North America
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်ဝန်က ဇွန် ၁၀ ရက် ညပိုင်းမှစ၍ ညမထွက်ရအမိန့် ကျင့်သုံးကြောင်း ကြေညာ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass က ဒေသစံတော်ချိန် ဇွန် ၁၀ ရက် ၂၀ နာရီမှ ၁၁ ရက် ၆ နာရီအထိ မြို့လယ်ကောင် အချို့သောနေရာများတွင် ညမထွက်ရအမိန့် ကျင့်သုံးမည်ဖြစ်ကြောင်း ဇွန် ၁၀ ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။
ညမထွက်ရအမိန့် ကျင့်သုံးသည့်ဧရိယာသည် မြို့လယ်ကောင် ၁ စတုရန်းမိုင်ခန့် (၂.၅၉ စတုရန်းကီလိုမီတာခန့်) သာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ လှုပ်ရှားမှုသည် ညမထွက်ရအမိန့် ကန့်သတ်မှုမခံရကြောင်း၊ ညမထွက်ရ မူဝါဒအား မည်သည့်အချိန်ထိ ကျင့်သုံးမည်မှာ ညမထွက်ရအချိန်ပြီးမှ အခြေအနေကို အကဲဖြတ်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း Karen Bass က ပြောကြားခဲ့သည်။
ညမထွက်ရမူဝါဒနှင့်စပ်လျဉ်း၍ စဉ်းစားနေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ကြောင်း၊ ဇွန် ၁၀ ရက် ညပိုင်းတွင် စတင်ကျင့်သုံးရသည်မှာ ဇွန် ၉ ရက်ညပိုင်းတွင် ဆန္ဒပြမှုပြီးဆုံးပြီးနောက် မြို့လယ်ကောင်တွင် ဈေးဆိုင်များအား လုယက်မှုနှင့် နေရာအနှံ့ ဆေးမှုတ်အရောင်ဆိုး မှုများစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Karen Bass က ပြောကြားခဲ့သည်။ ဇွန် ၉ ရက် ညပိုင်းတွင် မြို့လယ်ကောင်၌ လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ၎င်းအနက် လုယက်သူများလည်း ပါဝင်ကြောင်း လော့စ်အိန်ဂျလိစ် ရဲစခန်းကဆိုသည်။
လက်ရှိတွင် ဆန္ဒပြသူပေါင်း ၄၀၀ ခန့်က လော့စ်အိန်ဂျလိစ် မြို့လယ်ကောင်၌ လှည့်လည်ဆန္ဒပြနေဆဲဖြစ်သည်။ ဇွန် ၁၀ ရက် အစောပိုင်းတွင် အချို့သော ဆန္ဒပြသူများက မြို့လယ်ကောင်ကို ဖြတ်သန်းသွားသည့် အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးကို ထပ်မံဖြတ်တောက်ခဲ့ကြသည်။
ဇွန် ၁၀ ရက် ညနေပိုင်းတွင် ဆန္ဒပြသူလူအုပ်က ကယ်လီဖိုးနီးယားပြည်နယ် Orange ခရိုင် Santa Ana မြို့နှင့် Ventura ခရိုင် Oxnard မြို့တွင်စုဝေးခဲ့ကြသည်။ ထိုနေ့တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန စသည့် ဖက်ဒရယ်အဖွဲ့အစည်းများက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဦးတည်သည့် ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒေသတွင်းရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထားသော ရုပ်ပုံထဲတွင် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက စိုက်ခင်းများအတွင်းသို့ ဝင်ရောက်၍ စတော်ဘယ်ရီဆွတ်ခူးနေသော နိုင်ငံခြားသား အလုပ်သမားများအား လိုက်လံဖမ်းဆီးနေသည်ကို တွေ့မြင်ရသည်။ ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ ဖက်ဒရယ်ဌာနအပြင်တွင် ဆန္ဒပြသူများနှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ဖြစ်ပွားနေသည်ကို ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
美国洛杉矶市长宣布10日晚开始宵禁
新华社洛杉矶6月10日电(记者黄恒 高山)美国洛杉矶市长巴斯10日傍晚在新闻发布会上宣布,将于当地时间10日20时至11日6时在市中心部分区域实施宵禁。
巴斯说,宵禁覆盖区域仅限市中心大约1平方英里(约2.59平方公里),区域内居民活动不受宵禁令限制。宵禁政策实施到何时为止,将在宵禁结束后评估情况再定。
巴斯说,宵禁政策已考虑多日,之所以从10日晚开始实施,是因为9日晚抗议活动结束后,市中心出现多起打劫店铺和随处涂鸦的状况。洛杉矶警局说,9日晚在市中心逮捕了超过100人,其中包括劫匪。
目前,仍有约400名抗议者在洛杉矶市中心游行。10日早些时候,一些抗议者再度切断通过市中心的101号高速公路。
10日傍晚,抗议人群在加利福尼亚州奥兰治县圣安娜市和文图拉县奥克斯纳德聚集。当天,美国移民与海关执法局等联邦机构继续在加州南部地区展开针对非法移民的搜捕行动。当地电视台画面中,执法人员冲进农田,追逐并逮捕正在收草莓的外国工人。搜捕行动持续在加州南部引发抗议。(完)
1. 6月9日,手持标语的示威者站在美国加利福尼亚州洛杉矶一处联邦机构建筑外。新华社发(曾慧摄)
2. 6月9日,在美国加利福尼亚州洛杉矶一处联邦机构建筑外,示威者与国民警卫队人员对峙。新华社发(邱晨摄)