Africa & Middle East
အစ္စရေး၏ တိုက်ခိုက်မှုခံရပါက လျှို့ဝှက်နျူကလီးယားအဆောက်အအုံများကို တန်ပြန်တိုက်ခိုက်မည်ဟု အီရန်ပြောကြား

တီဟီရန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
အကယ်၍ အီရန်ကို အစ္စရေး တိုက်ခိုက်ပါက အစ္စရေး၏ လျှို့ဝှက်နျူကလီးယား အဆောက်အအုံများမှာ အီရန်၏ တိုက်ခိုက်ရေးပစ်မှတ် ဖြစ်လာမည်ဟု အီရန်အမျိုးသားလုံခြုံရေးကောင်စီက ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
လအနည်းငယ်အကြာ ကြိုးစားမှုအပြီး အီရန်သည် “အရေးကြီးသော ထောက်လှမ်းရေး အောင်မြင်မှု” များရရှိခဲ့ပြီး အစ္စရေး၏ သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများစွာ ရရှိခဲ့ရာ ယင်းအနက် ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် အဆောက်အအုံ သက်ဆိုင်ရာ အချက်အလက်များပါဝင်ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) က အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ကြေညာချက်ကို ကိုးကား၍ အဆိုပါနေ့တွင် သတင်းဖော်ပြခဲ့သည်။
အစ္စရေးဘက်က အီရန်နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်ချိန်တွင် အစ္စရေး၏ လျှို့ဝှက်နျူကလီးယားအဆောက်အအုံကို ချက်ချင်း တန်ပြန်တိုက်ခိုက်နိုင်ရန်၊ သို့မဟုတ် အီရန် စီးပွားရေး၊ စစ်ရေးအခြေခံအဆောက်အအုံများအပေါ် မည်သည့် ကျူးကျော်မှု ဖော်ဆောင်ခြင်းကိုမဆို အစ္စရေးအား “တိကျသော အလားတူသည့် တန်ပြန်တိုက်ခိုက်မှု” များပြုလုပ်ရန် အီရန် စစ်တပ်အနေဖြင့် သက်ဆိုင်ရာ တိုက်ခိုက်မှုစွမ်းရည်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးသည် အီရန်နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း ထောက်လှမ်းရေးသတင်းက ဖော်ပြနေသည်ဟု အမေရိကန် မီဒီယာ၏ မကြာသေးမီရက်က သတင်းထုတ်ပြန်မှုအရ သိရသည်။
အမေရိကန် သမ္မတ ထရမ့်က အီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ် ရရှိရေးကို အမေရိကန်အစိုးရ တွန်းအားပေးရာ ပိုမိုများပြားသော အချိန်ရရှိရန် ၎င်းသည် အီရန်အား တိုက်ခိုက်မှု ယာယီမပြုလုပ်ရန် အစ္စရေးကို သတိပေးထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်တွင် မေ ၂၈ ရက်က မီဒီယာများထံ ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
伊朗称若遭以色列袭击将打击以秘密核设施
新华社德黑兰6月9日电(记者陈霄)伊朗最高国家安全委员会9日发表声明说,若伊朗遭以色列袭击,以色列的秘密核设施将成为伊朗的打击目标。
伊朗伊斯兰共和国通讯社当天援引伊朗最高国家安全委员会的声明报道说,经过数月努力,伊朗已取得“重大情报成果”,获取了大量以色列的数据和文件,其中包括与其核计划及设施相关的资料。
声明说,伊朗武装部队已构建相应的作战能力,使伊朗能在以方袭击伊朗核设施时立即打击以方秘密核设施,或就以方对伊朗经济、军事基础设施的任何侵犯实施“精准对等反制”。
据美国媒体日前报道,有情报表明以色列正准备袭击伊朗核设施。美国总统特朗普5月28日在白宫对媒体说,他已警告以色列暂勿攻击伊朗,以便美国政府有更多时间推动与伊朗达成新的核协议。(完)
图说:2025年4月18日,在伊朗首都德黑兰,士兵们在阅兵式上列队行进。伊朗18日举行建军节阅兵式。新华社记者 沙达提 摄