Connect with us

Europe

ဩစတြီးယားနိုင်ငံတွင် ကျောင်းဝင်းသေနတ်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

ဩစတြီးယားနိုင်ငံ ဂရာဇ်မြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာအနီး၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
ဩစတြီးယားနိုင်ငံ ဂရာဇ်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဇွန် ၁၀ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးသေဆုံး၍ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။
သေနတ်ပစ်ခတ်မှုတွင် ပြစ်မှုသံသယရှိသူအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ယင်းတွင် ကျောင်းသူ/ကျောင်းသားတစ်ဦးနှင့် အနည်းဆုံး အရွယ်ရောက်သူတစ်ဦးပါဝင်ကြောင်း၊ အခြားဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိပြီး ၎င်းတို့အား ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဩစတြီးယားရဲတပ်ဖွဲ့နှင့် ဂရာဇ်မြို့ မြို့တော်ဝန် Elke Kahr တို့က မီဒီယာများထံ အတည်ပြုခဲ့သည်။

ပြစ်မှုသံသယရှိသူသည် တစ်ကိုယ်တည်း လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးမှုရလဒ်အရ သိရသည်။
ဩစတြီးယားဝန်ကြီးချုပ် ခရစ်ယာန် စတိုကာနှင့် ပြည်ထဲရေးဝန်ကြီး ဂျာဟတ် ကာနာတို့က ဂရာဇ်မြို့သို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး ဤဖြစ်ရပ်အား ကိုင်တွယ်ဖြေရှင်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဂရာဇ်ကျောင်းဝင်းသေနတ်ပစ်ခတ်မှုသည် “နိုင်ငံ၏ ကြေကွဲဖွယ်” ဖြစ်ပြီး “မယုံနိုင်လောက်အောင်ပါပဲ” ဟု စတိုကာက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဩစတြီးယားတစ်နိုင်ငံလုံးသည် ဤဖြစ်ရပ်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း၊ ဤကဲ့သို့ အခိုက်အတန့်တွင် ဩစတြီးယားနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်သော တောင့်တင်းခိုင်မာသည့် ခွန်အားကို ပို၍ ပြသရမည်ဖြစ်ကြောင်း ဩစတြီးယား သမ္မတ အလက်ဇန်းဒါး ဗန်ဒါဘယ်လင်က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

“ဂရာဇ်မှ ကြားရတဲ့ သတင်းဆိုးကြီးကြောင့် စိတ်ထိခိုက်နာကျင်ရပါတယ်”၊ “စာသင်ကျောင်းဆိုတာ ငယ်ရွယ်ခြင်း၊ မျှော်လင့်ချက်နဲ့ အနာဂတ်ရဲ့ သင်္ကေတဖြစ်တယ်၊ စာသင်ကျောင်းက အကြမ်းဖက်မှုနဲ့ သေဆုံးခြင်းရဲ့ နေရာဖြစ်လာတဲ့အခါ လက်ခံဖို့ အလွန်ပင်ခက်ခဲလှပါတယ်” ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ကလည်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားခဲ့သော စာသင်ကျောင်းမှာ စတိုင်ရီယာပြည်နယ် မြို့တော် ဂရာဇ်၊ ဒရိုင်ရှော့ဇင်လမ်းရှိ ဖက်ဒရယ်ဂျီမ်နေစီယမ် (Gymnasium) အထက်တန်းကျောင်းတွင် တည်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက်ပိုင်း ၁၀ နာရီခန့်တွင် ကျောင်းတွင်းမှ သေနတ်သံ ရုတ်တရက် ထွက်လာပြီး မကြာမီတွင်ပင် ရဲတပ်ဖွဲ့က အဆိုပါစာသင်ကျောင်းအား ပိတ်ဆို့ထားခဲ့ကြောင်း ဒေသခံ မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)

ဩစတြီးယားနိုင်ငံ ဂရာဇ်မြို့ရှိ ဘုရားကျောင်းတွင် အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်နေသော ဩစတြီးယားဝန်ကြီးချုပ် ခရစ်ယာန် စတိုကာ (ဝဲဘက်၊ ဒုတိယ) အား ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
奥地利校园枪击案已致10人死亡
新华社维也纳6月10日电(记者于涛 孟凡宇)奥地利格拉茨市一所学校10日上午发生枪击事件,已造成10人死亡,数十人受伤。
奥地利警方和格拉茨市市长埃尔克·卡尔向媒体证实,枪击事件已造成包括嫌犯在内的10人死亡,死者包括学生和至少一名成年人。另有数十人受伤,他们已被送往医院接受救治。根据警方初步调查结果,嫌犯是单独行动,已自杀身亡。
奥地利总理施托克尔和内政部长卡纳已赶赴格拉茨,参与事件处理。施托克尔在一份声明中说,格拉茨校园枪击案是“国家悲剧”“令人难以置信”。
奥地利总统范德贝伦发表声明说,全奥地利为此哀悼,越是在这样的时刻奥地利人越要展现团结的强大力量。
欧盟委员会主席冯德莱恩也在社交媒体发文说:“格拉茨传来的噩耗令人痛彻心扉。”“学校是青春、希望与未来的象征,当学校成为暴力和死亡之地,实在令人难以承受。”
据当地媒体报道,事发学校是位于施蒂里亚州首府格拉茨市德赖朔岑街的一所联邦文理高中。当地时间上午10点左右,学校内突然传出枪声,警方随后封锁了学校。(完)
6月10日,警察在奥地利格拉茨市枪击事件现场附近执勤。新华社发(朱振涛摄)
6月10日,奥地利总理施托克尔(左二)在格拉茨一所教堂参加悼念活动。新华社记者 贺灿铃 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.