Connect with us

Europe

၁၃ ကြိမ်မြောက် တရုတ်-ဗြိတိန် နိုင်ငံရေးပါတီ ဆွေးနွေးပွဲသို့ လျိုကျန့်ချောင်း တက်ရောက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်-ဗြိတိန် နိုင်ငံရေးပါတီ ဆွေးနွေးပွဲ၌ အမှာစကားပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုကျန့်ချောင်းအား ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုကျန့်ချောင်နှင့် အဖွဲ့သည် ဇွန် ၈ ရက်မှ ၁၀ ရက်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်-ဗြိတိန် နိုင်ငံရေးပါတီ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲကာလအတွင်း နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုတိုးတက်ရေးဝန်ကြီး ဒေးဗစ်လမ်မီ၊ အလုပ်သမားပါတီခေါင်းဆောင်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ စသည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးဖလှယ်ခဲ့ကြသည်။

တရုတ်နှင့် ဗြိတိန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သလို ကမ္ဘာ့အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ နေ့စဉ်နှင့်အမျှ တိုးပွားလာသည့်အခြေအနေတွင် ကောင်းမွန်တည်ငြိမ်သော တရုတ်-ဗြိတိန်ဆက်ဆံရေးက နှစ်နိုင်ငံနှင့် ကမ္ဘာ့အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-ဗြိတိန် နိုင်ငံရေးပါတီ ဆွေးနွေးပွဲစသည့် ယန္တရားများ အခန်းကဏ္ဍတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ကာ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးတက်စေရန်၊ ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ကာ လူမှုယဉ်ကျေးမှု နီးကပ်စွာ ဖလှယ်ရန်၊ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
刘建超出席第十三届中英政党对话
新华社伦敦6月10日电 6月8日至10日,中共中央对外联络部部长刘建超一行在英国伦敦出席第十三届中英政党对话,其间分别同外交发展大臣拉米,工党前领袖、前首相布莱尔等会见交流。
双方表示,中英同为联合国安理会常任理事国和世界主要经济体,在全球性挑战日益增多的形势下,健康稳定的中英关系符合两国和世界利益。双方要充分发挥中英政党对话等机制作用,加强沟通对话,增进相互理解与信任,拓展各领域务实合作,密切人文交流,共同维护以联合国为核心的国际秩序,促进世界和平发展。(完)
图说:6月9日,在英国伦敦,中共中央对外联络部部长刘建超出席第十三届中英政党对话并发言。新华社记者 吴鲁 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.