Connect with us

China

၂၀၂၅ ခုနှစ် ချန်ချွမ်း အလင်းထုတ်ကုန်ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်လှစ်

၂၀၂၅ ခုနှစ် ချန်ချွမ်း အလင်းထုတ်ကုန်ဆိုင်ရာ ကုန်စည်ပြပွဲတွင် လေ့လာကြည့်ရှုနေသူများအား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
နိုင်ငံတကာ အလင်းနှင့် အီလက်ထရွန်းနစ်ဆိုင်ရာ ကုန်စည်ပြပွဲ၊ Light နိုင်ငံတကာ ညီလာခံ (အတိုကောက်- ၂၀၂၅ ခုနှစ် ချန်ချွမ်း အလင်းထုတ်ကုန်ဆိုင်ရာ ကုန်စည်ပြပွဲ) ကို တရုတ်နိုင်ငံ ချန်ချွမ်းမြို့ အရှေ့မြောက်အာရှ နိုင်ငံတကာ ကုန်စည်ပြပွဲစင်တာ၌ ဇွန် ၁၀ ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။
ယခုအကြိမ် ကုန်စည်ပြပွဲကို “အလင်းနှင့် အီလက်ထရွန်းနစ် အရည်အသွေးသစ်အနာဂတ်ကို ဦးဆောင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ အလင်းနှင့် အီလက်ထရွန်းနစ် အချက်အလက်နယ်ပယ်ရှိ အဆင့်မြင့်နည်းပညာများနှင့် နောက်ဆုံးပေါ်ထုတ်ကုန်များကို အဓိကထားပြသခဲ့သည်။ သိပ္ပံနည်းပညာနှင့်ဈေးကွက်၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းနှင့်လူရည်ချွန်များအကြား ချိတ်ဆက်ဖလှယ်ပေးသော ပလက်ဖောင်း တည်ဆောက်ပေးခြင်းမှတစ်ဆင့် အလင်းနှင့် အီလက်ထရွန်းနစ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီခဲ့သည်။ (Xinhua)

၂၀၂၅ ခုနှစ် ချန်ချွမ်း အလင်းထုတ်ကုန်ဆိုင်ရာ ကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် ကုမ္ပဏီလုပ်ငန်းတစ်ခုက ဘောလုံးသဏ္ဌာန်မှန်ဘီလူး ပြသခဲ့ရာ အသေးဆုံးတစ်လုံး၏ အချင်းမှာ တစ် မီလီမီတာသာရှိသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………….
(Chinese Version)
2025长春光博会开幕
新华社照片,长春,2025年6月10日
当日,2025长春国际光电博览会·Light国际会议(简称2025长春光博会)在长春东北亚国际博览中心开幕。 本届光博会以“光电引领 新质未来”为主题,聚焦光电信息领域的前沿技术和最新产品,通过搭建科技与市场、项目与资本、产业与人才的对接交流平台,助推光电行业发展。
图说1:6月10日,观众在2025长春光博会参观。 新华社记者 张楠 摄
图说2:这是6月10日在2025长春光博会拍摄的一家参展企业展示的球面透镜,最小一只直径仅有1毫米。新华社记者 张楠 摄