Connect with us

Africa & Middle East

မိုဇမ်ဘစ်-တရုတ် ဆက်ဆံရေး တစ်ဆင့်တိုး အားဖြည့်သွားလိုကြောင်း မိုဇမ်ဘစ်နိုင်ငံ သမ္မတ ပြောကြား

မိုဇမ်ဘစ်နိုင်ငံ မြို့တော် မာပူတို၌ ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ ဒါနီရယ် ချာပို (အရှေ့၊အလယ်) အား ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မာပူတို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မိုဇမ်ဘစ်နှင့် တရုတ်နိုင်ငံကြား အစဉ်အလာချစ်ကြည်ရေးမှာ နက်ရှိုင်းလှပြီး မိုဇမ်ဘစ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စွဲမြဲလိုက်နာကြောင်း၊ မိုဇမ်ဘစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို စမှတ်အဖြစ်ထားရှိကာ မိုဇမ်ဘစ်-တရုတ် ဆက်ဆံရေးအား တစ်ဆင့်တိုး အားဖြည့်သွားလိုကြောင်း မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒါနီရယ် ချာပိုက ဇွန် ၁၁ ရက်တွင် မြို့တော် မာပူတို၌ ပြောကြားခဲ့သည်။

ချာပိုက မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် ကျိမ့်ရွှမ်၏ သံအမတ်ခန့်အပ်လွှာကို သမ္မတအိမ်တော်၌ လက်ခံစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ကျိမ့်ရွှမ်က မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-မိုဇမ်ဘစ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှစ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို အားကောင်းစေရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်၊ တောက်ပသော နောက်ထပ် နှစ် ၅၀ ကို အတူလက်တွဲ ဖြတ်သန်းလိုကြောင်း ပြောကြားခဲ့သည်။

ကျိမ့်ရွှမ်သည် တာဝန်အသစ်ထမ်းဆောင်ရန် မေ ၁၃ ရက်က မာပူတိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………………
(Chinese Version)
莫桑比克总统:愿进一步加强莫中关系
新华社马普托6月11日电(记者刘杰)莫桑比克总统查波11日在首都马普托表示,莫桑比克和中国传统友谊深厚,莫方坚定恪守一个中国原则,愿以莫中建交50周年为新起点,进一步加强莫中关系。
查波是在总统府接受中国新任驻莫桑比克大使郑璇递交国书时作出上述表示的。
郑璇表示,近年来,在两国元首战略引领下,中莫全面战略合作伙伴关系持续深化。中方愿以今年两国建交50周年为契机,巩固政治互信,推进务实合作,更好造福两国人民,携手共赴新的辉煌50年。
郑璇于5月13日抵达马普托履新。(完)
图说:1月15日,在莫桑比克首都马普托举行的就职仪式上,丹尼尔·查波(前中)展示从宪法委员会主席露西娅·里贝罗(后左)手中接过的具有权力象征的法槌。