Connect with us

China

တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာညီလာခံ (UNOC3) သို့ ဟန်ကျိန့် တက်ရောက်၍ အထွေထွေဆွေးနွေးပွဲတွင် အမှာစကားပြောကြား

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် ပြင်သစ်နိုင်ငံတွင် ကျင်းပသော တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာညီလာခံ (UNOC3) သို့ တက်ရောက်ကာ အထွေထွေဆွေးနွေးပွဲတွင် အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိစ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ဇွန် ၈ ရက်မှ ၉ ရက်အထိ ပြင်သစ်နိုင်ငံသို့ သွားရောက်၍ တတိယအကြိမ်မြောက် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာညီလာခံ (UNOC3) တက်ရောက်ကာ အထွေထွေဆွေးနွေးပွဲတွင် အမှာစကားပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ဟန်ကျိန့်က အဏ္ဏဝါသမုဒ္ဒရာအပါအဝင် ကဏ္ဍစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ဖော်ဆောင်မည်ဆိုလျှင် ဘက်ပေါင်းစုံက သမိုင်းပေးတာဝန်ကို အတူတကွ ထမ်းဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်က မိမိတို့ လူသားများနေထိုင်ရာ ဤအပြာရောင်ဂြိုဟ်သည် ပင်လယ်သမုဒ္ဒရာများဖြင့် သီးခြားစီ ခွဲခြားထားသော ကျွန်းများ မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာဖြင့် ချိတ်ဆက်ထားသော အေးအတူ ပူအမျှအသိုက်အဝန်းဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့ကြောင်း၊ ယခုနှစ်သည် ကုလသမဂ္ဂတည်ထောင်သည့် နှစ် ၈၀ ပြည့်ဖြစ်ရာ မိမိတို့အနေဖြင့် ယခုအကြိမ် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာညီလာခံကို အခါအခွင့်အဖြစ်ထားရှိကာ အရင်းအမြစ် ကာကွယ်ထိန်းသိမ်းမှုနှင့် စဉ်ဆက်မပြတ်အသုံးချမှုကို စုစည်းစီမံ၍ ပင်လယ်သမုဒ္ဒရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။

ပထမအနေဖြင့် ငြိမ်းချမ်း၍ လုံခြုံသော ပင်လယ်သမုဒ္ဒရာကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အတူတကွ လေးစားလိုက်နာကာ လူသားမျိုးနွယ် အတူတကွ ဆက်ခံကြသည့် ဥစ္စာဓနများကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အများအကျိုးဖြစ်ထွန်း၍ သာယာဝပြောသော ပင်လယ်သမုဒ္ဒရာကို အတူတကွ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်း အပြန်အလှန်ချိတ်ဆက်မှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျွန်းနိုင်ငံငယ်များ စသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဖော်ဆောင်မှုကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။

တတိယအနေဖြင့် ယဉ်ကျေးမှု အပြန်အလှန်ပေါင်းစည်းသည့် ပင်လယ်သမုဒ္ဒရာကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာ ယဉ်ကျေးမှုကဏ္ဍစုံလင်ခြင်းအပေါ် လေးစားကာ ပင်လယ်သမုဒ္ဒရာဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းများကို ပိုမိုထူထောင်၍ တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်မှုရှိသော ပင်လယ်သမုဒ္ဒရာဆိုင်ရာ စည်းစနစ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် သန့်ရှင်း၍ လှပသော ပင်လယ်သမုဒ္ဒရာကို အတူတကွ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားမည်ဖြစ်သလို ပင်လယ်သမုဒ္ဒရာစီမံခန့်ခွဲမှုကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသွားမည် ဖြစ်သလို “အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူညီချက်” ဆောလျင်စွာ အသက်ဝင်ရေးနှင့် ဘက်စုံလည်ပတ်ဆောင်ရွက်နိုင်ရန် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကာလတွင် ဟန်ကျိန့်သည် ပြင်သစ်သမ္မတ မက်ခရွန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

မက်ခရွန်နှင့် တွေ့ဆုံဆွေးနွေးစဉ် ဟန်ကျိန့်က သမ္မတ မက်ခရွန်အား သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်သည် လွန်ခဲ့သည့်လတွင် အဆွေတော် သမ္မတနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ တရုတ်-ပြင်သစ် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး တိုးမြှင့်ရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ပြီး အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။

ယခုအကြိမ် မိမိအနေဖြင့် ပြင်သစ်နိုင်ငံတွင် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံ တက်ရောက်ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ရာ ကုလသမဂ္ဂနှင့် ပြင်သစ် အတူတကွကျင်းပသော ညီလာခံအပေါ် အားပေးထောက်ခံမှုကို ပြသနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံ၏ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုအား လက်ကိုင်ထားမှုကို အားပေးထောက်ခံကြောင်း၊ ပြင်သစ်နိုင်ငံနှင့်အတူ နှစ်ဖက် မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ တရုတ်-ပြင်သစ် ဆက်ဆံရေး တိုးတက်ရန် စွမ်းအားသစ်များ ဖြည့်တင်းသွားလိုကြောင်း၊ လက်ရှိ ရှုပ်ထွေးလှသည့် နိုင်ငံတကာအခြေအနေအောက်တွင် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ခြင်းသည် နှစ်ဖက်နှင့် ကမ္ဘာအတွက် အကျိုးရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်အတူ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အခါသမယကို အခါအခွင့်အဖြစ်ထားရှိကာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တစ်ဆင့်တိုးချဲ့၍ တရုတ်-ဥရောပ ဆက်ဆံရေး တိုးတက်မှုအသစ် ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မက်ခရွန်က ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ညီလာခံသို့ ဟန်ကျိန့်တက်ရောက်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် သမ္မတ ရှီကျင့်ဖိန်ထံသို့ ဆုမွန်ကောင်းတောင်းစကားအား တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ရေရှည် ယုံကြည်အားထားရသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အနေဖြင့် ရှုမြင်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြင်သစ်-တရုတ် နိုင်ငံကြီး နှစ်နိုင်ငံ အဆင့်မြင့်အလွှာ အနီးကပ်ကူးလူးဖလှယ်ခြင်း၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရာတွင် လွန်စွာ အရေးကြီးကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ်လုပ်ဆောင်သွားလိုကြောင်း၊ နိုင်ငံတကာ စီးပွားရေးနှင့်ဘဏ္ဍာရေးကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်သွားလိုကြောင်း၊ ဥတုရာသီပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးစိတ်ကွဲများ ကာကွယ်ထိန်းသိမ်းမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲအတူရင်ဆိုင်သွားမည် ဖြစ်သလို နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းကာ ဂယက်ရိုက်ခတ်နေသည့်ကမ္ဘာတွင် အပြုသဘောဆောင်သည့် အင်အားကြီးနှစ်ရပ်အဖြစ် လုပ်ဆောင်လျက် ကမ္ဘာကြီးအတွက် သေချာရေရာမှုများ ပိုမို ဖြည့်တင်းသွားလိုကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ဂူတာရက်စ်နှင့် တွေ့ဆုံရာတွင် ဟန်ကျိန့်က နိုင်ငံတကာအခြေအနေ ပို၍ ပြောင်းလဲရှုပ်ထွေးရောယှက်လေ၊ ကုလသမဂ္ဂ၏ဩဇာအရှိန်အဝါကို ပို၍ အခိုင်အမာထားပြီး ကာကွယ်ထိန်းသိမ်းရလေဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ထောက်ပြထားသည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို အစဉ်အမြဲ အားပေးထောက်ခံသလို ကုလသမဂ္ဂက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲ အခိုင်အမာ လက်ကိုင်ထားမှုအား တန်ဖိုးထားချီးကျူးပါကြောင်း၊ ယခုနှစ် ကုလသမဂ္ဂတည်ထောင်သည့် နှစ် ၈၀ ပြည့် အခါသမယကို အခါအခွင့်အဖြစ် ထားရှိကာ ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်သွားကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် အကျိုးသစ်များ ထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂူတာရက်စ်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုပ်ငန်းများအပေါ် ရေရှည် အခိုင်အမာ အားပေးထောက်ခံသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်စောင့်ရှောက်မှု၏ အဓိကထောက်တိုင်နှင့် ကုလသမဂ္ဂ၏ အဓိကပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အခိုင်အမာ လေးစားလိုက်နာသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံတကာ စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းပြီး ပင်လယ်သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ရေး၊ ဥတုရာသီပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
韩正出席第三届联合国海洋大会并在一般性辩论上发言
新华社法国尼斯6月9日电(记者严明 董雪)当地时间6月8日至9日,国家副主席韩正应邀赴法国出席第三届联合国海洋大会并在一般性辩论上发言。
韩正表示,要实现包括海洋在内的各领域可持续发展目标,需要各方共担使命。习近平主席指出,我们人类居住的这个蓝色星球,不是被海洋分割成了各个孤岛,而是被海洋连结成了命运共同体。今年是联合国成立80周年,我们要以本届联合国海洋大会为契机,统筹资源保护和可持续利用,推动海洋可持续发展,推动构建人类命运共同体。   一是共建和平安全的海洋。践行真正的多边主义,共同遵守国际海洋规则,捍卫人类共同继承财产。二是共建普惠繁荣的海洋。积极促进海上互联互通和务实合作。中国将开展双多边合作项目,支持小岛屿国家等发展中国家落实可持续发展目标。三是共建文明交融的海洋。尊重海洋文明多样性,设立更多涉海对话平台,构建公平、正义、开放、包容的海洋秩序。四是共建清洁美丽的海洋。中方将通过全球发展和南南合作基金,同有关国际组织加强合作,促进海洋治理,推动绿色发展,支持《海洋生物多样性协定》尽早生效和全面运作。
与会期间,韩正还分别同法国总统马克龙、联合国秘书长古特雷斯举行会见。
会见马克龙时,韩正转达习近平主席对马克龙总统的问候,表示习近平主席上个月同总统先生通电话,就加强中法团结协作、维护多边主义、促进世界和平稳定等问题深入交流并达成重要共识。此次我来法国出席联合国海洋大会,就是落实两国元首重要共识,体现对联合国和法方办会的支持。中方支持法方坚持战略自主,愿同法方加强双多边战略沟通协作,为中法关系发展注入新动力。当前复杂国际形势下,中欧加强合作有利于双方和世界。中方愿同欧方以建交50周年为契机,进一步拓展合作领域,推动中欧关系取得新发展。
马克龙感谢韩正出席联合国海洋大会,请韩正转达对习近平主席的良好祝愿,表示法方将中国视为长期可信赖的合作伙伴,当前形势下法中两个大国密切高层交往、加强沟通合作对维护世界和平与安全至关重要。法方愿同中方密切双边经贸合作,加强国际经济金融领域沟通协调,携手应对气候变化、保护生物多样性等全球性挑战,维护多边主义,做动荡世界中的两大建设性力量,为世界增加更多确定性。
会见古特雷斯时,韩正表示,习近平主席指出,国际形势越是变乱交织,越要坚持和维护联合国权威。中方始终支持联合国在国际事务中发挥核心作用,赞赏联合国一贯坚持一个中国原则,愿以今年联合国成立80周年为契机,同联合国进一步加强合作,践行真正的多边主义,为世界和平与发展事业作出新的贡献。
古特雷斯感谢中国长期以来坚定支持联合国事业,是捍卫多边主义的重要支柱和联合国的关键合作伙伴。联合国坚定遵守联大第2758号决议,愿同中国进一步全面深化合作,捍卫多边主义和国际秩序,维护世界和平与安全,更好应对保护海洋生物多样性、气候变化等挑战。(完)
1. 当地时间6月8日至9日,国家副主席韩正应邀赴法国出席第三届联合国海洋大会并在一般性辩论上发言。这是6月9日,韩正在一般性辩论上发言。 新华社记者 丁海涛 摄