Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်တွင် ရေကြီးရေလျှံမှုအပြီး မြင်ကွင်း

တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ် Mthatha မြို့တွင် ရေကြီးရေလျှံမှုအတွင်း ပျက်စီးခဲ့သော အဆောက်အဦဆီသို့ ပြန်လည်ရောက်ရှိနေသည့် ဒေသခံတစ်ဦးအား ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Mthatha (တောင်အာဖရိက)၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၇၈ ဦးအထိ မြင့်တက်လာကြောင်း တောင်အာဖရိကနိုင်ငံ ပူးတွဲညှိနှိုင်းအုပ်ချုပ်ရေးနှင့် ရိုးရာရေးရာဝန်ကြီးဌာန (COGTA) ဝန်ကြီး Velenkosini Hlabisa က ဇွန် ၁၂ ရက် ညပိုင်း၌ တောင်အာဖရိက အသံလွှင့်ကော်ပိုရေးရှင်း (SABC) သတင်းချန်နယ်၏ မေးမြန်းမှုဖြေကြားရာတွင် ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် မကြာသေးမီရက်များက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများကျဆင်းခြင်း စသည့် အစွန်းရောက်သော ရာသီဥတုဒဏ်ကို ဆက်တိုက်ခံခဲ့ရပြီး Eastern Cape ပြည်နယ်၏ သဘာဝဘေးအန္တရာယ်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ (Xinhua)

တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ် Mthatha မြို့တွင် ရေကြီးရေလျှံမှုအတွင်း ပျက်စီးခဲ့သော မော်တော်ကားများအား ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………
(Chinese Version)
南非东开普省:洪灾过后
新华社照片,姆塔塔(南非),2025年6月14日
南非联合执政与传统事务部长韦伦科西尼·赫拉比萨12日晚间在接受南非广播公司新闻频道采访时说,东开普省洪灾造成的死亡人数已升至78人。南非东部和南部连日来遭遇持续暴雨、强风、降雪等极端天气,东开普省灾情尤为严重。
图说1:6月13日,在南非东开普省姆塔塔,一位当地居民返回在洪水中损毁的房屋。 新华社发(约翰·范埃登摄)
图说2:这是6月13日在南非东开普省姆塔塔拍摄的在洪水中受损的车辆。新华社发(约翰·范埃登摄)