Connect with us

China

လန်သုစိမ့်မြေအရပ်ရှိ မြက်ခင်းပြင်၏ နွေရက်များ

လန်သုစိမ့်မြေအရပ် မြက်ခင်းပြင် အလှရှုခင်းကို ဇွန် ၁၀ ရက်တွင် ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

မင်ခရိုင် (ကန်းစု)၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
နွေရာသီတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် တင့်ရှီးမြို့ မင်ခရိုင်ရှိ လန်သုစိမ့်မြေအရပ် မြက်ခင်းပြင်သည် တစ်နှစ်တာ၏ “အလှဆုံးအချိန်” သို့ရောက်ရှိလာပါသည်။ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၆၀၀ မီတာရှိသော ဤမြက်ခင်းပြင်သည် စိမ်းစိုလှပပြီး ရေနှင့်မြက်များ ပေါကြွယ်ဝပေသည်။ ကွေ့ကောက်သော လန်သုစမ်းချောင်းလေးများသည် လှည့်ပတ်စီးဆင်းလျက် ရှိပြီး သွားလာကျက်စားနေသော ကျွဲနွားများ၊ သိုးဆိတ်များနှင့် ပြေးလွှားနေသော မြင်းများနှင့်အတူ သက်ဝင်လှုပ်ရှားနေသော လှပသည့် ရှုခင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ (Xinhua)


…………………….
(Chinese Version)
美丽中国|夏日狼渡湿地草原
新华社照片,岷县(甘肃),2025年6月11日
夏日里,位于甘肃省定西市岷县的狼渡湿地草原进入一年中的“最美时刻”,平均海拔2600米的狼渡湿地草原绿意盎然,水草丰茂,九曲十八弯的狼渡溪流蜿蜒其中,与漫步的牛羊、驰骋的骏马一道构成生机勃勃的美丽画卷。
这是6月10日拍摄的狼渡湿地草原风光(无人机照片)。 新华社记者 陈斌 摄