျူဆမ်တို့သည် ဇွန် ၉ ရက်တွင် တစ်ဖက်က “ပြည်တွင်းစစ်” ဆင်နွှဲနေသည်ဟု အပြန်အလှန်ပြစ်တင်ပြောဆိုကြပြီး ထိုနေ့တွင်ပင် ဆန္ဒပြသူတစ်ထောင်ကျော်သည် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်တွင် ဆက်လက်စုဝေးလျက်ရှိကြောင်း သိရသည်။
လတ်တလောရက်ပိုင်းတွင် လော့စ်အိန်ဂျလိစ်မြို့၌ ပါဝင်ဆန္ဒပြသူများက “လှုံ့ဆော်မှုလုပ်ကိုင်သူများ” ၊ “သောင်းကျန်းသူများ” နှင့် “လူဆိုးများ” ဖြစ်ကြောင်း၊ ၎င်းတို့ထောင်ကျသင့်ကြောင်း၊ ဂါဗာန်နျူဆမ်ကမူ တာဝန်မကျေပွန်ကာ အလုပ်ကိုဆိုးရွားစွာ လုပ်ဆောင်သဖြင့် ဖမ်းခံရသင့်ကြောင်း ထရမ့်က ဇွန် ၉ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
သမ္မတက ပြည်တွင်းစစ်ကို တမင်စတင်နေသည်ဟု ဂါဗာန်နျူဆမ်၏ ပြောဆိုချက်ကို သတင်းထောက်က မေးမြန်းခဲ့ရာ ယင်းအပေါ် ထရမ့်က “ပြောင်းပြန်ပါပဲ။ ကျွန်တော်ကတော့ ပြည်တွင်းစစ် မဖြစ်စေချင်ဘူး။ ဒါပေမဲ့ အားလုံးက သူ့ (ဂါဗာန် နျူဆမ်) လိုလူမျိုး လုပ်ကိုင်တာကို ခွင့်ပြုထားမှသာ ပြည်တွင်းစစ်ဖြစ်လာမှာ” ဟု ထရမ့်က ပြောကြားခဲ့သည်။
“ကျွန်တော် သူ့ (ဂါဗာန် နျူဆမ်) ကို သဘောကျပါတယ်။ အရင်က ကျွန်တော်နဲ့သူ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ကြားမှာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူကတော်တော် အစွမ်းအစ မရှိတာပါ” ဟုလည်း ထရမ့်က ဆိုခဲ့သည်။
ထိုမတိုင်မီက ထရမ့်သည် ကယ်လီဖိုးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့များကို လော့စ်အိန်ဂျလိစ်ဒေသသို့ စေလွှတ်ရန် အမိန့်ချခဲ့ပြီး ဂါဗာန်နျူဆမ်က ထရမ့်သည် “အာဏာရှင်” တစ်ယောက်ကဲ့သို့ လုပ်ဆောင်သည်ဟု ပြစ်တင်ခဲ့သည်။ “သူက ငြိမ်းချမ်းရေး တည်ဆောက်ဖို့မဟုတ်ဘူး။ သူကစစ်လာတိုက်တာ။ သူက အမေရိကန်လမ်းမထက်မှာ ပြည်တွင်းစစ်ဆင်နွှဲချင်တာ။ ဒီနေရာမှာတင် မဟုတ်ဘူး” ဟု ၎င်းက လော့စ်အိန်ဂျလိစ် ဒေသတွင်းမီဒီယာများအား ပြောကြားခဲ့သည်။
ဇွန် ၈ ရက်တွင် ဆန္ဒပြသူပေါင်းတစ်ထောင်ကျော်နှင့် အမေရိကန် ဖက်ဒရယ်အစိုးရက စေလွှတ်သည့် အမျိုးသားအစောင့်တပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားပြီးနောက် လော့စ်အိန်ဂျလိစ်တွင် တင်းမာမှုများ အဆက်မပြတ် မြင့်တက်လာသည်။ ဆန္ဒပြသူပေါင်း တစ်ထောင်ကျော်က ဇွန် ၉ ရက်တွင် လော့စ်အိန်ဂျလိစ် မြို့လယ်ကောင် ဖက်ဒရယ်အဖွဲ့အစည်း အဆောက်အဦဇုန်၌ ဆက်လက်စုဝေးနေကြပြီး ထရမ့်အစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အများအပြားဖမ်းဆီးမှုနှင့် အမျိုးသားအစောင့်တပ်ဖွဲ့များ လော့စ်အိန်ဂျလိစ်ဒေသသို့ တပ်စွဲရန်စေလွှတ်ခြင်းကို ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသည့်လှုပ်ရှားမှုကို ဇွန် ၉ ရက် နံနက်ပိုင်းမှစတင်ခဲ့သည်ကို သတင်းထောက်က တွေ့မြင်ခဲ့ရသည်။ ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက နေရာအကျယ်ကြီးအတွင်း ဝန်းရံပိတ်ဆို့ထားသည်။ ၎င်းတို့သည် ဆန္ဒပြစာသားဆိုင်းဘုတ်များ ဝှေ့ယမ်းရင်း ကျယ်လောင်စွာ ဆန္ဒပြခဲ့ကြသော်လည်း ရဲတပ်ဖွဲ့ဝင်များထံ ခဲလုံး စသည့် ပစ္စည်းများဖြင့်ပစ်ပေါက်ခြင်းမရှိသလို ရဲဘက်ကလည်း အင်အားသုံး၍ လူစုခွဲမှုမရှိခဲ့ပေ။
မွန်းလွဲပိုင်းတွင် လော့စ်အိန်ဂျလိစ်ရဲစခန်းက အဆိုပါနေရာ၌စုဝေးမှုသည် တရားမဝင်စုဝေးမှုဖြစ်သည်ဟု ကြေညာခဲ့ပြီး ရဲအင်အားများ တိုးချဲ့စေလွှတ်ခဲ့သောကြောင့် အချင်းဖြစ်ပွားရာနေရာ၌ တင်းမာမှုများ ဆိုးရွားလာခဲ့သည်။ သတင်းတင်ဆက်ချိန်အထိ အဆိုပါနေရာတွင် လူရာချီနှင့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ ဖက်ဒရယ်အဖွဲ့အစည်း အဆောက်အဦတစ်ခု အပြင်၌ ထိပ်တိုက်ဖြစ်နေရာ နှစ်ဖက်က ပဋိပက္ခဖြစ်ပွားမှုမရှိပေ။
ဇွန် ၉ ရက်နံနက်ပိုင်းတွင် အမေရိကန် ဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းများ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (SEIU) အဖွဲ့ဝင်များက လော့စ်အိန်ဂျလိစ် မြို့လယ်ကောင် အခြားတစ်နေရာ၌ ဆန္ဒပြမှုလုပ်ဆောင်ခဲ့ပြီး ဇွန် ၇ ရက်တွင် တရားဥပဒေစိုးမိုးရေး နှောင့်ယှက်မှု အကြောင်းပြချက်ဖြင့် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများ၏ ဖမ်းဆီးမှုခံရသည့် SEIU ကယ်လီဖိုးနီးယား ဌာနခွဲ ဥက္ကဋ္ဌ ဒေးဗစ်ဝဲလ်သာအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဒေးဗစ်ဝဲလ်သာ ဖမ်းခံရမှုသည် အမေရိကန်နိုင်ငံတစ်ဝန်းရှိ အဆိုပါ အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နိုင်ငံရေးလောက လူပုဂ္ဂိုလ်များ၏ ဝေဖန်ခြင်းခံခဲ့ရသည်။ SEIU သည် အမေရိကန်တစ်ဝန်း မြို့ပေါင်း ၁၀ မြို့ကျော်၌ ဆန္ဒပြမှုများလုပ်ဆောင်သွားခြင်းဖြင့် ထောက်ခံအားပေးမှု ပြသရန် စီစဉ်ထားသည်။ ဒေးဗစ်ဝဲလ်သာသည် ဇွန် ၉ ရက် ညနေပိုင်းတွင် အာမခံဖြင့် လွတ်မြောက်လာခဲ့သည်။
လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က ဇွန် ၉ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးသတင်းအရ ဇွန် ၇ ရက်မှ စတင်သည့် လော့စ်အိန်ဂျလိစ် အကြီးစားဆန္ဒပြမှုတွင် ရဲဘက်က လူ ၇၀ နီးပါး ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်၏ အခြားမြို့များဖြစ်သည့် ဥပမာအားဖြင့် အတ္တလန္တာ၊ ဘောစတွန်၊ ရှားလော့တ်၊ ချီကာဂို၊ ဒန်ဗား၊ ဟဲရစ်စ်ဘာ့ဂ်၊ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ ပစ်တ်စ်ဘာ့ဂ်၊ ပေါ့တ်လန်၊ ဆာခရာမန်တို၊ ဆီယက်တယ် စသည့်ဒေသများတွင်လည်း ဆန္ဒပြမှုများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန တံခါးရှေ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များအား ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန တံခါးရှေ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များအား ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန တံခါးရှေ့တွင် ဆန္ဒပြသူများနှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ဖြစ်ပွားနေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန တံခါးရှေ့တွင် ဆန္ဒပြသူများနှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ဖြစ်ပွားနေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
特朗普与纽森互指对方要打“内战” 上千示威者继续在洛杉矶市中心聚集
新华社纽约/洛杉矶6月9日电(记者夏林 黄恒)美国总统特朗普与加州州长纽森9日互指对方要打“内战”,上千示威者同一天继续在洛杉矶市中心聚集。
特朗普9日在白宫对记者表示,近日在洛杉矶参与抗议的人都是“职业煽动者”“叛乱分子”和“坏人”,应该坐牢,而纽森极不称职,工作干得很糟,应该被抓起来才对。
有记者提出纽森说总统有意挑起内战,特朗普对此表示,“正相反,我不希望发生内战,但大家任由像他(纽森)那样的人行事,才会发生内战”。
特朗普还说:“我喜欢他(纽森),之前我和他相处得很好,我们之间没有问题,但他非常无能。”
此前,就特朗普下令调遣加州国民警卫队进入洛杉矶地区,纽森指责特朗普表现得像个“独裁者”。他对洛杉矶当地媒体说:“他不是为了建立和平。他是来打仗的。他想在美国街头发动内战,而不仅仅是在这里。”
继8日千余名抗议者与美国联邦政府调遣的国民警卫队发生冲突之后,洛杉矶紧张气氛持续升级。上千名示威者9日继续在洛杉矶市中心联邦机构建筑区聚集,抗议特朗普政府大肆抓捕非法移民和调遣国民警卫队进驻洛杉矶地区。
记者在现场看到,示威抗议活动从9日上午开始,示威者们被军警包围在一大片区域内,他们挥舞标语,高声抗议,但没有向警方投掷石块等物品,警方也没有动用武力驱散人群。
午后,洛杉矶警局宣布该处聚集属非法集会,并加派大量警力,现场紧张气氛加剧。至发稿时,现场还有数百人在一处联邦机构建筑外与国民警卫队人员对峙,双方没有发生冲突。
9日上午,美国服务行业雇员国际工会成员在洛杉矶市中心另一处地点举行示威,要求释放7日以妨碍执法为由遭联邦执法人员逮捕的该组织加州分部主席戴维·韦尔塔。韦尔塔被捕引发了全美范围内该工会成员和政界人士的批评。服务行业雇员国际工会计划在全美十多座城市举行示威活动予以声援。韦尔塔9日下午获保释。
洛杉矶警方9日发布的最新消息说,在自7日开始的洛杉矶大规模抗议活动中,警方已逮捕近70人。
据悉,美国其他城市,如亚特兰大、波士顿、夏洛特、芝加哥、丹佛、哈里斯堡、纽约、费城、匹兹堡、波特兰、萨克拉门托、西雅图等地,也都在酝酿抗议活动。(完)
1. 6月9日,美国总统特朗普返回华盛顿白宫。新华社记者 胡友松 摄
2、3. 6月8日,国民警卫队人员在美国加利福尼亚州洛杉矶市中心的联邦执法机构门前警戒。新华社发(邱晨摄)
4、5. 6月8日,在美国加利福尼亚州洛杉矶市中心的联邦执法机构门前,抗议者与国民警卫队人员对峙。新华社发(邱晨摄)