North America
နတ်သမီးတို့၏မြို့တော် လော့စ်အိန်ဂျလိစ်၏ ယိုယွင်းပျက်ပြားမှု

ဟူစတန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
လမ်းမများ ပိတ်ဆို့ခံထားရမှု၊ ကားများ မီးရှို့ခံရမှု၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက မျက်ရည်ယိုဗုံးနှင့် အလင်းဗုံးများအသုံးမှု၊ ရဟတ်ယာဉ်၊ မီးတောက်၊ မီးခိုးလိပ်များနှင့် လူအများ၏ အော်ဟစ်နေကြသည့် ရုပ်ပုံများ လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့ခဲ့သည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ရှာဖွေဖမ်းဆီးမှုကြောင့် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုမှ အကြမ်းဖက်မှုနှင့် ကစဉ့်ကလျားဖြစ်မှုအထိ ပြောင်းလဲသွားခဲ့ရာ အမျိုးသားအစောင့်တပ်ဖွဲ့နှင့် လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူလူထုနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး “နတ်သမီးတို့၏ မြို့တော်” ဆူပူသောင်းကျန်းမှုများက နယူးယောက်စသည့် အခြားသော ရွှေ့ပြောင်းနေထိုင်သူများ စုဝေးနေထိုင်ရာ မြို့ကြီးများသို့ ကူးစက်ပျံ့နှံ့လာသည်။
ပါတီများ၏ အားပြိုင်ခြင်း၊ အစွမ်းပြိုင်ခြင်း
လော့စ်အိန်ဂျလိစ် အဓိကရုဏ်းဖြစ်ပွားရသည့် မီးစမှာ ရွှေ့ပြောင်းနေထိုင်သူအရေးကိစ္စကြောင့် ဖြစ်သည်။ အမေရိကန် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာနက လော့စ်အိန်ဂျလိစ်ခရိုင် နေရာအများအပြားတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ ရက်ပေါင်းဆက်တိုက် လုပ်ဆောင်ခြင်းကြောင့် ဒေသခံပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က ဇွန် ၇ ရက် ညပိုင်းတွင် လော့စ်အိန်ဂျလိစ်ဒေသသို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ရောက်ရန် အမိန့်ချခဲ့သည်။ ယင်းမှာ ၁၉၆၅ ခုနှစ်မှစ၍ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အကူအညီတောင်းခံခြင်းမရှိသည့်အခြေအနေအတွင် သမ္မတက ပြည်နယ်အမျိုးသားအစောင့်တပ်ဖွဲ့အား အမိန့်ပေးခြင်းအဖြစ် ယူဆခံရပေသည်။ ဇွန် ၈ ရက်တွင် အမျိုးသားအစောင့်တပ်ဖွဲ့နှင့် လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ တို့သည် ဆန္ဒပြပြည်သူလူထုနှင့် အဓိကရုဏ်းအပြင်းအထန် ဖြစ်ပွားခဲ့သည်။ ဇွန် ၉ ရက်တွင် အမေရိကန် မြောက်ပိုင်းဒေသစစ်ဌာနချုပ်က မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့်ကို စည်းရုံးထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန် ပါတီနှစ်ရပ်က ကိုယ်စီ မတူညီသည့်သဘောထားများ ရှိကြသည်။ ကယ်လီဖိုးနီးယားပြည်နယ်ကို ဒီမိုကရက်တစ်ပါတီက အဓိကအုပ်ချုပ်ခြင်းဖြစ်ပြီး ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom သည် ထရမ့်၏ ဒီမိုကရက်တစ်ပါတီအုပ်ချုပ်ရာ “အပြာရောင် ပြည်နယ်” ၏ “ထိပ်တန်းနိုင်ငံရေးပြိုင်ဖက်” အဖြစ် သမုတ်ခံရသူဖြစ်သည်။
ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများကို အဓိကထား၍ နှစ်ယောက်သား “အပြန်အလှန် အချင်းများ” လျက်ရှိပေသည်။ ထရမ့်က ကယ်လီဖိုးနီးယားပြည်နယ်နှင့် လော့စ်အိန်ဂျလိစ်၏ ဒီမိုကရက်တစ်ပါတီအုပ်ချုပ်သူများမှာ “အစွမ်းအစ မရှိကြောင်း” လူမှုကွန်ရက်မီဒီယာတွင် ဝေဖန်တိုက်ခိုက်ခဲ့သလို “လော့စ်အိန်ဂျလိစ်ကို ရွှေ့ပြောင်းနေထိုင်သူများ၏ ကျူးကျော်မှုမှ လွတ်မြောက်အောင် ဆောင်ရွက်မည်” ဟု ကြွေးကြော်ခဲ့သည်။
Gavin Newsom ကမူ ယင်းမှာ “ဝါရှင်တန်ကြောင့် ဖြစ်ပွားသည့် ရှုပ်ထွေးမှု” ဖြစ်ပြီး အမျိုးသားအစောင့်တပ်ဖွဲ့စေလွှတ်ခြင်းက “တင်းမာမှုအခြေအနေကို ပို၍သာ ဆိုးရွားစေမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၂ ဦးက ဇွန် ၈ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ထရမ့် အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်မှုအပေါ် ပြစ်တင်ရှုတ်ချကြသော်လည်း ရီပက်ဘလစ်ကန်ပါတီဝင်များကမူ ထရမ့်၏ အစီအမံများအပေါ် ထောက်ခံကြောင်း အသီးသီး ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်မှာ လွန်ခဲ့သည့်နှစ်က တက္ကဆက်ပြည်နယ်နှင့် ဖက်ဒရယ်အစိုးရအကြား နယ်စပ်လုံခြုံရေးနှင့် ရွှေ့ပြောင်းနေထိုင်မှု ဒီရေလှိုင်းအတွက် “အားပြိုင်” သည့်အချိန်တွင် ရီပက်ဘလစ်ကန်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၅ ဦးက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တက္ကဆက်ပြည်နယ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ကို အမေရိကန်အများအပြားအား အမှတ်ရစေသည်။
အမေရိကန် မီဒီယာများကလည်း နှစ်သက်သည့်ပါတီမတူညီမှုအလျောက် လုံးလုံးလျားလျားကွဲပြားသည့် အကြောင်းအရာဖော်ပြမှုနှစ်မျိုး ရှိခဲ့ကြသည်။ ရီပက်ဘလစ်ကန်ပါတီကို နှစ်သက်သည့် မီဒီယာဖြစ်သော Fox News Channel (FNC) က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို “အဆိုးရွားဆုံးသော ရာဇဝတ်သားများ” “အကြမ်းဖက်မှုကျူးလွန်သူများ” ဟု ခေါ်ဝေါ်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီကို နှစ်သက်သည့် မီဒီယာများကမူ “မျက်နှာဖုံးတပ် တရားဥပဒေစိုးမိုးရေးသမား ၂၀ ခန့်က စားသောက်ဆိုင်ကို ဝင်ပြီး တရားဝင်အထောက်အထားမရှိတဲ့ စားပွဲထိုးကို လက်ထိပ်ခတ်တယ်၊ စားသောက်ဆိုင်ပြင်ပက ဆန္ဒပြသူတွေကို အလင်းဗုံးတွေနဲ့ ပစ်တယ်….. ” ဟူ၍ အသေးစိတ်အသားပေး ရေးသားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စတွင် ရီပက်ဘလစ်ကန်ပါတီက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရေး အယူအဆကို လက်ကိုင်ထားပြီး ဒီမိုကရက်တစ်ပါတီကမူ အတော်အတန် ဖြေလျှော့ထားသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပို၍ အလေးသာကြသည်။
ပါတီနှစ်ရပ်သည် ရွှေ့ပြောင်းနေထိုင်သူအရေးကိစ္စကို ပါတီချင်း အားပြိုင်သည့် လက်နက်အဖြစ် လူထုသဘောထား လှုံ့ဆော်ရန်၊ ဆန္ဒမဲပြိုင်ရန် လုပ်ဆောင်ကြသော်လည်း ရွှေ့ပြောင်းနေထိုင်သူ အရေးကိစ္စမှာ မည်သည့်အခါမျှ အမှန်တကယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ ထရမ့်အစိုးရ အာဏာရပြီးသည့်အချိန်မှစ၍ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးခြင်း၊ နှင်ထုတ်ခြင်းဟူသော အတင်းအကျပ်အစီအမံများစွာ လုပ်ဆောင်ခဲ့ရာ ဒီမိုကရက်တစ်ပါတီဝင်များ၏ ပြင်းပြင်းထန်ထန်တုံ့ပြန်မှု ဖြစ်ပွားစေခဲ့သည်။ ယခုအကြိမ် အဓိကရုဏ်းဖြစ်ပွားမှုမှာ ပဋိပက္ခများစုစည်းနေသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ယင်းနောက်ကွယ်တွင် ပါတီစွဲကြီးသော ဂိုဏ်းဂဏများ၏ နိုင်ငံရေးအားပြိုင်မှုဖြစ်သည်။
အကြမ်းဖက်မှုရန်ငြိုးများ ဖြစ်ပွားစေ
ရွှေ့ပြောင်းနေထိုင်သူအရေးကိစ္စသည် ပါတီနှစ်ရပ်ကြား အားပြိုင်တိုက်ခိုက်မှုများ ပေါက်ကွဲဖြစ်ပွားစေသည့် အချက်များအနက် တစ်ခုသာဖြစ်သည်။ လက်ရှိတွင် ထရမ့်အစိုးရက ပြည်တွင်းနိုင်ငံရေး၊ နိုင်ငံခြားရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့် ကဏ္ဍများစွာတွင် အုပ်ချုပ်ရေးအာဏာကို ကြိမ်ဖန်များစွာအသုံးချပြီး ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏ ရပ်တည်ချက်နှင့်အယူအဆများအပေါ် “ပစ်မှတ်ထားထိုးနှက်” လျက်ရှိရာ ပါတီနှစ်ရပ် နိုင်ငံရေးအစွန်းရောက်မှုသည် ယခင်ကနှင့်မတူအောင် ပေါ်လွင်လာခဲ့သည်။ ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းခြင်း ဂယက်လှိုင်းသည်လည်းကောင်း၊ သို့မဟုတ် “ကြီးမြတ်၍ တင့်တယ်လှသည့် ဥပဒေမူကြမ်း(One Big Beautiful Bill)” သည်လည်းကောင်း၊ သို့မဟုတ် ထရမ့်အစိုးရနှင့် ဟားဗက်တက္ကသိုလ်၏ ထိပ်တိုက်ဖြစ်ပွားမှုများသည်လည်းကောင်း ယင်းအချက်ကို ထင်ဟပ်ပြသခဲ့သည်။
ထရမ့် အာဏာရပြီး ၅ လမပြည့်မီတွင် အမေရိကန်လူမှုအသိုက်အဝန်းသည် ပို၍နက်ရှိုင်းပြီး ပို၍ကြီးမားသော ခွာပြဲမှုများကို ဖြတ်သန်းနေရပြီး ယင်းခွာပြဲမှုများသည် အကြမ်းဖက်အသွင် ပို၍ဖော်ဆောင်လာခြင်း၊ “နိုင်ငံရေးဂုဏ်သိက္ခာ”သည် အဖိုးမတန်သည့် ဖိနပ်တစ်ရံကဲ့သို့နီးပါး စွန့်ပစ်ခံနေရခြင်း၊ နိုင်ငံရေးကဏ္ဍအပြင် လူမှုရေးနှင့် ယဉ်ကျေးမှု၏ ထိပ်တိုက်ဖြစ်ပွားမှုများသည်လည်း အကြမ်းဖက်မှုရန်ငြိုးများ ဖြစ်ပွားခြင်း ဟူသော စဉ်ဆက်မပြတ်ဖြစ်နေသည့် အခြေအနေမှာ ပေါ်လွင်ထင်ရှားလာပြီ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြောကြားကြသည်။ လော့စ်အိန်ဂျလိစ်မှ နယူးယောက်စသည့် မြို့များသို့ ပျံ့နှံ့လာသည့် လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများသည် နောက်ဆုံးအချက်ပြမှုတစ်ခုဖြစ်ပေသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့် ဖြစ်စဉ်ကို ကြည့်မည်ဆိုလျှင် တရားဥပဒေစိုးမိုးရေးကို အလွယ်တကူ၊ ကြမ်းတမ်းစွာ ဆောင်ရွက်ခြင်းအပြင် လူနည်းစု မျိုးနွယ်များနှင့် ဝင်ငွေနည်းပါးလူအုပ်စုနေထိုင်ရာရပ်ကွက်များသို့ ပို၍ ဦးတည်သည်ကို အမေရိကန်မီဒီယာများက သတိထားမိကြပေသည်။ ယင်းမှာ ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအပြင် အမေရိကန်နိုင်ငံ၏ လူမျိုးစု ပဋိပက္ခနှင့် ဆင်းရဲ၊ ချမ်းသာ ကွာဟချက်ကြောင့် ဖြစ်ပွားသည့် လူမှုရေးပဋိပက္ခရင်ကြားမစေ့နိုင်မှုကို တစ်နည်းအားဖြင့် ထပ်ဟပ်ပြခြင်းဖြစ်သည်။ ပါတီဂိုဏ်းဂဏများအကြား နိုင်ငံရေးအားပြိုင်မှုက အကြမ်းဖက်အဓိကရုဏ်းအဖြစ်သို့ လျင်မြန်စွာ အရှိန်မြင့်တက်ပြီး ပျံ့နှံ့အောင် တွန်းအားပေးခဲ့ရာ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုများ၏ မျက်ကွယ်တွင် သာမန်လူများ၏ ကြေကွဲဖွယ်အဖြစ်ဆိုးများ ပါဝင်လျက်ရှိသည်။
ယမန်နှစ် တက္ကဆက်ပြည်နယ်နှင့် ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်အစိုးရ၏ နယ်စပ်တွင် “အားပြိုင်မှု” မှသည် ယနေ့အခါ ရီပက်ဘလစ်ကန်ပါတီ အုပ်ချုပ်သည့် လော့စ်အိန်ဂျလိစ် အရှုပ်တော်ပုံအထိလည်းကောင်း၊ ကမ္ဘာကို အံ့အားသင့်စေသည့် လွှတ်တော်အဓိကရုဏ်းမှသည် “သမိုင်းတွင် ခွာပြဲမှုအရှိဆုံးသော” သမ္မတ ရွေးကောက်ပွဲအထိလည်းကောင်း “အမေရိကန်ကို အမေရိကန်က ဆန့်ကျင်ခြင်း” သည် ကြာလေ နိုင်ငံရေး၊ လူမှုရေး၏ ပုံမှန်အခြေအနေဖြစ်လာခဲ့သည်။ သုံးသပ်သူများက အမေရိကန်၏ နိုင်ငံရေးပါတီ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် လူမှုအသိုက်အဝန်းကွဲပြဲမှုများသည် နေ့စဉ်နှင့်အမျှ ပို၍ ဆိုးရွားလာပြီး တဖြည်းဖြည်း အကြမ်းဖက်မှုဘက်သို့ ပြောင်းလဲလာလျက်ရှိရာ သင့်မြတ်ရေး ရင်ကြားစေ့ရန် ပို၍ ခဲယဉ်းလာကြောင်း ယူဆကြသည်။
ပြည်သူ့စစ်တမ်းကောက်ယူသည့် အဖွဲ့ “Rasmussen Reports” ၏ ယခုကာလများ၌ ကောက်ယူထားသောစစ်တမ်းတွင် စစ်တမ်းကောက်ယူထားသူ ၇၂ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံရေး၏ ယဉ်ကျေးမှုအနေအထားသည် ဆိုးရွားလျက်ရှိသည်ဟု ယူဆရာ လာမည့်နှစ်ပိုင်းများတွင် အကြမ်းဖက်ဖြစ်ရပ်များ ဆက်တိုက် တိုးပွားလာမည်ဟု ခန့်မှန်းကြကြောင်း ဖော်ပြထားသည်။
စိတ်ပင်ပန်းမှုနှင့် မျှော်လင့်ချက် ပျောက်ဆုံးမှု
ကူကယ်ရာမဲ့အခြေအနေတွင် အမေရိကန်လူထုက ပါတီနှစ်ရပ် အငြင်းပွားမှုများအပေါ် စိတ်ပင်ပန်းမှုနှင့် မျှော်လင့်ချက် ပျောက်ဆုံးမှုများ ပြည့်နှက်လာသည်။
မကြာမီရက်များက Tesla ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၊ အမေရိကန် အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ယခင်တာဝန်ရှိပုဂ္ဂိုလ် အီလွန်မက်စ်က ထရမ့်နှင့် အချင်းများသည့်ရန်ပွဲတွင် ဒီမိုကရက်တစ်၊ ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်၏ နိုင်ငံရေးစနစ်ကို ကျော်လွန်ပြီး တတိယပါတီ “အမေရိကန်ပါတီ” တည်ထောင်လိုကြောင်း ပြောကြားခဲ့သည်။ ဤကမ္ဘာ့ထိပ်တန်းသူဌေးကြီးက မိမိဝယ်ယူထားသည့် X လူမှုကွန်ရက်မီဒီယာတွင် အွန်လိုင်းပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူမှုစတင်ပြီး “လက်ရှိမှာ အမေရိကန်၌ အလယ်အလတ်လမ်းစဉ်ဝါဒီ ၈၀ ရာခိုင်နှုန်းကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီတည်ထောင်မည့် အချိန် ဖြစ်ပါသလော” ဟု မေးမြန်းခဲ့ရာ၌ အွန်လိုင်းအသုံးပြုသူ မဲပေးမှုအကြိမ်ရေသည် ၂၄ နာရီအတွင်း ၅.၅ သန်းကျော်ရှိခဲ့ရာ ၎င်းတို့အနက် ၈၀.၅ ရာခိုင်နှုန်းမှာ “တတိယပါတီ” ဖွဲ့စည်းရန် ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ “တတိယပါတီ” မှ ဖြစ်ပွားသည့် အကြိတ်အနယ်ပြောဆိုမှုများသည် ပါတီနှစ်ရပ် အငြင်းပွားမှု၊ နိုင်ငံရေးအစွန်းရောက်မှုအပေါ် စိတ်ပင်ပန်းမှုနှင့် မျှော်လင့်ချက် ပျောက်ဆုံးမှုကို ထင်ဟပ်ပြသခဲ့သည်။
သို့သော် အမေရိကန် အွန်လိုင်းအသုံးပြုအချို့ကလည်း လူမှုအသိုက်အဝန်းခွာပြဲမှုတွင် အမေရိကန်အနေဖြင့် အလယ်အလတ်လမ်းစဉ်ဝါဒီ ဟုဆိုသော ၈၀ ရာခိုင်နှုန်းမှာ တည်ရှိပါ့မည်လောဟု မေးခွန်းထုတ်ခဲ့သည်။ ထရမ့်နှင့် အီလွန်မက်စ်သည် အမေရိကန်၏ “အာဏာအရှိဆုံး ပုဂ္ဂိုလ်နှင့် အချမ်းသာဆုံး ပုဂ္ဂိုလ်များ” အနေဖြင့် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတစ်ခုကို ကိုယ်စီတိုက်ရိုက်ထိန်းချုပ်ထားသည်။ သမ္မတ ရွေးကောက်ပွဲမဲဆွယ်မှုတွင် အီလွန်မက်စ်က ဧရာမများပြားလှသော ငွေကြေးပမာဏကို ပံ့ပိုးထားပြီး ထရမ့်က အာဏာရချိန်တွင်မူ အီလွန်မက်စ်အား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရာထူးရာခံပေးခဲ့ရာ ယင်းတို့မှာ အမေရိကန်ပုံစံ ဒီမိုကရေစီ လည်ပတ်မှု၏ ထူးခြားချက်ကို ပြသခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန် ပါတီနှစ်ရပ် ထိန်းချုပ်သည့် ရွေးကောက်ပွဲစနစ်က တတိယပါတီ ဦးမော့နိုင်မည့်အခွင့်အရေးကိုလည်း အပြင်းအထန် အကန့်အသတ်ဖြစ်စေသည်။
အမေရိကန် ပင်ဆယ်ဗေးနီးယားတက္ကသိုလ် Annenberg ပြည်သူ့မူဝါဒ သုတေသနစင်တာ၏ ယခုကာလများ၌ ပြုလုပ်သော ပြည်သူ့စစ်တမ်းကောက်ယူမှုတစ်ခုတွင် အမေရိကန်ပြည်သူအများစုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအလားအလာအပေါ် အဆိုးမြင်ကြရာ စစ်တမ်းကောက်ယူသော ၆၀ ရာခိုင်နှုန်းခန့်က အမေရိကန်သည် “မှန်ကန်သည့်လမ်းကြောင်းမှ ဆိုးရွားစွာ သွေဖည်နေသည်” ဟု ယူဆကြကြောင်း ဖော်ပြထားသည်။
ခွာပြဲသည့်ဒဏ်ရာဒဏ်ချက် စဉ်ဆက်မပြတ် ကြီးမားလာခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ယိမ်းယိုင်လျက်ရှိသည်။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ က လွှတ်တော်အဓိကရုဏ်းအကြောင်းရေးသားရာတွင် အမေရိကန်သည် “အဆက်မပြတ် ကြီးမားလာသည့် ချောက်ကမ်းပါးနံဘေးတွင် ပြုတ်ကျလုနီးနီး ဖြစ်နေကြောင်း”၊ “ပြည်တွင်းစစ်အန္တရာယ်ကို အမှန်တကယ် ရင်ဆိုင်ရနိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန် သမ္မတ ထရမ့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် အမှာစကားပြောကြားနေသော အီလွန်မက်စ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
国际观察|“天使之城”的坠落
新华社休斯敦6月9日电 题:“天使之城”的坠落 新华社记者徐剑梅 公路被封锁,汽车遭焚烧,执法人员动用催泪瓦斯和闪光弹,直升机、火光、浓烟和人们呼喊的画面在社交媒体上传播……在美国洛杉矶,一场因搜捕非法移民而引发的抗议演变成暴力和动荡,国民警卫队和洛杉矶警方与抗议民众发生冲突,“天使之城”的骚乱也正在向纽约等其他移民聚居的大城市蔓延。
党争斗法
洛杉矶之乱的导火索是移民问题。连日来,美国联邦执法机构在洛杉矶县多地展开针对非法移民的执法行动,引发当地民众抗议。美国总统特朗普7日晚下令派遣国民警卫队人员进入洛杉矶地区,被认为是1965年以来美国总统首次在未获州长请求的情况下调动州国民警卫队。8日,国民警卫队和洛杉矶警方与抗议民众发生激烈冲突。9日,美军北方司令部确认约700名海军陆战队士兵已完成动员。
美国两党各执一词。加利福尼亚州由民主党主政,州长纽森常被称为特朗普在民主党“蓝州”的“头号政治对手”。围绕抗议和骚乱,两人隔空“交火”。特朗普在社交媒体发文抨击加州和洛杉矶的民主党主政者“无能”,宣称将“把洛杉矶从移民入侵中解放出来”。纽森则称,这是“由华盛顿引发的混乱”,派遣国民警卫队“只会加剧紧张局势”。
22名民主党籍州长8日发表联合声明,谴责特朗普派遣国民警卫队,而共和党人则纷纷对特朗普的举措表示支持。这让不少美国人想起,去年得州与联邦政府围绕边境安全与移民潮“斗法”时,25名共和党籍州长发表联合声明支持得州。
美国媒体也因不同党派倾向展现出两种截然不同的叙事。倾向于共和党的媒体福克斯新闻台把非法移民称作“最恶劣的犯罪分子”“暴力犯罪者”;倾向于民主党的媒体则侧重这样的细节:“约20名蒙面执法人员冲入餐馆,给没有合法证件的服务员戴上手铐,向餐馆外抗议者发射闪光弹……”
在移民问题上,共和党主张驱逐非法移民,民主党则倾向于相对宽松的移民政策。两党把移民议题作为党争武器,挑动舆论、争夺选票,但移民问题从未得到真正解决。特朗普政府上台以来,采取一系列逮捕、驱逐非法移民的强硬措施,引发民主党人强烈反弹。这次骚乱成为矛盾积聚的一次喷发,其背后是充满党派色彩的政治斗法。
戾气滋生
移民问题只是两党争斗的引爆点之一。当下,特朗普政府在内政、外交、文化、教育等多个领域,频频动用行政权力“狙击”民主党及其立场和主张,两党政治极化空前突出——无论是取消教育部的风波,抑或是国会“大而美”法案的争议,又或是特朗普政府与哈佛大学的对抗,都体现了这一点。
专家分析说,特朗普政府上台不满5个月,已显现一个持续趋势:美国社会正在经历更深、更广的撕裂,并且这种撕裂越来越带有暴力性质,“政治体面”似乎被弃为敝履,在政治层面之外,社会与文化的对峙也在滋生戾气。正在从洛杉矶向纽约等城市蔓延的移民抗议与骚乱就是一个最新信号。
有美国媒体留意到,从一些对非法移民抓捕过程看,执法简单、粗暴,而且更多针对少数族裔和低收入群体社区。这也折射出移民问题之外,美国种族矛盾与贫富差距所导致的社会矛盾无法弥合。党派间的政治斗法推动暴力骚乱快速升级和蔓延,政治对抗之下隐匿着很多卷入其中普通人的悲剧。
从去年得克萨斯州和民主党联邦政府在边境“斗法”,到如今共和党执政下的洛杉矶之乱,从震惊世界的国会山骚乱,到“史上最撕裂的”总统选举,“美国反对美国”越来越成为政治、社会常态。分析人士认为,美国的政党对立和社会撕裂日益加剧,并正逐渐向暴力发展,愈发难以调和。
民调机构“拉斯姆森报告”近期一项调查显示,72%受访美国人认为,美国政治的文明程度正在恶化,预计未来几年政治暴力事件将会不断增加。
厌倦与失望
无奈之中,美国民众充满对两党纷争的厌倦和失望。
近日,特斯拉公司首席执行官、美国政府效率部前负责人埃隆·马斯克在与特朗普的骂战中,表示想要打破民主、共和两党政治体制,创立第三党“美国党”。这名世界首富在自己收购的社交媒体平台X上发起在线民意调查,发问:“现在是时候在美国创建一个真正代表80%中间派的新政党了吗?”24小时内有超过550万人次网民投票,其中80.5%表示支持组建“第三党”。“第三党”所引发的热议,反映出美国民众对两党纷争、政治极化的厌倦与失望。
但也有美国网友提出:在社会撕裂中,美国是否存在所谓“80%的中间派”?特朗普与马斯克作为美国“最有权的人与最有钱的人”,各自直接控制一家社交媒体平台,马斯克在总统竞选中提供巨额献金,特朗普上任后即对马斯克委以职位回报,这些都展现了美式民主的运行特点。同时美国两党控制的选举制度,也严重限制第三党崛起机会。
美国宾夕法尼亚大学安嫩伯格公共政策研究中心近期一项民调显示,大多数美国人对国家发展前景持悲观态度,约60%的受访者认为美国“严重偏离正轨”。
撕裂的伤口不断扩大,美利坚在摇晃。美国前总统吉米·卡特曾就国会山骚乱撰文说,美国“在不断扩大的深渊边缘摇摇欲坠”,或将“面临真正的内战风险”。(完)
1. 6月8日,在美国加利福尼亚州洛杉矶市中心的联邦执法机构门前,抗议者与国民警卫队人员对峙。 新华社发(邱晨摄)
2. 6月9日,美国总统特朗普返回华盛顿白宫。新华社记者胡友松摄
3. 这是1月20日埃隆·马斯克在美国首都华盛顿第一资本体育馆讲话的资料照片。新华社记者吴晓凌摄