Connect with us

Asia

ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်ပွားကြောင်း Air India ကုမ္ပဏီ အတည်ပြု၊ လေယာဉ်ပေါ်တွင် ခရီးသည် ၂၄၂ ဦး လိုက်ပါသွားသည်ဟု မီဒီယာများ ဆို

နယူးဒေလီ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံသို့ ပျံသန်းသော Air India လေကြောင်းလိုင်းကုမ္ပဏီ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ယနေ့ (၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်) တွင် (အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်) Ahmedabad လေဆိပ်မှ လန်ဒန်မြို့ Gatwick လေဆိပ်သို့ ပျံသန်းတဲ့ ခရီးစဉ် AI171 ဟာ မတော်တဆဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသေးစိတ်အချက်အလက်များကို အတည်ပြုနေဆဲဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၂၄၂ ဦးပါဝင်ကြောင်း အိန္ဒိယနိုင်ငံ ANI သတင်းဌာနက ရဲဘက်သတင်းကို ကိုးကား၍ ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင်လေယာဉ်မော်ဒယ်မှာ ဘိုးရင်း (Boeing) 787 ဖြစ်ပြီး ဂူဂျာရတ်ပြည်နယ် လူနေရပ်ကွက်တစ်ခု အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှုအခြေအနေ မသိရှိရသေးကြောင်း၊ လက်ရှိတွင် အဆိုပါလူနေရပ်ကွက်သို့ ဆက်သွယ်ထားသည့် လမ်းအားလုံးကို ပိတ်ဆို့ထားကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

———————–
(Chinese Version)
印度航空公司确认客机发生事故 媒体称机上载有242名乘客
新华社新德里6月12日电 印度航空公司12日发表声明说,该公司一架飞往英国的客机当天发生事故,目前正在确认相关信息。
声明说:“今天(2025年6月12日),执飞从(印度古吉拉特邦)艾哈迈达巴德机场飞往伦敦盖特威克机场的AI171航班发生事故。目前,我们正在确认详细信息。”
印度亚洲新闻国际通讯社援引警方消息报道说,机上载有242名乘客。
另据印度媒体报道,客机型号为波音787,坠毁在古吉拉特邦一个居民区附近,伤亡情况不明。目前,通往该居民区的所有道路均已关闭。(完)