Connect with us

North America

Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို ထရမ့် “ခွင့်ပြု”

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် အမိန့်ကြေညာချက်အား လက်မှတ်ရေးထိုး၍ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို အကန့်အသတ်ဖြင့် “ခွင့်ပြု” လိုက်ပြီဖြစ်ကြောင်း Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီတို့က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအမိန့်ကြေညာချက်အရ အတိုင်းအတာတစ်ခုရှိသည့် အကန့်အသတ်များကို ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေအောက်တွင် Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကြောင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကို အပြည့်အဝ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထရမ့်အနေဖြင့် အမေရိကန် သမ္မတဟောင်း ဘိုင်ဒန်၏ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို တားမြစ်သည့် အမိန့်အား ပြင်ဆင်လိုက်ကြောင်း၊ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှု ခွင့်ပြုချက်ရရှိရန်အတွက် Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီနှစ်ခုသည် အမေရိကန်အစိုးရနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်အား လိုက်နာမည်ဟု ကတိပြုရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီတို့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါသဘောတူညီချက်အရ Nippon Steel ကုမ္ပဏီသည် ၂၀၂၈ ခုနှစ် မတိုင်မီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး အမေရိကန်အစိုးရက ကုမ္ပဏီ၏ အရေးကြီးကိစ္စရပ်များအပေါ် ဗီတိုအာဏာဖြင့်ပယ်ချနိုင်သည့် “ရွှေရောင်အစုရှယ်ယာ” ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်သမ္မတဟောင်း ဘိုင်ဒန်က အမိန့်ကြေညာချက် လက်မှတ်ရေးထိုး၍ အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို တရားဝင်တားမြစ်ခဲ့သည်။ ဇန်နဝါရီ ၆ ရက်တွင် အဆိုပါကုမ္ပဏီနှစ်ခုက ဘိုင်ဒန်နှင့် အမေရိကန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီ စသည်တို့အား တရားစွဲဆိုခဲ့ပြီး တရားရုံးက ဘိုင်ဒန်၏ ဝယ်ယူမှုတားမြစ်ခြင်း အမိန့်အား ပယ်ဖျက်ပေးပြီး အဆိုပါဝယ်ယူမှုအား ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီတို့သည် “စီစဉ်ထားသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး” ရရှိလာမည်ဟု ထရမ့်က မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
日铁收购美钢案获特朗普“放行”
新华社东京6月14日电(记者刘春燕)日本制铁公司和美国钢铁公司14日宣布,美国总统特朗普已签署行政令,有条件“放行”日铁收购美钢的计划。
根据该行政令,在满足一定条件的情况下,日铁收购美钢对美国国家安全的威胁能够充分减轻。因此,特朗普对美国前总统拜登阻止日铁收购美钢的行政令进行修正。日铁收购美钢获批的前提条件是,日铁与美钢两家公司必须与美国政府签署国家安全协定,并承诺遵守协定。
日铁和美钢当天发布公告说,目前该协定已经签订。根据该协定,日铁将于2028年前投资约110亿美元,美国政府将获得可对企业重要事项行使否决权的“黄金股”。
1月3日,时任美国总统拜登签署行政令,以国家安全为由正式阻止日铁收购美钢。1月6日,两家公司正式以拜登和美国外国投资委员会等为对象提起诉讼,请求法院撤销拜登的阻止收购令,并对该收购案重新进行审查。5月23日,特朗普称,美钢与日铁将达成“计划中的合作伙伴关系”。(完)
图说:5月25日,美国总统特朗普乘直升机返回首都华盛顿白宫。新华社记者胡友松摄