Asia
အိန္ဒိယတွင် လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်၌ လူ ၃၃ ဦးသေဆုံး

နယူးဒေလီ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ် အနီးအနားတွင် ဇွန် ၁၂ ရက်က ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူဦးရေ ၂၇၄ အထိရှိလာပြီး ယင်းအနက် ၃၃ ဦးမှာ မြေပြင်မှ လူများဖြစ်ကြကြောင်း အိန္ဒိယမီဒီယာ The Times of India ၏ ဇွန် ၁၄ ရက် သတင်းဖော်ပြမှုအရ သိရသည်။
သေဆုံးသူဦးရေ ၂၄၁ ဦးမှာ လေယာဉ်ပေါ်ကဖြစ်ပြီး အခြားသေဆုံးသူ ၃၃ ဦးမှာ Ahmedabad မြို့ရှိ B.J ဆေးကောလိပ်ဝင်းအတွင်းမှ လူများဖြစ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ အစိုးရက လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရန် အဆင့်မြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး အချိန် ၃ လအတွင်း အစီရင်ခံချက်ကို ကြေညာမည်ဖြစ်ကြောင်း “Hindustan Times” သတင်းဖော်ပြချက်အရ သိရသည်။
လေယာဉ်ပျက်ကျသည့် အခင်းဖြစ်နေရာ၌ ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်စက်ကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ လေကြောင်းရေးရာ ဝန်ကြီး Kinjarapu Ram Mohan Naidu က ဇွန် ၁၃ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Air India လေကြောင်းလိုင်းကုမ္ပဏီ၏ အိန္ဒိယမှ ဗြိတိန်သို့ ပျံသန်းသော ခရီးသည်တင်လေယာဉ် ဘိုးရင်း (Boeing) 787-8 သည် Ahmedabad လေဆိပ်မှ ပျံတက်ပြီး မကြာမီတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးသည်တင်လေယာဉ်သည် ပျံတက်ပြီးမကြာမီ လျင်မြန်စွာ ဆင်းသက်ခဲ့ပြီး အဆောက်အအုံတစ်ခုအား တိုက်မိ၍ ပေါက်ကွဲမီးလောင်ခဲ့ရာ လေယာဉ်အပျက်အစီးများ နေရာအနှံ့သို့ ပြန့်ကျဲခဲ့ကြောင်း အချင်းဖြစ်မြင်ကွင်းများက ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး ပါရှိကြောင်း Air India လေကြောင်းလိုင်းကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒက်ရှိ ပြည်နယ် မြို့တော် Bhopal တွင် လေယာဉ်ပျက်ကျမှု၌ သေဆုံးခဲ့သူများအတွက် ပြည်သူများက ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့၍ ဝမ်းနည်းပူဆွေးနေသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့ လေဆိပ်အနီး လေယာဉ်ပျက်ကျခဲ့သည့်နေရာတွင် စစ်ဆေးကြည့်ရှုနေသော အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ (ယာ၊ ပထမ) အား ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး)
………………………
(Chinese Version)
印度坠机事故已造成33名地面人员死亡
新华社新德里6月14日电 据印度媒体《印度时报》14日报道,12日在印度古吉拉特邦艾哈迈达巴德机场附近发生的坠机事故遇难人数已升至274人,其中33人为地面人员。
报道说,机上遇难人数为241人,其他33名遇难者很可能是艾哈迈达巴德医学院的人员。
据《印度斯坦时报》报道,印度政府已成立高级委员会调查坠机事件,将在3个月内公布报告。
印度航空部长拉姆·莫汉·奈杜13日在社交媒体上发表声明说,已在坠机事故现场找到了飞行数据记录器。
印度航空公司一架从印度飞往英国的波音787-8型客机12日在艾哈迈达巴德机场起飞后不久坠毁。现场画面显示,客机起飞后不久迅速下降,撞上一栋建筑物后爆炸起火,飞机残骸四处散落。印度航空公司说,机上载有230名乘客和12名机组人员。(完)
图说1:6月13日,在印度古吉拉特邦艾哈迈达巴德,几名男子站在客机残骸旁。新华社发
图说2:6月13日,在印度中央邦首府博帕尔,人们点燃蜡烛哀悼坠机事故遇难者。新华社发
图说3:6月13日,印度总理莫迪(右一)视察古吉拉特邦艾哈迈达巴德机场附近的坠机现场。新华社发(印度总理办公室供图)