Connect with us

Africa & Middle East

အီရန်အပေါ် အစ္စရေးတိုက်ခိုက်မှုကို နိုင်ငံအများအပြား ပြစ်တင်ရှုတ်ချ၊ သက်ဆိုင်သူများ ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်း

အီရန်နိုင်ငံ တီဟီရန်မြို့တွင် အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦအား ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အီရန်နယ်နိမိတ်အတွင်းရှိ နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို အစ္စရေးက ဇွန် ၁၃ ရက်တွင် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ခြင်းအပေါ် နိုင်ငံအများအပြားက ယင်းလုပ်ရပ်သည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အရှေ့အလယ်ပိုင်းဒေသနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သက်ဆိုင်သူများက ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေး နည်းလမ်းဖြင့် ပဋိပက္ခနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် တိုက်တွန်းခဲ့ကြသည်။

တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုမှာ “အီရန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ထိပါးခြင်း” ဖြစ်သလို ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အရေးပေါ်လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်ကာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို တားဆီးပြီး အရေးယူရန် ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

ဘာရိန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ပြီး အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခဲ့သလို ယင်းလုပ်ရပ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲရလဒ်များ ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပြီး ဘက်အသီးသီးအနေဖြင့် တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ တင်းမာမှုအခြေအနေကို ဖြေလျှော့ကြရန် တိုက်တွန်းခဲ့သည်။ ဘာရိန်းနိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးမှု၊ သံတမန်ရေး နည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရေးဟူသော ရပ်တည်ချက်ကို အစဉ်တစိုက် လက်ကိုင်ထားကြောင်း ကြေညာချက်တွင် ထပ်မံအလေးထား ဖော်ပြခဲ့သည်။

လစ်ဗျားနိုင်ငံ တိုင်းရင်းသားပေါင်းစည်းရေးအစိုးရ (GNU) နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇွန် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အစ္စရေး၏ တိုက်ခိုက်မှုသည် “အီရန်၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် ‘ကုလသမဂ္ဂပဋိညာဉ်စာတမ်း’ ၏ စည်းမျဉ်းစည်းကမ်း၊ အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း” ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် “ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု” ဖြစ်စေသည့် ဆိုးရွားစွာ အဆင့်မြှင့်တင်သည့် လုပ်ရပ်များကို အစ္စရေးအနေဖြင့် ချက်ချင်းရပ်တန့်ရန် ကြေညာချက်တွင် တောင်းဆိုခဲ့သည်။ ဘက်ပေါင်းစုံအနေဖြင့် တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးလမ်းကြောင်းမှတစ်ဆင့် ပဋိပက္ခနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းကြောင့် အီရန် နျူကလီးယားအရေး ဖြေရှင်းရန် ဘက်ပေါင်းစုံ၏ ကြိုးပမ်းမှုကို ဖျက်ဆီးပြီး ရပ်တန့်စေခဲ့ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ အစ္စရေးသည် တင်းမာမှုအရှိန်အဟုန်ကို တစ်ဆင့်တိုးမြှင့်ရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ဆိုးရွားလာစေရန် “ရည်ရွက်ချက်ရှိရှိ” လုပ်ဆောင်ခဲ့ရာ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ အခြေအနေအရှိန်မြင့်တက်လာမှု မရှိစေရန်၊ အရှေ့အလယ်ပိုင်းဒေသ ဘက်စုံစစ်ပွဲသို့ မဆင်းသက်ရအောင် ရှောင်ရှားကြရန်၊ ဘက်အသီးသီးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် ရုရှားအနေဖြင့် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တောင်အာဖရိကနိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည် စစ်ရေးဧရိယာ၊ နျူကလီးယား အဆောက်အဦနှင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများကို ရိုက်ခတ်မှုဖြစ်သည့် တစ်ချိန်တည်းတွင်ပင် အရပ်သားများအပါအဝင် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အထွေထွေညီလာခံ၏ တသမတ်တည်းရပ်တည်ချက်ကို တောင်အာဖရိကနိုင်ငံက ထပ်မံအလေးထားပြောကြားခဲ့ရာ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် နျူကလီးယားအဆောက်အဦများအပေါ် လက်နက်အင်အားဖြင့် တိုက်ခိုက်ခြင်းကို ဆန့်ကျင်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဘက်အသီးသီးအား အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ သံတမန်ရေးကြိုးပမ်းမှုများကို အားဖြည့်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုမှာ “မတရားသော ကျူးကျော်မှု” ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်မှာ နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှု ဖြစ်စေကြောင်း၊ တစ်ချိန်တည်းတွင် ကုလသမဂ္ဂအနေဖြင့် အရေးပေါ် အစီအမံများသုံး၍ ယင်းကဲ့သို့ တိုက်ခိုက်မှုများကို တားဆီးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အီရန်အပေါ် အစ္စရေး၏ “ပြောင်ပြောင်တင်းတင်း ကျူးကျော်မှု” သည် နိုင်ငံတကာ ဥပဒေနှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အခြေခံမူများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အပြည့်အဝ တာဝန်ယူကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြိုးပမ်းကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုမတိုင်မီ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ အိုမန်၊ အီရတ်၊ လက်ဘနွန်၊ တူရကီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ပါလက်စတိုင်းနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် စသည့် အရှေ့အလယ်ပိုင်း နိုင်ငံနှင့် အဖွဲ့အစည်းများကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ အီရန်အပေါ် အစ္စရေး စစ်ရေးလှုပ်ရှားမှုသည် အီရန်၏ အချုပ်အခြာအာဏာကို ထိပါးခြင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံကာစေ့စပ်ညှိနှိုင်းသည့် ကြိုးပမ်းမှုကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ (Xinhua)


———————-
(Chinese Version)
综合消息丨多国谴责以色列袭击伊朗 呼吁有关方保持克制
新华社纽约6月13日电 综合新华社驻外记者报道:针对以色列13日多次袭击伊朗境内核设施和军事目标,多国谴责此举违反《联合国宪章》和国际法,对中东地区及国际和平与安全构成威胁,同时敦促有关各方保持克制,通过对话和外交手段化解冲突和争端。
突尼斯外交部13日发表声明,强烈谴责以色列对伊朗袭击“公然侵犯伊朗主权和安全”,威胁地区和世界和平与稳定。声明呼吁国际社会特别是联合国安理会采取紧急果断行动,制止此类袭击并追究责任。
巴林外交部当天发表声明谴责以色列袭击伊朗,警告该行为对地区安全与稳定可能带来严重后果,并呼吁各方保持冷静克制,缓和紧张局势。声明重申巴林主张通过对话和外交手段解决危机的一贯立场。
利比亚民族统一政府外交与国际合作部13日发表声明,谴责以色列的袭击“公然侵犯伊朗主权,背离国际法和《联合国宪章》的规则和原则”,并要求以色列立即停止“对地区和国际和平与安全构成威胁”的严重升级行为。声明敦促各方通过对话和外交渠道和平解决冲突和争端。
俄罗斯外交部13日发表声明,谴责以色列的军事行动违反《联合国宪章》和国际法,导致解决伊朗核问题的多边努力被破坏和搁置。声明说,以色列“故意”进一步升级紧张局势并加剧对峙,威胁地区稳定与安全。俄方呼吁各方保持克制,以防止局势进一步升级,避免中东地区走向全面战争。
南非国际关系与合作部当天发表声明说,以色列对伊朗的袭击波及军事区域、核设施及民用基础设施,同时造成包括平民在内的人员伤亡,令人深感不安。南非重申国际原子能机构大会的一贯立场,反对违反《联合国宪章》和国际法的武力袭击和平核设施行为,同时呼吁各方保持最大克制,加强外交努力。
苏丹外交部13日发表声明,谴责以色列对伊朗发动“不公正侵略”,称此举严重威胁国际安全与和平,同时呼吁联合国采取紧急措施制止此类袭击。
阿尔及利亚外交部当天发表声明,谴责以色列对伊朗的“公然侵略”违反国际法和《联合国宪章》原则,并呼吁国际社会尤其是联合国安理会充分承担起责任,努力维护国际和平与安全。
此前,埃及、沙特阿拉伯、卡塔尔、阿曼、伊拉克、黎巴嫩、土耳其、阿拉伯联合酋长国、巴勒斯坦和阿拉伯国家联盟等中东多方发表声明,强烈谴责以色列对伊朗发动的军事行动侵犯伊朗主权、违反国际法、威胁地区安全稳定和破坏国际调解努力。(完)
1. 这是6月13日在伊朗首都德黑兰拍摄的在以军袭击中受损的建筑。新华社发