Connect with us

Africa & Middle East

အစ္စရေးစစ်တပ်က ဂါဇာဒေသ ပစ္စည်းခွဲဝေရာနေရာ၌ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးဟု ပါလက်စတိုင်း မီဒီယာဆို

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့၌ စားသောက်ဖွယ်ရာများ ရယူနေသော ပါလက်စတိုင်းသားများကို ၂၀၂၅ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် ဇွန် ၁၀ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Netzarim စင်္ကြံရှိ ကူညီရေးပစ္စည်း ခွဲဝေပေးရာနေရာတစ်ခု၌ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၇ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ထိုနေ့တွင်သတင်းဖော်ပြခဲ့သည်။

သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း၊ ထို့ပြင် လူဦးရေ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း ဂါဇာကမ်းမြောင်ဒေသ ဆေးကုသရေးဌာန သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အစ္စရေးစစ်တပ်က ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်ဒေသရှိ နေရပ်စွန့်ခွာသူများ နေထိုင်ရာ ရွက်ဖျင်တဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးဘက်ကမူ အဆိုပါသတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ လက်ရှိတွင် တုံ့ပြန်မှု မရှိသေးပေ။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက ဇွန် ၉ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ မတ် ၁၈ ရက်မှစ၍ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အနည်းဆုံး လူ ၄,၆၄၉ ဦး သေဆုံး၍ ၁၄,၅၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-
(Chinese Version)
巴勒斯坦媒体:以军在加沙物资分发点附近打死17人
新华社加沙6月10日电(记者黄泽民)据巴勒斯坦通讯社10日报道,以色列军队当天在加沙地带中部“内特扎里姆走廊”一处援助物资分发点附近打死17名巴勒斯坦人。
报道援引加沙地带医疗部门消息人士的话说,死者中包括一名儿童,另有超过100人受伤。此外,以军当天还轰炸了加沙地带南部汗尤尼斯地区一处流离失所者居住的帐篷,造成3人死亡。
以色列方面暂未就报道予以回应。
根据巴勒斯坦加沙地带卫生部门9日发布的数据,自3月18日以来,以色列方面对加沙地带多地发动袭击,已造成至少4649人死亡、14574人受伤。(完)
图说:6月3日,巴勒斯坦人在加沙城领取食物。新华社发(马哈茂德·扎基摄)