Connect with us

North America

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက လော့စ်အိန်ဂျလိစ်သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ထပ်တိုးစေလွှတ်မည်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖက်ဒရယ်တရားဥပဒေစိုးမိုးရေးဌာနအရှေ့တွင် လုံခြုံရေးယူနေသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

သမ္မတ ထရမ့်၏ အမိန့်အရ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသသို့ ထပ်တိုးစေလွှတ်ပြီး ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုကို ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇွန် ၉ ရက်တွင် အတည်ပြုခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့် အမေရိကန် ဖက်ဒရယ်ဌာနဝန်ထမ်းများသည် လော့စ်အိန်ဂျလိစ် ပြည်သူလူထုနှင့် ရက်ပေါင်းဆက်တိုက် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ထရမ့်က ဇွန် ၇ ရက်တွင် သမ္မတစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၏ အကူအညီတောင်းခံမှု မရှိသည့်အခြေအနေမျိုးတွင် လော့စ်အိန်ဂျလိစ်ဒေသ၌ တပ်စွဲရန် ကယ်လီဖိုးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ခဲ့သည်။

အမေရိကန် မြောက်ပိုင်းဒေသစစ်ဌာနချုပ်၏ ဇွန် ၉ ရက် ကြေညာချက်အရ မရိန်းတပ်သား ၇၀၀ ခန့် စည်းရုံးပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသ၌ ဖြန့်ကြက်ထားသော အမျိုးသားအစောင့်တပ်ဖွဲ့နှင့် “လစ်လပ်မှုမရှိ ချိတ်ဆက်” သွားမည် ဖြစ်ပြီး လော့စ်အိန်ဂျလိစ်ဒေသရှိ ဖက်ဒရယ်ဌာနနှင့်‌ ဝန်ထမ်းများကို ကာကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထရမ့်အစိုးရနှင့် ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်သည့် ကယ်လီဖိုနီးယားပြည်နယ်ကြားတွင် လော့စ်အိန်ဂျလိစ် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းအပေါ် ထားရှိသည့် အမြင်သဘောထားချင်းမှာ အလွန်အမင်း ပဋိပက္ခ ဖြစ်လျက်ရှိသည်။ Gavin Newsom နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass တို့အား “အစွမ်းအစမရှိ” ကြောင်းနှင့် ရှုပ်ထွေးသည့်အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ထရမ့်က ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုခဲ့သည်။
“အမျိုးသားအစောင့်တပ်ဖွဲ့ကို ကယ်လီဖိုးနီးယားပြည်နယ် စေလွှတ်ပြီး အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေကို စီမံခိုင်းတာက ကြီးမြတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” ဟု ထရမ့်က ဇွန် ၉ ရက် လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

Gavin Newsom ကမူ လော့စ်အိန်ဂျလိစ်သို့ ထရမ့် တပ်ဖွဲ့ဝင်အင်အားစေလွှတ်ခြင်းသည် အကျပ်အတည်းကို ဖန်တီးခြင်း၊ အခြေအနေပြင်းထန်အောင်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြန်လည်ဝေဖန်ပြောကြားခဲ့သည်။

ပထမအသုတ် လော့စ်အိန်ဂျလိစ်သို့ စေလွှတ်သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ တွင် ၃၀၀ ခန့်သာ ဖြန့်ကြက်ထားပြီး ကျန်လူများမှာ ဖက်ဒရယ်အဆောက်အဦထဲတွင် အားလပ်နေကြောင်း Gavin Newsom က ဇွန် ၉ ရက် လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။ Gavin Newsom က ဤလုပ်ရပ်သည် ဆင်ခြင်တုံတရားမရှိသည့် အဓိပ္ပာယ်မဲ့လုပ်ရပ် ဖြစ်ပြီး စစ်တပ်အပေါ် မလေးစားခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး သတင်းနှင့်ပြန်ကြားရေးရုံးက ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လော့စ်အိန်ဂျလိစ်သို့ မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းသည် “ယခင်က မရှိခဲ့ဖူး” သလို “လုံးဝ မလိုအပ်” ကြောင်း၊ “သွေးသားအရင်းအချာတွေကို ထိပ်တိုက်ရင်ဆိုင်စေခြင်း” ဖြစ်ကြောင်း၊ အခြေအနေများ ပို၍သာ ပြင်းထန်လာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန အရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား လူစုခွဲရန် ကြိုးပမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာန အရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား လူစုခွဲရန် ကြိုးပမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ ဖက်ဒရယ်တရားဥပဒေစိုးမိုးရေးဌာနအရှေ့တွင် ဆန္ဒပြသူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
美国防部将向洛杉矶增派2000名国民警卫队人员
新华社洛杉矶6月9日电(记者高山)美国国防部官员9日证实,将根据总统特朗普的命令,增派2000名国民警卫队人员前往加利福尼亚州洛杉矶地区支援联邦执法行动。
搜捕非法移民的美国联邦机构人员连日来多次与洛杉矶民众发生冲突。特朗普7日签署总统备忘录,在加州州长纽森没有请求支援的情况下,向洛杉矶地区派驻2000名加州国民警卫队人员。
另据美军北方司令部9日的声明,约700名海军陆战队士兵已完成动员,他们将与已部署在加利福尼亚州洛杉矶地区的国民警卫队“无缝对接”,保护洛杉矶地区的联邦机构和人员。
特朗普政府与民主党执政的加州在应对洛杉矶冲突的看法上矛盾尖锐。特朗普多次指责纽森和洛杉矶市长巴斯“无能”、无法控制混乱局面。特朗普9日在社交媒体上称“派遣国民警卫队前往加州处理暴力和骚乱是一个伟大的决定”。
纽森反批特朗普派遣军事力量到洛杉矶是制造危机、激化局势。纽森9日在社交媒体上称,首批派到洛杉矶的2000名国民警卫队人员中只有约300人被部署,其余人闲置在联邦大楼里。纽森批评此举太鲁莽、毫无意义,且是对军队的不尊重。加州州长新闻办公室9日发表声明说,向洛杉矶派遣海军陆战队“前所未有”“毫无必要”,是“对抗同胞”,只会让局势更加激化。(完)
1. 6月9日,国民警卫队人员在美国加利福尼亚州洛杉矶市中心的联邦执法机构门前警戒。新华社发(邱晨摄)
2,3. 6月8日,在美国加利福尼亚州洛杉矶市中心的联邦执法机构门前,警察试图驱散抗议人群。新华社发(邱晨摄)
4. 6月8日,在美国加利福尼亚州洛杉矶市中心的联邦执法机构门前,一名抗议者被警察控制。新华社发(邱晨摄)