Connect with us

China

ဝမ်ရိ ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇွန် ၁၀ ရက်တွင် ကျင်းပသော ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ဝမ်ရိက ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများက သယ်ဆောင်လာသည့် ကြီးမားသော ထိုးနှက်မှုများကို ရင်ဆိုင်ရာတွင် ယဉ်ကျေးမှု၏တန်ဖိုးသည် ယခင်ကမရှိခဲ့ဖူးအောင် သိသာထင်ရှားလျက် ရှိကြောင်း၊ ယဉ်ကျေးမှု အပြန်အလှန်ဆက်ဆံမှုသည်လည်း အလွန်အရေးကြီးကာ ယဉ်ကျေးမှု၏ တွေ့ဆုံဆွေးနွေးမှုသည် အချိန်အခါသင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးနှောင်ကြိုး၊ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားဖြစ်သလို ချစ်ကြည်ရေး၏ ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ထားရှိခြင်းသည် နိုင်ငံအသီးသီး ပြည်သူများက ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှု တွန်းအားပေးရေး၊ လူသားမျိုးနွယ်တိုးတက်မှု မြှင့်တင်ရေး အများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီသဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးခြင်း ခံရကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခြင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုံတန်ဖိုး မြှင့်တင်ရန်၊ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုကို အလေးထားရန်၊ လူမှုယဉ်ကျေးမှု နိုင်ငံတကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် အဆိုပြုခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ရန်အတွက် လုပ်ဆောင်သည့် အရေးကြီးကြိုးပမ်းမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍသုံးရပ်မှ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ရန် ခံယူထားကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ယဉ်ကျေးမှုတန်းတူညီမျှမှုအား ကာကွယ်စောင့်ထိန်းသူအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးပြည်သူများက ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် လူမှုအသိုက်အဝန်းစနစ်ကို လေးစားပြီး ယဉ်ကျေးမှုပဋိပက္ခဖြစ်မှုကို ငြင်းပယ်ကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို တားမြစ်ကာ တန်းတူညီမျှ လေးစားခံရမှုကို အတူမျှဝေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှု၏ လက်တွေ့ဖော်ဆောင်သူအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် ဉာဏ်ပညာကို ရယူကာ ကမ္ဘာကြီးခေတ်မီအသွင်ပြောင်းမှု လမ်းကြောင်းကို တိုးချဲ့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၈ ခုနှစ် ကုလသမဂ္ဂ ယဉ်ကျေးမှု မဟာမိတ်အဖွဲ့ (UNAOC) ကမ္ဘာလုံးဆိုင်ရာဖိုရမ်အား လက်ခံကျင်းပရန် တက်ကြွစွာ စဉ်းစားလျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ယဉ်ကျေးမှုတိုးတက်မှုအား မြှင့်တင်သူအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အတွေးအခေါ်၊ နည်းပညာ၊ လူပုဂ္ဂိုလ်သွားလာမှုများကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စ နည်းပညာများကို ကောင်းမွန်စွာ အသုံးပြု၍ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ကူညီပေးကာ ဘုံရုပ်ဝတ္တုပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများကို အဆက်မပြတ် ပြည့်ဝအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံ စသည့် နိုင်ငံပေါင်း ၈၃ နိုင်ငံမှ တင်ပြသည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး နှစ်စဥ် ဇွန် ၁၀ ရက်ကို “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————
(Chinese Version)
王毅向首个联合国“文明对话国际日”全球主题活动发表视频致辞
新华社北京6月10日电 中共中央政治局委员、外交部长王毅10日以视频方式向首个联合国“文明对话国际日”全球主题活动发表致辞。
王毅表示,面对世界百年变局带来的巨大冲击,文明的价值空前凸显,文明的互动至关重要,文明的对话正当其时。文明对话是和平的纽带、发展的动力,也是友谊的桥梁。联合国设立“文明对话国际日”,顺应了各国人民推动文明对话、促进人类进步的普遍愿望,得到全体会员国一致支持。
王毅说,习近平主席提出全球文明倡议,倡导弘扬全人类共同价值,重视文明传承和创新,加强人文国际交流合作,这是中国为促进文明对话作出的重要努力。中方主张从三方面促进文明对话。
一是做文明平等的捍卫者。尊重各国人民自主选择的发展道路和社会制度,拒绝文明冲突,反对干涉内政,抵制单边霸凌,共享平等尊严。
二是做文明交流的践行者。通过文明对话汲取破解全球难题的智慧,拓宽世界现代化的道路。中国积极考虑承办2028年联合国文明联盟全球论坛。
三是做文明进步的促进者。促进思想、技术、人员流动。用好人工智能等新兴技术,助力文明传承与创新,不断丰富共同的物质和精神财富。
2024年,第78届联合国大会一致通过中国等83个国家提出的决议,将每年6月10日设立为“文明对话国际日”。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.