China
ဝမ်ရိက အာဖရိကနိုင်ငံအများအပြား၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

ချန်ရှား၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၁၀ ရက်တွင် တရုတ်နိုင်ငံ ချန်ရှား၌ အာဖရိကနိုင်ငံအများအပြား၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ကင်ညာနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Musalia Mudavadi နှင့် တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ခေတ်သစ်တရုတ်-ကင်ညာ အေးအတူပူအမျှအသိုက်အဝန်း အနေအထားအသစ်ကို အတည်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ရန်၊ အပြန်အလှန် အခိုင်အမာ ထောက်ခံကာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း၊ မနက်ဖြန်တွင် ကျင်းပမည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ရလဒ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းရေးမှူးများ အစည်းအဝေးသည် တရုတ်-အာဖရိက ၅၄ နိုင်ငံ၏ ဆုံစည်းမှုဖြစ်ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို မုချ အားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Mudavadi က ကင်ညာ-တရုတ်ဆက်ဆံရေး၏ အနေအထားအသစ်သည် နှစ်နိုင်ငံ၏ မြင့်မားသော အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်သော အလားအလာကို အပြည့်အဝပြသလိုက်ခြင်းဖြစ်သလို အာဖရိက-တရုတ် ဆက်ဆံရေးအတွက်လည်း စံနမူနာအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ကင်ညာ-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ ဗဟုအသွင် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ထောက်ခံမှု ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး Yassine Fall နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရိက နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိထားသော အရေးကြီးသဘောတူညီချက်များနှင့် ထိပ်သီးအစည်းအဝေးရလဒ်များကို ဆောလျင်စွာ လက်တွေ့အကောင်အထည်ဖော်ကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီနီဂေါမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ သိသိသာသာတိုးတက်လာခြင်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားလှသော အလားအလာကို အပြည့်အဝပြသလိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက ညီအစ်ကိုမောင်နှမများနှင့်အတူ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းအသစ်များကို မျှဝေသွားပြီး အာဖရိကနိုင်ငံအသီးသီး၏ ခေတ်သစ်အသွင်ပြောင်းမှု အကောင်အထည်ဖော်ရာတွင် အားဖြည့်ကူညီပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
Yassine Fall က တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိကြောင်း၊ အာဖရိကနိုင်ငံများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ် ထူထောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများမှ အကျိုးကျေးဇူးများစွာရရှိကြောင်း၊ ဆီနီဂေါနိုင်ငံအနေဖြင့် တစ်ဖက်သတ်စည်းကြပ်ခွန် အလွဲသုံးစားလုပ်ခြင်းကို ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ခြင်းအား အထူးလေးစားချီးကျူးကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် မူဝါဒကို တရုတ်နိုင်ငံနှင့်အတူ လက်တွဲ ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။
တန်ဇန်းနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mahmoud Thabit Kombo နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရိက တရုတ်-တန်ဇန်းနီးယား အစဉ်အလာ ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ရှေးယခင်ခေါင်းဆောင်ကြီးများ ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ အရေးပါသော သမိုင်းဝင်အနက်အဓိပ္ပာယ်ရှိသလို ခေတ်၏ အဓိပ္ပါယ်အသစ်များကိုလည်း အဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-တန်ဇန်းနီးယား ချစ်ကြည်ရေး အစဉ်အလာကို လက်ဆင့်ကမ်းကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၏ ရလဒ်များကို လက်တွေ့ဖော်ဆောင်ပြီး အရည်အသွေးမြင့် အခိုင်အမာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ ကိုယ်စီ ခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ကူညီရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Kombo က တန်ဇန်းနီးယား-တရုတ် ချစ်ကြည်ရေးသည် ခိုင်မာနက်ရှိုင်းကာ နှစ်နိုင်ငံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကလည်း စံတင်ရသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ Tazara မီရထားလမ်းအား ပြန်လည်အသက်သွင်းပေးခြင်းနှင့် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” စီမံကိန်းကို တန်ဇန်းနီးယားတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအပေါ် အလွန်ဝမ်းမြောက်မိကြောင်း၊ တန်ဇန်းနီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးကြောင်း၊ တန်ဇန်းနီးယား-တရုတ် ချစ်ကြည်ရေးတွင် အခိုင်အမာ အားထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နမီးဘီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Selma Ashipala-Musavyi နှင့် တွေ့ဆုံဆွေးနွေးစဉ် ဝမ်ရိက တရုတ်နိုင်ငံသည် နမီးဘီးယားနိုင်ငံနှင့်အတူ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အားပေးထောက်ခံမှု၊ အပြန်အလှန် စိတ်ရင်းစေတနာမှန်ကန်မှု အစဉ်အလာကောင်းများကို တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်သွား၍ တရုတ်- နမီးဘီးယား ချစ်ကြည်ရေးကို ခေတ်သစ်တွင် ရှင်သန်စွမ်းအားသစ်များ တောက်ပလာစေရန် တွန်းအားပေးလိုကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်မှုကို တွန်းအားပေးကာ နမီးဘီးယား၏ စက်မှုထွန်းကားရေးလုပ်ငန်းစဉ် အရှိန်မြှင့် တွန်းအားပေးရာတွင် အားဖြည့်ကူညီပေးပြီး နမီးဘီးယားပြည်သူများအား ပိုမိုများပြားစွာ အကျိုးခံစားရစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Musavyi က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သည် အာဖရိက-တရုတ် အပြန်အလှန် နားလည်းမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး နမီးဘီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” နှင့် လွန်စွာဆီလျော်မှုရှိရာ တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်မှုကို အားဖြည့်ကာ ယခုအကြိမ် ညှိနှိုင်းရေးမှူးများအစည်းအဝေးတွင် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိမည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဘော့စ်ဝါနာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Phenyo Butale နှင့် တွေ့ဆုံဆွေးနွေးစဉ် ဝမ်ရိက ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘော့စ်ဝါနာနိုင်ငံက ကိုယ်ပိုင်ရပ်တည်မှု ကိုယ်ပိုင်အင်အားတောင့်တင်းမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေမှုအပေါ် ထောက်ခံအားပေးကြောင်း၊ ဘော့စ်ဝါနာနိုင်ငံနှင့်အတူ နှစ်ဖက် အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုမှ ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘော့စ်ဝါနာနိုင်ငံ ဈေးကွက်အား တစ်ဆင့်တိုး ချဲ့ထွင်ပေးကာ ကုန်သွယ်စီးပွားရေး၊ စွမ်းအင်၊ ထုတ်လုပ်ရေးနှင့် ကုန်ချောထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးစသည့် နယ်ပယ်အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်းရေးကို နက်ရှိုင်းစွာ ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။
Butale က ဘော့စ်ဝါနာနိုင်ငံသည် ဘော့စ်ဝါနာ-တရုတ် ကုန်သွယ်စီးပွားရေးကောင်စီ အခန်းကဏ္ဍတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ ဘော့စ်ဝါနာနိုင်ငံသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ကူညီပံ့ပိုးမှုများအပေါ် အထူးလေးစားချီးကျူးကာ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ကာ ရှုပ်ထွေးသော ပထဝီနိုင်ငံရေး စိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။
အင်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Tete António နှင့် တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက တရုတ်- အင်ဂိုလာ ချစ်ကြည်ရေးသည် သမိုင်းကြောင်းကြာရှည်လှပြီး တန်ဖိုးထား ထိန်းသိမ်းကာကွယ်ထိုက်ကြောင်း၊ တရုတ်နိုင်ငံ၏ အင်ဂိုလာနိုင်ငံအပေါ် မူဝါဒမှာ စဉ်ဆက်မပြတ်မှု၊ တည်ငြိမ်မှုကို ထိန်းသိမ်းထားကာ အင်ဂိုလာနိုင်ငံအပေါ် ကူညီပံ့ပိုးမှုတွင် မည်သည့် နိုင်ငံရေးတောင်းဆိုချက်ကိုမျှ ထပ်ဆောင်းပါဝင်ခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဂိုလာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေး ကြိုးပမ်းမှုကို ထောက်ခံအားပေးကာ အင်ဂိုလာနိုင်ငံတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ တိုးမြှင့် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးထောက်ခံပြီး အင်ဂိုလာနိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
António က အင်ဂိုလာ-တရုတ် အစဉ်အလာ ချစ်ကြည်ရေးမှာ နက်ရှိုင်းလှကြောင်း၊ ရာနှင့်ချီသော တရုတ်ကုမ္ပဏီလုပ်ငန်းများက အင်ဂိုလာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အင်ဂိုလာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အဆိုပြုထားသည့် အရေးကြီးသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ကာ အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ထမ်းဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆီနီဂေါနိုင်ငံ ဝန်ကြီးဌာန Yassine Fall နှင့် တရုတ်နိုင်ငံ ချန်ရှားမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အင်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Tete António နှင့် တရုတ်နိုင်ငံ ချန်ရှားမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
王毅会见非洲多国外长
新华社长沙6月10日电(记者朱超、张格)中共中央政治局委员、外交部长王毅10日在长沙会见非洲多国外长。
会见肯尼亚内阁首席部长兼外长穆达瓦迪时,王毅说,两国元首确定了新时代中肯命运共同体的新定位。中方愿同肯方落实好两国元首共识,坚定相互支持,增进彼此信任。明天将举行的中非合作论坛成果落实协调人会议是中非54个国家的聚会,必将增强全球南方国家的团结。
穆达瓦迪表示,肯中关系实现新定位充分彰显了两国的高度互信和合作的广阔前景,也为非中关系树立了典范。期待进一步深化肯中互利互惠合作,在实现多元化发展进程中继续得到中方支持。
会见塞内加尔外长法勒时,王毅说,双方加紧落实两国元首重要共识和峰会成果,推动政治互信和务实合作迈上更高水平。塞方对华出口大幅增长,充分展现了两国合作的巨大潜力。中方愿继续同非洲兄弟姐妹分享中国发展新机遇,助力非洲各国实现现代化。
法勒表示,中国的成功具有全球意义,非洲国家从新中国建立和发展经验中受益良多。塞方反对滥施单边关税,高度赞赏中方以实际行动践行多边主义,愿同中方携手捍卫联合国宪章宗旨原则。
会见坦桑尼亚外长孔博时,王毅说,中坦传统友谊由两国老一辈领导人亲手缔造,具有重要的历史意义,并不断被赋予新的时代内涵。双方要弘扬中坦友好传统,落实好中非合作论坛北京峰会成果,推进高质量务实合作,助力各自现代化发展。
孔博表示,坦中友谊牢固深厚,两国务实合作具有典范意义。很高兴坦赞铁路正在得到重新激活,“十大伙伴行动”项目在坦成功落地。坦方恪守一个中国原则,坚定致力于坦中友好。
会见纳米比亚外长穆萨维伊时,王毅说,中方愿同纳方弘扬相互信任、相互支持、肝胆相照的优良传统,推动中纳友好在新时代焕发出新的生机活力。双方要加强发展战略对接,推动互利合作提质升级,助力纳方加快推进工业化进程,更多惠及纳米比亚人民。
穆萨维伊表示,中非合作论坛为促进非中相互理解和务实合作发挥了重要作用,纳方的发展规划同“十大伙伴行动”高度契合,期待同中方加强对接,坚信本次协调人会议将取得丰硕成果。
会见博茨瓦纳外长布塔莱时,王毅说,今年是两国建交50周年。中方支持博方探索自立自强发展道路,愿同博方推动双方互利合作结出更多硕果。中方愿进一步扩大对博方市场开放,探讨拓展经贸、能源、制造加工业、卫生健康等各领域合作。
布塔莱表示,博方愿充分发挥博中经贸联委会作用,深化共建“一带一路”合作,落实好“十大伙伴行动”。博方高度赞赏中方的全球贡献,愿同中方加强沟通协调,共同应对复杂地缘政治挑战。
会见安哥拉外长安东尼奥时,王毅表示,中安友谊源远流长,值得珍惜维护。中国对安政策保持连续性稳定性,对安援助不附加任何政治条件。中方支持安方推进国家发展的努力,鼓励支持中国企业加大对安投资,希望安方维护好在安中国企业和人员合法权益。
安东尼奥表示,安中传统友谊深厚。感谢数百家中国企业为安哥拉发展和基础设施建设所作贡献。安方支持中方提出的系列重要全球倡议,愿同中方加强多边协作,履行好非盟轮值主席国职责。(完)
图说1:6月10日,中共中央政治局委员、外交部长王毅在长沙会见博茨瓦纳外长布塔莱。 新华社记者 陈思汗 摄
图说2:6月10日,中共中央政治局委员、外交部长王毅在长沙会见塞内加尔外长法勒。 新华社记者 陈思汗 摄
图说3:6月10日,中共中央政治局委员、外交部长王毅在长沙会见安哥拉外长安东尼奥。 新华社记者 陈振海 摄