China
စွမ်းအင်သစ်မော်တော်ယာဉ်များ၏ တရုတ်-ဗဟိုအာရှ နယ်စပ်ဖြတ်ကျော်ခရီး

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
မှောင်ရိပ်သန်းလာသည့်အခါ မြို့ပြသည်တဖြည်းဖြည်း “အိပ်မောကျ” လာချိန်တွင် တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကော်စစ်အမြန်လမ်း နယ်စပ်ဂိတ်၌ မီးအလင်းရောင်များ ဆက်လက်လင်းထိန်လျက်ရှိသည်။ တရုတ်နိုင်ငံထုတ် စွမ်းအင်သစ်မော်တော်ယာဉ်များသည် နိုင်ငံနယ်စပ်တံခါးမှ စနစ်တကျ ထွက်ခွာလာပြီး ပြည်ပကားဈေးကွက်ထဲသို့ ချီတက်လျက်ရှိကြသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်-ကာဇက်စတန် နှစ်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်စစ်ဆေးရေး စသည့်ဌာနများ၏ ပူးပေါင်းကြိုးစားမှုတွင် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများအတွက် ပြည်ထွက်အကောက်ခွန်ရှင်းတမ်းလုပ်ငန်း နည်းလမ်းများ ရွေးချယ်စရာပိုမိုများပြားလာပြီး သမားရိုးကျ မော်တော်ယာဉ်ကြီးများဖြင့် သယ်ဆောင်ခြင်းနည်းမှ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီး ကုန်ကျစရိတ်သက်သာသည့် “ကိုယ်တိုင်မောင်းနှင်၍ နယ်စပ်ဖြတ်ခြင်း” နည်းသစ်များအထိ အကောက်ခွန်ရှင်းတလင်းရေးလုပ်ငန်း ထိရောက်မှုနှုန်းမှာ စဉ်ဆက်မပြတ် မြင့်တက်လာသည်။
ဟော့အယ်ကော်စစ် နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော မော်တော်ယာဉ်တင်ပို့မှု ကုန်းလမ်းနယ်စပ်ဂိတ်ဖြစ်ရာ ဤနေရာတွင် သီတင်းပတ် ၇ ရက်၊ နေ့စဉ် ၂၄ နာရီလုံး နယ်စပ်ဖြတ်ကျော်မှုစနစ် ဖော်ဆောင်လျက်ရှိကာ နေ့ညမရွေး စဉ်ဆက်မပြတ် လည်ပတ်လှုပ်ရှားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ဟော့အယ်ကော်စစ် နယ်စပ်ဂိတ် မော်တော်ယာဉ် တင်ပို့မှုမှာ ၄၂၁,၀၀၀ စီးရှိပြီး သမိုင်းဝင် အများဆုံး စံချိန်တင်ခဲ့ကြောင်း အဆိုပါမြို့အကောက်ခွန် စာရင်းအင်းများအရ သိရသည်။ ဤကိန်းဂဏန်းများနောက်ကွယ်တွင် မော်တော်ယာဉ် “ပို့ဆောင်သူ” များ၏ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၌ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်မှုများနှင့် ကင်းကွာ၍မရပေ။
ယခုနှစ်တွင် အသက် ၄၀ နှစ်ကျော်ပြီဖြစ်သော ကောင်းယွင်သည် မော်တော်ယာဉ် “ပို့ဆောင်သူ” တစ်ဦးဖြစ်ပြီး ၎င်းသည် “ကိုယ်တိုင်ယာဉ်မောင်း၍ နယ်စပ်ဖြတ်ခြင်း” နည်းဖြင့် တရုတ်စွမ်းအင်သစ်မော်တော်ယာဉ်များအား ဟော့အယ်ကော်စစ်မှ ကာဇက်စတန်ဘက်ခြမ်းရှိ အကူးအပြောင်းယာဉ်ရပ်နားရာနေရာသို့ ပို့ဆောင်ကာ စစ်ဆေးမှုပြီးစီးပြီးနောက် နိုင်ငံဖြတ်ကျော်ဘတ်စ်ကားစီး၍ တရုတ်နိုင်ငံသို့ ပြန်လာသည်။ ၎င်းကဲ့သို့သော မော်တော်ယာဉ် “ပို့ဆောင်သူ” အများအပြားရှိသည်။ မော်တော်ယာဉ် တင်ပို့မှု ကုန်သွယ်ရေးက ယင်းဒေသ အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးသလို တရုတ်-ကာဇက်စတန် နယ်စပ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးသည်။ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ်များသည် ဤနေရာမှ ခရီးစတင်ခဲ့ပြီး ကာဇက်စတန်နိုင်ငံအတွင်းရှိ မြို့အသီးသီး၊ ဗဟိုအာရှ၊ အခြားသော နိုင်ငံများနှင့် ဒေသများသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကော်စစ်အမြန်လမ်း နယ်စပ်ဂိတ်၌ မော်တော်ယာဉ် စစ်ဆေးမှုစောင့်ဆိုင်းနေသော ကောင်းယွင်အား မေ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
……………………
(Chinese Version)
镜头连中外|新能源汽车的中国-中亚跨国路
新华社照片,北京,2025年6月13日
当夜幕降临,城市渐入“梦乡”,新疆霍尔果斯公路口岸却依然灯火通明。一辆辆中国新能源汽车井然有序地驶出国门,向着海外汽车市场“进军”。近年来,在中哈两国海关边检等部门的共同努力下,可供货运公司选择的出境通关方式越来越多,从传统的笼车装载到更为灵活、低成本的“自驾出口”,通关效率不断提升。
霍尔果斯口岸是我国最大的汽车出口陆路口岸,这里实行7X24小时通关模式,昼夜不停,川流不息。据霍尔果斯海关统计,2024年,该口岸出口汽车42.1万辆,创下历史新高。数字的背后,离不开汽车“摆渡人”跨国运输的辛苦付出。
今年四十多岁的高云就是一名汽车“摆渡人”,她以“自驾出口”的方式将中国新能源汽车从霍尔果斯运至哈萨克斯坦一侧的中转停车场,验收完毕后,再搭乘跨国大巴回到中国。像她这样的汽车“摆渡人”还有很多。汽车出口贸易带动了当地就业,促进了中哈边境地区的经济发展。中国的新能源车从这里启程被运往哈境内各城市、中亚各国与其他国家和地区。
图说1:6月11日凌晨,在新疆霍尔果斯公路口岸,大量商品车排队等待出口。 新华社记者 陈朔 摄
图说2:5月29日,在新疆霍尔果斯公路口岸,高云等待车辆验放。她的身后是霍尔果斯新国门。新华社记者 王菲 摄