Connect with us

Asia

ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံ နယ်စပ်တင်းမာမှု အခြေအနေနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၅ ကြိမ်မြောက် အထက်လွှတ်တော် ပထမအကြိမ် အစည်းအဝေး တက်ရောက်နေသော ဟွန်ဆင်ကို ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်/ဘန်ကောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က ဇွန် ၁၃ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်နေပါက ကမ္ဘောဒီးယားဘက်က သက်ဆိုင်ရာ ရင်ဆိုင်မှုအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံကုန်ပစ္စည်းများ တင်သွင်းမှု ဆိုင်းငံ့ခြင်း၊ မူလက ထိုင်းနိုင်ငံသို့ တင်ပို့ရသော ကုန်ပစ္စည်းများအတွက် ဈေးကွက်အသစ်ရှာဖွေခြင်း၊ လူနာများ ထိုင်းနိုင်ငံသို့သွားရောက် ဆေးကုသမှုခံယူမှုကို ရပ်တန့်ခြင်း၊ ထိုင်းနိုင်ငံရောက်အလုပ်သမားများ နေရပ်ပြန်ရန် လက်ခံခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ တပ်လှန့်ထားခြင်း၊ နယ်စပ်ဒေသပြည်နယ်များ အရေးပေါ်တုံ့ပြန်ရန် ပြင်ဆင်ထားခြင်း စသည်တို့ အပါအဝင် ရင်ဆိုင်မှုအစီအမံ ၆ ရပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ဟွန်ဆန်က ဇွန် ၁၂ ရက် ညပိုင်းတွင် ၎င်းအနေဖြင့် ဒေသတစ်စိတ်တစ်ပိုင်း စစ်ရေးအရတင်းမာမှုကို အခြားဒေသ သို့မဟုတ် ပိုင်နက်မြေများသို့ ပျံ့နှံ့သွားခြင်းမရှိရန် အစဉ်အမြဲတိုက်တွန်းလျက်ရှိကြောင်း၊ သို့သော်လက်ရှိတွင် ပြဿနာ အဆင်မြင့်တက်လာပြီဖြစ်ကြောင်း၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံဘက်က အချို့သောနယ်စပ်ဂိတ်များကို တစ်ဖက်သတ်ပိတ်ဆို့ခြင်း၊ ကမ္ဘောဒီးယားနိုင်ငံသားများ ပြည်ဝင်နေထိုင်ခွင့်ကာလကို လျှော့ချခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခြင်း စသည်တို့ လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားဘက်က ရင်ဆိုင်တုံ့ပြန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၁၂ ရက် ညသန်းခေါင်မှစ၍ ကမ္ဘောဒီးယားနိုင်ငံရှိ ရုပ်သံလွှင့်ဌာနအားလုံး ထိုင်းရုပ်သံဇာတ်လမ်းတွဲများ ထုတ်လွှင့်မှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ထိုနေ့ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ခြိမ်းခြောက်မှုအား တုံ့ပြန်ရန်အတွက် လက်ရှိတွင် ကမ္ဘောဒီးယားရှိ ဆက်သွယ်ရေးအော်ပရေတာအားလုံးသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် အင်တာနက် ချိတ်ဆက်မှုအားလုံးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီး Chea Vandeth က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မတီသည် ဇွန် ၁၄ ရက်တွင် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယခုအကြိမ် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တင်းမာမှုအခြေအနေအား လျှော့ချကာ နှစ်ဖက်က ထိုမတိုင်မီ ရရှိထားသော သဘောတူညီချက်များကို ဆက်လက်ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ဇွန် ၁၃ ရက်တွင် လူမှုမီဒီယာတွင် ပို့စ်ရေးသား၍ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် အလို့ဌာ အခြေအနေ အဆင့်မြင့်တက်လာပါက ထိုင်းနိုင်ငံအနေဖြင့် “ပြင်ဆင်မှုများ မယိမ်းမယိုင် အဆင်သင့်လုပ်ဆောင်ထား” မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ဆွေးနွေးညှိနှိုင်းမှုရလဒ်ကို အကဲဖြတ်ပြီး နောက်တစ်ဆင့်လှုပ်ရှားမှု လမ်းညွှန်ချက်ကို အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura ဇွန် ၁၁ ရက်တွင် ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုနှင့် အင်တာနက်ချိတ်ဆက်မှုကို ဖြတ်တောက်ရန် စီစဉ်ထားကြောင်း၊ ထိုသို့လုပ်ဆောင်ရခြင်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်၍ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးကို အာမခံရန်ဖြစ်ကြောင်း၊ ယင်းကို ကမ္ဘောဒီးယားဘက်နှင့် တွေ့ဆုံဆွေးနွေးမှု၏ နိုင်ငံရေးကိရိယာအဖြစ် မရှုမြင်သင့်ကြောင်း၊ အထင်လွဲမှားမှုများ မဖြစ်စေရန်အတွက် ကမ္ဘောဒီးယားဘက်က သတင်းအချက်အလက် အတုအယောင်များကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံဘက်က ထပ်မံတိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်တို့သည် မေ ၂၈ ရက်တွင် နယ်စပ်အငြင်းပွားမှုရှိသည့်ဒေသ၌ ယာယီပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်က ၁၀ မိနစ်ဝန်းကျင် ပစ်ခတ်ထိတွေ့မှုဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာ (ရှေ့တန်း၊ အလယ်) နှင့် အစိုးရအဖွဲ့သစ်မှ အဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
柬埔寨、泰国领导人分别就两国边境紧张局势表态
新华社金边/曼谷6月13日电(记者吴长伟 林昊)柬埔寨人民党主席、参议院主席洪森13日在社交媒体上发布声明说,如果泰国继续在柬泰边境实施限制,柬方将采取相关应对措施。
洪森说,柬方计划采取六项应对措施,包括暂停进口泰国商品、为原输泰商品寻找新市场、停止患者到泰国就医、接收赴泰劳工回国、武装部队保持高度戒备、边境省份做好应急准备等。
洪森12日晚表示,他一直敦促,不要让局部军事紧张蔓延至其他地区或领域。但现在问题已经升级,比如泰国单方面关闭部分边境口岸、缩短柬公民的入境停留期限、威胁切断电力和互联网等。鉴于此,柬方需要应对。
柬埔寨新闻部12日晚发布声明说,自当天午夜起,柬所有电视台必须停止播放泰国影视剧。柬埔寨邮电通讯部大臣谢万德在社交媒体上说,为回应泰方威胁,柬埔寨所有电信运营商现已切断与泰国的跨境互联网连接。
泰国总理佩通坦13日在社交媒体上发文说,泰柬联合边界委员会即将于14日进行磋商,泰方希望通过这次磋商以和平方式缓解紧张局势,并继续执行双方此前达成的共识。
她同时表示,为维护泰方利益,如果局势升级,泰方将“毫不动摇地做好准备”。泰方将评估磋商结果,确定下一步行动方针。
泰国外交部发言人尼康德11日表示,泰方计划切断对泰柬边境地区供电和互联网连接,其唯一目的是打击人口贩运和网络诈骗等跨国犯罪以保障两国人民安全,不应被视为与柬方谈判的政治工具。泰方再次呼吁柬方打击虚假信息,以免造成误解。
柬埔寨和泰国军队5月28日在边境争议地区发生短暂冲突,双方交火持续约10分钟,1名柬埔寨士兵身亡。(完)
图说1:2024年4月3日,洪森在金边出席柬埔寨第五届参议院首次会议。新华社发(索万纳拉摄)
图说2:2024年9月7日,泰国总理佩通坦·钦那瓦(前中)及新一届内阁成员在位于首都曼谷的总理府与媒体见面。新华社发(拉亨摄)